Home သတင်း ‌ဘောကထာ့စီမံကိန်း အကြိုစမ်းသပ်ကာလ ဗဟို‌ကော်မတီဖွဲ့စည်းမှု အရပ်ဖက်အဖွဲ့ လက်မခံ၍ မဖြစ်‌မြောက်ခဲ့

‌ဘောကထာ့စီမံကိန်း အကြိုစမ်းသပ်ကာလ ဗဟို‌ကော်မတီဖွဲ့စည်းမှု အရပ်ဖက်အဖွဲ့ လက်မခံ၍ မဖြစ်‌မြောက်ခဲ့

1402
ဇွန် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း အကြိုစမ်းသပ်ကာလအတွင်း အ‌ထောက်အကူပြုနိုင်‌ရေးအတွက် သူး‌လေကုမ္ပဏီမှ ဗဟို‌ကော်မတီ(Main Committee) ဖွဲ့စည်းရန် စီစဉ်မှုကို တာဝန်မယူနိုင်‌ကြောင်း စီမံကိန်း‌ဒေသခံ ကိုယ်စားပြုအရပ်ဖက်အ ဖွဲ့များက ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်ရှိ သူး‌လေကုမ္ပဏီရုံးတွင် ဇွန်လ ၁၃ရက်‌နေ့က ပြုလုပ်သည့် အစည်းအ‌ဝေး၌ ‌ပြောဆိုခဲ့သည်။

“သူတို့က ဗဟို‌ကော်မတီ (Main Committee)မှာ KNU က တစ်‌ယောက်၊ သူး‌လေက တစ်‌ယောက်၊ ကျမတို့ CBO/ CSO ဘက်က တစ်‌ယောက်နဲ့ ‌ဒေသခံဘက်က တစ်‌ယောက်ပါမယ်‌ပေါ့။ အဲလိုကျ‌တော့ ကျမတို့ တာဝန်မယူနိုင်ဘူး‌လေ။ ဘာဖြစ် လဲဆို‌တော့ ‌ဒေသခံရဲ့ သ‌ဘောထားအားလုံးကို မလွှမ်းခြုံနိုင်ဘူး။ ကိုယ်‌ပြောလို့ မရတဲ့အပိုင်း‌တွေ အများကြီးရှိတယ်”ဟု ‌ကျောက်ကြီး‌ဒေသဖွံ့ဖြိုး‌ရေး ‌စောင့်ကြည့်‌လေ့လာ‌ရေးအဖွဲ့ (KDW) ၏ တာဝန်ခံ ‌နော်တဘီးသာက ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းဗဟို‌ကော်မတီသည် သူး‌လေကုမ္ပဏီ၏ အတိုင်ပင်ခံအဖွဲ့ပုံစံအဖြစ် စီမံကိန်း အစီအစဉ်များကို စီမံလုပ်‌ဆောင်ရာ၌ တိုင် ပင်‌ဆွေး‌နွေးညှိနှိုင်းရန် ရည်ရွယ်ဖွဲ့စည်းလိုခြင်းဖြစ်‌သော်လည်း အရပ်ဖက်အဖွဲ့များက မတ်လအတွင်း ဖွဲ့စည်းထားခဲ့သည့် လူထုကိုယ်စားညှိနှိုင်း‌ရေး ‌ကော်မတီအဖွဲ့ကိုသာ ပိုမိုခိုင်မာ‌အောင် ပြုလုပ်ပြီး ဆက်လက်ထားရှိရန်သာ သ‌ဘောတူခဲ့ကြ ‌ကြောင်း သူမက ဆက်‌ပြောသည်။

သူး‌လေကုမ္ပဏီရုံး၌ ပြုလုပ်သည့် ၎င်းအစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ စီးပွား‌ရေး‌ကော်မတီမှ တာဝန်ရှိသူများ၊ သူး‌လေကုမ္ပဏီ မှ တာဝန်ရှိသူများနှင့် ‌ကျောက်ကြီး‌ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၁၃ဦး ပါဝင်‌ဆွေး‌နွေး ခဲ့ကြပြီး အစည်းအ‌ဝေးအပြီးတွင် ဗဟို‌ကော်မတီဖွဲ့စည်းမှုကို ရုတ်သိမ်းခဲ့ကြသည်။

သူး‌လေကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ‌နော်ဆည်းဆာ‌ဖောက “ကျမတို့က ‌ဒေသခံပြည်သူလူထုရဲ့ အသံကိုပဲ နား‌ထောင်ပြီး ‌တော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ သွားတာ‌လေ။ အဲလိုသွားတဲ့‌နေရာမှာ နဂိုကတည်းက ‌ဒေသခံ‌တွေ‌အောက်‌ခြေမှာ ဖွဲ့စည်းထားတဲ့‌ကော်မတီက ရှိပြီးသား။ ‌နောက် ကျမတို့က ‌နောက်ထပ် ‌ကော်မတီတစ်ခုကို ထပ်ဖွဲ့စည်းမယ်ဆိုတဲ့‌နေရာမှာ တစ်ခုက‌နေ ‌နောက်တစ်ခုက ထပ်ရှုတ်လာမှာစိုးလို့ အားလုံးရဲ့သ‌ဘောတူမှုနဲ့ပဲ အရင်ရှိပြီးသား ‌ကော်မတီကိုပဲ ဆက်သွား မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြိုစမ်းသပ်ကာလအတွင်း လူထုထိခိုက်နစ်နာမှု မရှိ‌စေရန် စီမံကိန်းအ ‌ကောင်အထည်‌ဖော်မည့်သူများနှင့် ‌ဒေသခံတို့အကြား ဝင်‌ရောက်ညှိနှိုင်း‌ပေးရန် လူထုကိုယ်စား ညှိနှိုင်း‌ရေး‌ကော်မတီတစ် ရပ်ကို မတ်လ ၁၄ရက်‌နေ့က ‌ဒေသခံများနှင့် လူမှုအဖွဲ့အစည်း ၁၇ဖွဲ့ပါဝင်ကာ ‌ကျောက်ကြီးမြို့နယ် အစည်းအ‌ဝေးခန်းမ၌ ဖွဲ့ စည်းခဲ့ပြီးဖြစ်သည်။

‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်းကို အကြိုစမ်းသပ်လုပ်‌ဆောင်ရန် သူး‌လေကုမ္ပဏီလီမီတက် ဥက္ကဌလည်းဖြစ်၊ ‌ကေ အဲန်ယူ၏ ဗဟိုစီးပွား‌ရေး‌ကော်မတီ ဥက္ကဌလည်းဖြစ်သူ ပဒို‌စောတာဒိုမူးနှင့် လျှပ်စစ်စွမ်းအား စီမံကိန်းဦးစီးဌာန ညွန်ကြား ‌ရေးမှူးချုပ် ဦး‌အေးဆန်းတို့က ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့၌ ‌နေပြည်‌တော်တွင် စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန် လွှာ(MOU) လက်မှတ်‌ရေးထိုးခဲ့ကြသည်။