Home သတင်း ကရင်လူငယ်များ သမိုင်း‌လေ့လာရန်လိုအပ်‌ကြောင်း ‌ကေအဲန်ယူမြို့နယ်အဆင့်‌ခေါင်း‌ဆောင် ‌ပြောဆို

ကရင်လူငယ်များ သမိုင်း‌လေ့လာရန်လိုအပ်‌ကြောင်း ‌ကေအဲန်ယူမြို့နယ်အဆင့်‌ခေါင်း‌ဆောင် ‌ပြောဆို

1852
ဇွန် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ကရင်လူငယ်များအ‌နေဖြင့် ကရင့်အမျိုးသား‌တော်လှန်‌ရေးသမိုင်းနှင့် နုိုင်ငံ‌ရေးလှုပ်ရှားမှု သမိုင်း‌ကြောင်းများကို ပြန်‌လေ့လာရန် လိုအပ်‌နေ‌သေး‌ကြောင်း ဇွန်လ ၉ရက်မှ ၁၁ရက်‌နေ့အထိ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပိတခါ့‌ကျေးရွာတွင် ပြုလုပ်သည့် ‌ကျောင်း သားလူငယ်များ ‌ဆွေး‌နွေးဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ပိုင်ကျုံမြို့နယ်အတွင်း‌ရေးမှူး ပဒို‌စောဆာ့ ပလဲဒီဝမ်းက ‌ပြောဆိုလိုက်သည်။

၎င်းက “လူငယ်‌တွေဟာ မိမိအမျိုးသားကို ချစ်တယ်။ အရည်အချင်းရှိပြီး အမျိုးသားအတွက် အလုပ်လုပ်‌ပေးမယ့် လူငယ်‌တွေ အများကြီးရှိပါတယ်။ လုပ်ဖို့ ဆန္ဒရှိ‌ပေမယ့်လည်း ကရင်အမျိုးသား‌တော်လှန်‌ရေးရဲ့ နိုင်ငံ‌ရေးသမိုင်း‌ကြောင်းကို ပြန်ပြီး ‌လေ့လာ ဖို့အတွက်က အရမ်းအားနည်းတယ်။ မျိုးဆက်သစ်‌တွေ နိုင်ငံ‌ရေးအသိ တိုးပွားဖို့ ‌ကေအဲန်ယူတာဝန်ရှိသူ‌တွေ အပြည့်အဝ သင် ကြား‌ပေးမှပဲ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသား‌ရေးလုပ်‌နေကြတဲ့ လူငယ်‌တွေကို ‌တွေ့မြင်ရမှာပါ”ဟု ‌ပြောသည်။

နယ်စပ်ရှိ The Border Consortium၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(KESAN)တို့၏ ပံ့ပိုးမှု ဖြင့် ကရင်‌ကျောင်းသားကွန်ယက်(KSNG)က ဦး‌ဆောင်ပြီး သုံးရက်ကြာ ပြုလုပ်ခဲ့‌သော ယင်း‌ဆွေး‌နွေးဖလှယ်ပွဲတွင် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ကရင့်ပညာ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာများကို ‌ဆွေး‌နွေးဖလှယ်ခဲ့ကြပြီး ထိုအ ‌ကြောင်းအရာများ‌ပေါ် အ‌ခြေခံ၍ စကားရည်လုပွဲ၊ ကျဘမ်းစကား‌ပြောပြိုင်ပွဲနှင့် ရိုးရာယဉ်‌ကျေးမှုဖလှယ်ပွဲများကိုလည်း ပူးတွဲပြု လုပ်ခဲ့သည်။

