Home သတင်း မိုင်ဂျာယန် စုံညီအစည်းအ‌ဝေးတွင် ပင်လုံလက်စွဲစာတမ်းနှင့်ပတ်သက်ပြီး ‌ဆွေး‌နွေး

မိုင်ဂျာယန် စုံညီအစည်းအ‌ဝေးတွင် ပင်လုံလက်စွဲစာတမ်းနှင့်ပတ်သက်ပြီး ‌ဆွေး‌နွေး

2447

ဇူလိုင် ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင်လ ၂၆ ရက်‌နေ့မှ ၂၉ ရက်‌နေ့အထိကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအ‌ဝေး ပထမ‌နေ့တွင် ပင်လုံလက်စွဲ စာတမ်းနှင့်ပတ်သက်ပြီး ‌ဆွေး‌နွေးခဲ့ကြသည်။

ဇူလိုင် ၂၆ရက်‌နေ့၌ စတင်ခဲ့သည့် အစည်းအ‌ဝေး ပထမ‌နေ့တွင် တက်‌ရောက်သည့် ‌ခေါင်း‌ဆောင်များအ‌နေဖြင့် ပင်လုံလက်စွဲ စာတမ်းနှင့်ပတ်သက်ပြီး တင်ပြခြင်း၊ အပြန်အလှန်‌ဆွေး‌နွေးခြင်း ဖြည့်စွက်ချက်များနှင့် အကြံပြုခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးမှုများအ‌ပေါ် ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ခူးဦးရယ်က “၄၇ ခုနှစ်တုန်းက ရှိခဲ့တဲ့ ပင်လုံကတိကဝတ် ‌တွေ၊ စာချုပ်‌တွေ၊ စိတ်ဓာတ်‌တွေကို ‌ဆွေး‌နွေးခဲ့ကြတယ်။ အဲဒါကို ယ‌နေ့ ၂၁ ရာစု‌ခေတ်ကာလမှာ ဘယ်လို ဆက်စပ်ပြီး ပြန်လုပ်လို့ရမယ်၊ မရဘူးဆိုတဲ့ ပဋိပက္ခ‌လေး ညှိနှိုင်း‌ဆွေး‌နွေးတာဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ ‌ဆွေး‌နွေးခဲ့သည့် ပင်လုံလက်စွဲစာတမ်းကို တက်‌ရောက်လာသည့် ကိုယ်စားလှယ်များအကြား သ‌ဘောထားကွဲလွဲမှုများရှိသည့်အတွက် ယင်းပင်လုံလက်စွဲစာတမ်းအ‌ပေါ် ပြုစု‌ရေးအဖွဲ့ ဖွဲ့စည်းကာ ‌သေချာစိစစ်ပြီး စနစ်တကျဖြစ်‌အောင် ပြန်လည်ပြင်ဆင်မည့် သ‌ဘောထားများ ချမှတ်ခဲ့‌ကြောင်း သိရသည်။

မိုင်ဂျာယန် စုံညီအစည်းအ‌ဝေးကို ဖိတ်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများ၊ ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများမဟာမိတ်မှ ကို်ယ်စားလှယ်များ၊ တိုင်းရင်းသားညီ‌နောင်ဖက်ဒ‌ရေးရှင်းမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြသည်။

၎င်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambiar နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှ‌ရေးရာ အထူးကိုယ်စားလှယ် Sun Guoxing အပါအဝင် စုံညီအစည်းအ‌ဝေးသို့ စုစု‌ပေါင်း ကိုယ်စားလှယ် ၂၁၆ ဦးတက်‌ရောက်ခဲ့ကြသည်။

ကျန်ရှိ‌နေသည့် စုံညီအစည်းအ‌ဝေး ရက်များကို ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ခြင်း ဆိုင်ရာဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေများအတွက် အ‌ခြေခံမူများ၊ လုံခြုံ‌ရေးနှင့် ကာကွယ်‌ရေးဆိုင်ရာ အ‌ခြေခံမူများ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ဆိုင်ရာ မူ‌ဘောင်ပြန်လည်သုံးသပ်‌ရေးကိုတို့ကို ဆက်လက်‌ဆွေး‌နွေးသွားကြမည်ဖြစ်‌ကြောင်း သိရသည်။