Home သတင်း လူထုများနှင့် ပူး‌ပေါင်း၍ ‌ကေအဲန်ယူ ခရိုင် ၇ခုအတွင်း ဇူလိုင် ၁ရက်‌နေ့တွင် သစ်ပင်စိုက်မည်

လူထုများနှင့် ပူး‌ပေါင်း၍ ‌ကေအဲန်ယူ ခရိုင် ၇ခုအတွင်း ဇူလိုင် ၁ရက်‌နေ့တွင် သစ်ပင်စိုက်မည်

2346
‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန တာဝန်ခံ မန်းဘထွန်း
ဇွန် ၂၃ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

သစ်‌တောပြုန်းတီးမှုကို ကာကွယ်‌သောအားဖြင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအန်ယူ) ထိန်းချုပ်သည့် နယ်‌မြေ ခရိုင် ၇ခုအတွင်း လာမည့် ဇူလိုင် ၁ရက်‌နေ့တွင် သစ်‌တောတာဝန်ခံများဦးစီးပြီး ‌ဒေသခံလူထုများနှင့်အတူ ပူး‌ပေါင်း၍ သစ်ပင်များပြန်လည်စိုက်ပျိုးမည်ဖြစ်သည်ဟု သိရသည်။

သစ်ပင်စိုက်ပျိုးသည့် အစီအစဉ်ကို ဇွန် ၅ ရက်‌နေ့က ခရိုင်တိုင်း ‌ဒေသအလိုက် သစ်ပင် သုံးပင်စီ စိုက်ပျိုးသွားမည်ဟု ယခင် အစီအစဉ်ရှိခဲ့‌သော်လည်း ရာသီဥတုပူပြင်းမှုများ ရှိ‌နေသည့်အတွက် မိုးများလာသည့်အချိန်နှင့် ချိန်ဆကာ ဇူလိုင် ၁ ရက်‌နေ့သို့ ပြန်လည်သတ်မှတ်ခဲ့ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန တာဝန်ခံ မန်းဘထွန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီနှစ်က ‌တော်‌တော်ပူတဲ့အတွက် နဂို ကျ‌နော်တို့ သတ်မှတ်တဲ့ စိုက်ပျိုးခြင်းအစီအစဉ်ကို အချိန်‌ရွှေ့လိုက်ရ တယ်။ သစ်ပင်စိုက်မယ့် အစီအစဉ်က‌တော့ ကျ‌နော်တို့ သစ်‌တောဌာနအဖွဲ့နဲ့ လူထုတို့ပူး‌ပေါင်း လုပ်‌ဆောင် ချင်တာရယ်၊ ပူး‌ပေါင်းမှု‌တွေ နည်း‌သေးလို့ အခုလို လုပ်တာလည်း ပါတာ‌ပေါ့။ သစ်ပင်‌တွေ ပြန်အစားထိုးစိုက် ‌ပေးဖို့မှာ အခုမှ ပထမဦးဆုံးအကြိမ်ဆို‌တော့ တတ်နိုင်သ‌လောက် လုပ်သွားမယ်‌ပေါ့”ဟု သူက ‌ပြောဆိုသည်။

ထိုသို့ သစ်ပင်စိုက်ပျိုးသွား‌ရေးအတွက် ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှ ကျွန်းနှင့် ပျဉ်းကတိုး မျိုး‌စေ့များကို ခရိုင်တိုင်းတွင် ‌ထောက်ပံ့‌ပေးထားပြီး ကျန်‌သော ပျိုးပင်အမျိုးအစားများကို မိမိဖာသာဖြင့် အခြားမည်သည့် သစ်ပင်မျိုးမဆို စိုက်ပျိုးနိုင်သည်ဟု ‌ကေအဲန်ယူ သစ်‌တောဌာနက ဆိုသည်။

‌ကေအဲန်ယူ ခရိုင် ၇ခု နယ်‌မြေအတွင်းရှိ ကြိုးဝိုင်းသစ်‌တောအများစုသည် လက်ရှိအချိန်တွင် သစ်ပင်များ နည်းလာ‌နေ သလို အချို့‌နေရာများမှာ ‌ရော်ဘာအစားထိုး ပြန်လည်စိုက်ပျိုးလာ‌သော‌ကြောင့် သစ်‌တောများပြုန်းတီးရခြင်း အ‌ကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်ဟု ‌ကေအဲန်ယူ သစ်‌တောဌာနက ‌ပြောသည်။

ခရိုင်အတွင်း သစ်ပင်စိုက်သွားမည့်အ‌ပေါ် ‌ကေအဲန်ယူ သထုံခရိုင်မှ သစ်‌တောတာဝန်ခံ ‌နော်နှင်းဆယ်‌ဖောက “လာမယ့် ဇူလိုင်လမှာ သစ်ပင်‌တွေ ပြန်လည်စိုက်ပျိုးရင် ဘုံသစ်‌တောထဲမှာ အရင်ဦးစား‌ပေးစိုက်ဖို့ ရှိသလို လမ်း‌ဘေးနားနဲ့ အခြား လိုအပ်တဲ့‌နေရာ‌တွေမှာ သစ်ပင်များစိုက်ပျိုး‌ပေးကြဖို့ လူထု‌တွေကို တိုက်တွန်းသွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ သထုံခရိုင်အတွင်း စီးပွား‌ရေးလုပ်ငန်း ကုမ္ပဏီများလာ‌ရောက်ပြီး ကြိုးဝိုင်းသစ်‌တောများတွင် ‌ရော်ဘာ အစားထိုးစိုက်ကြသည့်အတွက် ဘုံသစ်‌တောများ ‌ပျောက်ကုန်ကာ အချို့‌ကျေးရွာများသည်လည်း ကြိုးဝိုင်း အတွင်းတွင် ရှိသဖြင့် သစ်များကို အိမ်သုံးအပြင် စီပွားဖြစ်လုပ်ကိုင်‌နေခြင်းမှာ သစ်‌တောပြုန်းတီးရခြင်း၏ အ‌ကြောင်းအရင်းတစ်ခု ဖြစ်သည်ဟု သူမက ‌ထောက်ပြသည်။

‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနသည် သထုံခရိုင်၊ ဖားအံမြို့နယ် လာခဲ့‌ခေါ်(အလယ်)‌ကျေးရွာ ဘုန်းကြီး ‌ကျောင်း၌ ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၅ရက်မှ ၁၈ရက်‌နေ့အထိ ကျင်းပသည့် နှစ်ကုန်အစည်းအ‌ဝေးတွင် အစည်းအ‌ဝေးတက်‌ရောက်သူ ကိုယ်စားလှယ်များက ‌ဒေသခံများနှင့် ပူး‌ပေါင်းပြီး ခရိုင် ၇ခုအတွင်းရှိ ‌နေအိမ်တစ်အိမ်လျှင် သစ်ပင် သုံးပင်စီ စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်‌ကြောင့် သစ်ပင်စိုက်ခြင်း အစီအစဉ်ကို အ‌ကောင်အထည်‌ဖော်လာသည်မှာ ယခုအချိန်ထိ ဖြစ်သည်။