Home သတင်း ကျားမ‌ရေးရာ ကိုတာစနစ် စာအုပ်မိတ်ဆက်ပွဲနှင့် ‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

ကျားမ‌ရေးရာ ကိုတာစနစ် စာအုပ်မိတ်ဆက်ပွဲနှင့် ‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

2633

ဇူလိုင် ၂၇ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

အမျိုးသမီးများ နိုင်ငံ‌ရေးတွင် ပိုမိုပါဝင်လာနိုင်ရန်နှင့် ကျားမ‌ရေးရာ တန်းတူညီမျှ‌ရေးကို မြှင့်တင်နိုင်ရန်အတွက် ‌မေ့စွမ်း‌ရေ(WCDI-Myanmar)နှင့် ကရင်ပြည်နယ်ရှိ Youth Leading Center တို့ပူး‌ပေါင်းကာ ကျားမ‌ရေးရာ ကိုတာစနစ် (Gender Quota System)စာအုပ် မိတ်ဆက်ပွဲနှင့် ‌ဆွေး‌နွေးပွဲကို ဇူလိုင် ၂၂ ရက်‌နေ့တွင် ဖားအံမြို့ ဇွဲကပင်ဟိုတယ်၌် ပြုလုပ်ခဲ့သည်။

‌ဆွေး‌နွေးပွဲ ဦး‌ဆောင်စီစဉ်သူ Youth Leading Center မှ ညှိနှိုင်း‌ရေးမှူး နန်းမြင့်‌အောင်က “ရည်ရွယ်တာက ကရင်ပြည်အတွင်းမှာရှိတဲ့ အမျိုးသမီး‌တွေ စွမ်း‌ဆောင်ရည် ပိုမြှင့်လာပြီး‌တော့ အရည်အချင်း ပိုတိုးတက်လာဖို့၊ ‌နောက်ပြီး နိုင်ငံ‌ရေး၊ လူမျိုး‌ရေး၊ အခုပြုလုပ်‌နေတဲ့ ငြိမ်း‌ရေးလုပ်ငန်း‌တွေမှာလည်း အမျိုးသမီး‌တွေ ပိုမိုပါဝင်ခွင့် ရပြီး‌တော့ အမျိုးသမီးအခွင့် အ‌ရေး‌တွေ ပိုမိုရလာဖို့ ကျမတို့ ပူး‌ပေါင်းလုပ်‌နေတာပါ”ဟု နန်းမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်ရက်တာ ပြုလုပ်သည့် ၎င်းအခမ်းအနားတွင် ‌ဒေါက်တာ ‌မေရှီးရှိုး(Karen Development Network)၊ ဦးဘီလီ ကံမြတ် (Thingaha Gender Organization)၊ ‌ဒေါ်ခင်မမမျိုး (Myanmar Institute of Gender Studies)၊ ‌ဒေါ်ခင်လှဝင်း(‌ရောင်ခြည်သစ်)၊ ‌ဒေါ်ယဉ်ယဉ်ဝင်း(ငြိ်မ်း‌ဖောင်‌ဒေးရှင်း)တို့က ကိုတာစနစ် အားနည်း ချက်၊ အားသာချက်များဖြစ်သည့် ကိုတာစနစ်ဖြင့် ‌ရွေးချယ်ခံရ‌သော အမျိုးသမီးများသည် လူအများယုံကြည် လက်ခံ နိုင်မှု အားနည်းခြင်း၊ အမျိုးသမီးများအ‌ပေါ် ရာစုနှစ်များစွာ ခွဲခြားဆက်ဆံမှုအတွက် ‌ဖြေရှင်းနည်း တစ်ခုဖြစ်ခြင်း စသည်တို့ကို ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ EGG education Gathering Group မှ လူမှု‌ရေးသိပ္ပံ သင်ကြား‌နေသူ နန်းခင်ထက်ထက်‌ဝေက “အရင်အချိန်‌တွေကဆို အမျိုးသမီး‌တွေက အလိုလို‌နေရင်း အိမ်ထဲမှာ‌နေရမယ်။ ဒီပွဲမှာ ‌ယောကျင်္ား‌လေး‌တွေလည်း ပါဝင်‌တော့ သူတို့လည်း မိန်းက‌လေး အခွင့်အ‌ရေးကို လက်ခံထားတယ်။ ကျမတို့ မိန်းက‌လေး‌တွေလည်း အခွင့်အ‌ရေးရှိတယ်။ ဒီလိုပွဲမျိုး‌တွေ လုပ်တာ ‌ကောင်းတယ်လို့ ကျမအ‌နေနဲ့ မြင်တယ်”ဟု ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲအခမ်းအနားသို့ ကရင်ပြည်နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်း ပြည်နယ်အ‌ခြေစိုက် လူမှု‌ရေးအဖွဲ့အစည်းများ၊ ဦး‌ဆောင်‌ဆွေး‌နွေးသူများ၊ အမျိုးသမီးများနှင့် လူငယ်များ အပါအဝင် စုစု‌ပေါင်း လူ ၁၀ဝ ခန့် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။