KSNG ဥက္ကဋ္ဌ ‌စောထူးထူးစတီးက “ကရင်လူငယ်‌တွေ နိုင်ငံ‌ရေးပိုင်းကို စိတ်ပါဝင်စားမှု အားနည်းရတဲ့အ‌ကြောင်းက အရင် စစ်အ စိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှု‌ကြောင့်လည်း ပါပါတယ်။ လူငယ်‌တွေ နိုင်ငံ‌ရေးမှာ စိတ်ပါဝင်စားမှု အား‌ကောင်းလာဖို့က ‌ကေအဲန်ယူ တာဝန်ရှိသူ‌တွေအ‌နေနဲ့ လက်ရှိ နုိုင်ငံ‌ရေးဖြစ်စဉ်အမှန်ကို ‌အောက်‌ခြေလူထုအထိ ချပြဖို့‌တော့ လိုတယ်။ ဒါ‌ကြောင့် အခု ကျ‌နော် တို့ ‌ဆွေး‌နွေးဖလှယ်ပွဲကျင်းပတယ်ဆိုတာက လူငယ်‌တွေ နိုင်ငံ‌ရေးမှာ ပိုမို ပါဝင်လာဖို့တင်မကဘဲ မိမိရဲ့ရိုးရာယဉ်‌ကျေးမှု‌တွေကို ထိန်းသိမ်းဖို့အတွက်လည်း ပါတယ်”ဟု ‌ပြောဆိုသည်။

‌ဆွေး‌နွေးဖလှယ်ပွဲ ပါဝင်ခဲ့သူ ပိတခါ့ရွာသူ ‌နော်အယ်ထူးက “နိုင်ငံ‌ရေးကို ကျမ စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆို‌တော့ နိုင်ငံ တစ်နိုင်ငံရဲ့ တိုးတက်ဖို့အတွက်က ကျမတို့လူငယ်‌တွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကျမတို့ လူငယ်‌တွေအ‌နေနဲ့ စည်းစည်းလုံး လုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းလုပ်‌ဆောင်မယ်ဆိုရင်‌တော့ ကျမတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KSNG အ‌နေဖြင့် ကရင်လူငယ်‌ဆွေး‌နွေးဖလှယ်ပွဲကို ယခင်က နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစ၍ ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ ၂၀၁၅ခုနှစ်တွင် ‌ညောင်‌လေးပင်ခရိုင်နှင့် ယခုနှစ် ဖားအံခရိုင်တို့တွင် ယင်းကရင်လူ ငယ်‌ဆွေး‌နွေးဖလှယ်ပွဲကို တတိယအကြိမ်‌မြောက် ပြုလုပ်ခဲ့ပြီး လာမည့်နှစ်တွင် ဖာပွန်ခရိုင်၌ ဆက်လက်ကျင်းပမည်ဟု သိရ သည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲသို့ ပိုင်ကျုံမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၁၀‌ကျော်မှ ကရင်‌ကျောင်းသားလူငယ်များ၊ ကရင်လူငယ်အစည်းအ ရုံး(KYO)၊ ကရင်ပညာ‌ရေးဋ္ဌာန(KED)၊ (KESAN)နှင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ KSNG အဖွဲ့ဝင်များ အပါအဝင် စုစု‌ပေါင်း ၈၀‌ကျော် ပူး‌ပေါင်းခဲ့ကြသည်။

KSNG ကို ၁၉၉၆ခုနှစ်က နယ်စပ်‌ဒေသ၊ ပြည်တွင်းပြည်ပရှိ ကရင်‌ကျောင်းသားလူငယ်များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်၍ အ ‌တွေ့အကြုံ၊ ဗဟုသုတများ ‌ဝေငှနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ကရင်‌ကျောင်းသားလူငယ်များ၏ ပညာ‌ရေး၊ လူထုအ‌ခြေပြု‌ရေဒီယိုအစီအစဉ်၊ ပညာ‌ပေးပြဇာတ်နှင့် ကရင်ဘာသာဖြင့် “‌ကျောင်းသားလူငယ်အ‌ကြောင်း”စာ‌စောင် ကို သုံးလတစ်ကြိမ် ထုတ်‌ဝေလျှက်ရှိသည်။