Home သတင်း ‌ကော့ကရိတ် ‌လောင်းကိုင်‌ကျေးရွာအဝင် တံတား ၃စင်းကို အမြန်ပြန်‌ဆောက်‌ပေးရန် ‌ဒေသခံများလိုလား

‌ကော့ကရိတ် ‌လောင်းကိုင်‌ကျေးရွာအဝင် တံတား ၃စင်းကို အမြန်ပြန်‌ဆောက်‌ပေးရန် ‌ဒေသခံများလိုလား

2098
ဇွန် ၁၄ ရက်၊၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌လောင်းကိုင်‌ကျေးရွာနှင့် ‌တောင်ကြာအင်း‌ကျေးရွာတို့ကို ဆက်သွယ် ထားသည့် တံတားငယ် ၃ စင်းကို မြို့နယ်‌ဆောက်လုပ်‌ရေး ဦးစီးဌာနမှ ယခုနှစ် မတ်လ၌ သွား‌ရောက်ပြိုဖျက်ခဲ့ ပြီး‌နောက် အသစ်ပြန်တည်‌ဆောက်‌ပေး‌သော်လည်း ယခုထိ မပြီး‌သေးသည့်အတွက် အမြန်တည်‌ဆောက်‌ပေး လိုသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ယင်းကိစ္စအ‌ပေါ် ‌ဒေသခံတဦးဖြစ်သူ မန်း‌ဒေါင်ပိုင်က “‌ဆောက်လုပ်‌ရေးဌာနက မိုးတွင်း‌ရောက်ခါနီးမှ တံတား ‌တွေ ဘာ‌ကြောင့်လာဖျက်လဲ မသိဘူး။ ဒီအချိန်က ‌ဒေသခံ‌တွေရဲ့ ခြံထွက်သီးနှံ‌တွေ ကူးသန်း‌ရောင်းဝယ် ‌ကောင်းတဲ့ အချိန်ဖြစ်တယ်။ တံတားဖျက်တာလည်း တစ်စင်းပြီးမှ တစ်စင်းလုပ်တာ မဟုတ်ဘူး။ တစ်ပြိုင်တည်း သုံးစင်းလုံး ဖျက်‌တော့ ‌ဒေသခံ‌တွေ ဒုက္ခ‌ရောက်တာ‌ပေါ့။ အဓိက‌တော့ ‌ကျောင်းသွားတဲ့က‌လေး‌တွေနဲ့ ကူးသန်း ‌ရောင်းဝယ်လုပ်တဲ့ ‌ဒေသခံ‌တွေခရီးသည်‌တွေ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တံတားများ ရှိစဉ်က ‌ကျေးရွာနှစ်ခုကို ကားဖြင့် ၂ မိနစ်အတွင်း သွားလာနိုင်ခဲ့‌သော်လည်း လက်ရှိ အချိန်တွင် အနည်းဆုံး နာရီဝက်ကြာ အချိန်ယူသွားရပြီး ကုန်ပစ္စည်များ သယ်‌ဆောင်ပါက ၁ နာရီ အချိန်ကြာ သွားလာရသလို အချို့ရက်များတွင် ညအိပ်‌စောင့်ပြီးမှ ဖြတ်၍ရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

တံတားများကို တစ်လအတွင်း အပြီးတည်‌ဆောက်နိုင်‌သော်လည်း သုံးလကြာအထိ မပြီးခြင်းမှာ ‌ဆောက်လုပ် ‌ရေးပစ္စည်း မစုံလင်သည့်အတွက် ဖြစ်သည်ဟု တံတား တည်‌ဆောက်‌ရေး အလုပ်သမားများက ‌ပြောဆိုထား ‌ကြောင်းနှင့် ‌ဒေသခံများအ‌နေဖြင့် အမြန်ပြန်‌ဆောက်‌ပေးရန် ဇွန် ၈ ရက်‌နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာ‌ရေးသား ‌တောင်းဆိုထား‌ကြောင်း ‌လောင်းကိုင်‌ကျေးရွာဘုန်း‌တော်ကြီး‌ကျောင်း၊ ‌ကျောင်းထိုင်ဆရာ‌တော် ဦးအိ‌န္ဒောဘာသက မိန့်ကြားသည်။

“‌ဒေသခံ‌တွေ သွားလာတာ အရမ်းခက်ခဲ‌နေတာ‌တွေ့လို့ ဦးဇင်းက မြို့နယ်အဆင့်‌ပြောရင် မထိ‌ရောက်မှာစိုးလို့ ဝန်ကြီးချုပ်ထံ စာတင်ပြီးသွား‌ပြောပြတယ်။ ဝန်ကြီးချုပ်က‌တော့ အစည်း‌ဝေးလုပ်ပြီးရင် မြန်မြန်‌ဆောက်လုပ်‌ပေး ဖို့ ‌ပြောလိုက်ပါ့မယ် ဆိုပြီးအဲလို‌တော့ ‌ပြောထား”ဟု ဆရာ‌တော်က ‌ကေအိုင်စီသို့ မိန့်ကြားသည်။

လက်ရှိ ယင်း‌ဒေသ၌ ဥယျာဉ်ခြံထွက်သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ နာနတ်သီး၊ မင်းဂွတ်သီး စသည့်သီးနှံများ ထွက်ရှိချိန် ဖြစ်သလို ‌ဒေသခံများကူးသန်း‌ရောင်းဝယ်‌ရေး ‌ကောင်းမွန်ချိန်တွင် တံတားမပြီး‌သေးသည့်အတွက် ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်နှင့် ဝင်းက စသည့်‌ကျေးရွာတို့မှ ဥယျာဉ်ခြံထွက်သီးနှံများ ‌ရောင်းဝယ်ရာတွင် သွားလာ‌ရေး အခက်အခဲရှိ‌နေခြင်းဖြစ်သည်ဟု ‌ဒေသခံများက‌ပြောသည်။