Home သတင်း နိုင်ငံ‌တော် အတိုင်ပင်ခံ၏ ဒုက္ခသည်ခရီးစဉ် ဖျက်သိမ်းလိုက်သဖြင့် အခွင့်အ‌ရေးတစ်ရပ် ဆုံးရှုံးသွား‌ကြောင်း စခန်းတာဝန်ရှိသူ‌ပြော

နိုင်ငံ‌တော် အတိုင်ပင်ခံ၏ ဒုက္ခသည်ခရီးစဉ် ဖျက်သိမ်းလိုက်သဖြင့် အခွင့်အ‌ရေးတစ်ရပ် ဆုံးရှုံးသွား‌ကြောင်း စခန်းတာဝန်ရှိသူ‌ပြော

1830

ဇွန် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သည့်‌ဒေါ်‌အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် ထမ်းဟင် ဒုက္ခသည်စခန်းသို့သွား‌ရောက်မည့် အစီအစဉ်ကို ထိုင်းအာဏာပိုင်များဘက် က ဖျက်သိမ်းလိုက်သဖြင့် ဒုက္ခသည်များအတွက် အခွင့်အ‌ရေးတစ်ရပ်ဆုံးရှုံးသွား‌ကြောင်း စခန်း၏ ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စောရဲ‌မေဘူးက ‌ပြောဆိုသည်။

၎င်းက“ကျ‌နော်တို့နိုင်ငံက ‌ခေါင်း‌ဆောင် တစ်‌ယောက် မလာ‌တော့ဘူးဆို‌တော့ စိတ်မ‌ကောင်းဘူး။ ကျ‌နော်တို့အတွက်‌ရော ကျန်တဲ့အခြား ဒုက္ခသည် စခန်းက လူ‌တွေအတွက်အခွင့်အ‌ရေးတစ်ခု ဆုံးရှုံးနစ်နာသွားတာ‌ပေါ့။ ကျ‌နော်တို့ဆီလာခဲ့ရင် အများကြီး ‌ပြောပြစရာ‌တွေရှိတယ်”ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။
‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ယခင်က အဆိုပါ ခရီးစဉ်အတွင်း စခန်းတာဝန်ရှိသူများ၊ စခန်းတွင်း

ပညာသင်ကြား ‌နေသည့်‌ကျောင်းသူ ‌ကျောင်းသားများနှင့်‌တွေ့ဆုံမည်ဖြစ်သလို ဒုက္ခသည်စခန်းတာ ဝန်ရှိသူများမှလည်း လက်ရှိ ဒုက္ခသည်များ အ‌ခြေအ‌နေများအပြင် ‌နေရပ်ပြန် ‌ရေးကိစ္စများတွင်အစိုးရသစ်၏ သ‌ဘောထားများ၊ အစီအစဉ်များကို ‌မေးမြန်း‌ဆွေး‌နွေးရန်အစီအစဉ်ရှိခဲ့‌ကြောင်း ‌စောရဲ‌မေဘူးက ဆက်‌ပြောသည်။

ဇွန်လ ၂၅ရက်‌နေ့တွင် ထိုင်းနိုင်ငံရတ်ချ်ဘူရီခရိုင်အတွင်းရှိ ၎င်းဒုက္ခသည်စခန်းသို့ ‌ဒေါ်‌အောင်ဆန်း စုကြည်သွား‌ရောက်နိုင်ရန် ထိုင်းအာဏာပိုင်များက စီစဉ်ထားသဖြင့် ကရင်ဒုက္ခသည်‌ကော်မတီ KRC နှင့်စခန်းတာ ဝန်ရှိသူများက သူမနှင့်‌တွေ့ဆုံပြီး ဒုက္ခသည်အ‌ရေးကိစ္စများကို တင်ပြရန်စီစဉ်ထားခြင်း ဖြစ်သည်။

နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့်‌ဒေါ်‌အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်မှာ ဇွန်လ ၂၃ရက်မှ ၂၅ ရက်‌နေ့အထိဖြစ်ပြီး ဒုက္ခသည်စခန်းသွား‌ရောက်မည့် အစီအစဉ်အတွက် ထိုင်းအာဏာပိုင်များက မိုး ‌လေဝသအ‌ခြေအ‌နေအရ ခရီးစဉ်ဖျက်သိမ်းခြင်းဖြစ်‌ကြောင်း ထမ်းဟင်စခန်း တာဝန်ရှိသူများထံ ဇွန်လ ၂၂ ရက်‌နေ့က အ‌ကြောင်းကြားထားခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၏ ဧပြီလ မှတ်တမ်းစာရင်းအရ ထမ်းမဟင် ဒုက္ခသည်စခန်းတွင် ရပ်ကွက်‌ပေါင်း ၁၅ရပ်ကွက်မှ လက်ရှိ လူဦး‌ရေ စုစု‌ပေါင်း ၇၇၀၇ဦးရှိပြီး အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်ကြသည်ဟု သိရသည်။