Home ကဗျာ တံခါး‌တွေဆွဲဖွင့်လိုက်

တံခါး‌တွေဆွဲဖွင့်လိုက်

1923

(လကင်္ာဒီပ)

၂၃ ‌မေလ၊ ၂၀၁၆။

ညီညွှတ်‌ရေးအတွက် ဟန်‌ရေးပြ
မာန်‌လေးကြွ တ‌ယောက်တ‌ပေါက်ထ‌အော်
‌လှော်လိုက် ‌ကြော်လိုက် ‌ဆောင့်လိုက်နဲ့
‌ဆွေး‌နွေးတဲ့ အ‌ကြောင်းအရာ
အ‌ဖြေရှာမူ‌ဘောင်‌တွေ ‌ရေးဆွဲပြီးသကာလ
တချို့က တလွဲ‌တွေ လုပ်ကြလွန်းလို့ ခက်တယ်ဗျာ။

တချို့က တစ်ပွဲထိုး
တမျိုးက ‌ကောက်ရိုးမီးစ
တချို့ကျ တစိုက်မတ်မတ်
တချို့ဇာတ်ပျက်‌တွေက ဟိုတိမ်းဒီတိမ်း
ယိမ်းအလှနဲ့ ယိမ်းကသူ‌တွေလည်း ရှိတယ်
ဒီမယ်…တမျိုးသားလုံး လူတန်း‌စေ့ဖို့
တို့ တမျိုးသားလုံး စိတ်ရင်းအမှန်
တစ်သံတည်း ထွက်ဖို့ လိုတယ်။

အားလုံးသ‌ဘောတူညီမှု
အစုအဖွဲ့အသီးသီး အတည်ပြုပြီးသကာလ
‌ကြောင့်ကြခြင်းကင်းစွာဖြင့်
ဆွဲဖွင့်လှစ်ခဲ့တဲ့ လမ်းအတိုင်း‌လျှောက်သွား
ငရဲတံခါး‌တွေ ပိတ်ထားမယ်မှတ်။

ထွန်ယက်ခြင်း သန်တဲ့သူကထွန်
ညွှန်သူက ညွှန်ပြ‌ပေး
ပျိုးပင်‌လေးပျိုး စိုက်သူကစိုက်
ဂရုစိုက် ‌ရေ‌လောင်း‌ပေါင်းသင်သူသင်
ဥယျာဉ်မှူးရဲ့ ‌နွေး‌ထွေး ယုယမှုနဲ့
တူညီတဲ့ခွန်အား‌တွေရှိ‌စေလိမ့်
ရိတ်သိမ်းချိန်တန်ရင်လည်း
ဇွဲထား အားစိုက်လို့ ရိတ်သိမ်းနိုင်ရမယ်။

အမျိုးသမီး‌တွေနဲ့အတူ
လူမမယ်က‌လေး‌တွေအ‌ရေး
အ‌လေးထား ‌ရှေ့ထား‌ဆွေး‌နွေးနိုင်ပါမှ
မျှတတဲ့ ရလဒ်အ‌ဖြေမှန်
ပြည်သူထံက ပဲ့တင်လာလိမ့်မယ်
တကယ်အ‌ခြေခံကျဖို့
သူတို့ သူတို့‌လေး‌တွေကို
ပိုမိုထည့်သွင်းစဉ်းစား‌ပေးခြင်းဖြင့်
သင့်အိပ်မက်ကို အ‌ကောင်အထည်‌ဖော်ရမယ်။

မင်းသားကြီး လုပ်စရာမလို
ဟစ်တိုင်လို‌နေရာက
အလှူရှင်ကြီးပါဆိုပြီး
စည်တီး ‌ကြွေး‌ကြော်ပြဖို့မလို
စို‌ပြေသာယာ‌ရေး မနက်ဖြန်‌တွေ
လုပ်အား‌တွေ ဉာဏ်အား‌တွေ
ဇွဲ‌တွေ ဝီရိယ‌တွေသုံး
ဆုံးဖြတ်ဖြည့်စွက်ခဲ့တဲ့ မူသစ်နဲ့
တို့ရဲ့ အနာဂတ်ကို ပုံ‌ဖော်ကြပါစို့။

ပြန်ပို့မယ်ဆိုတာချည်း‌တွေ
‌ပြော‌နေ ‌ခြောက်‌နေကြမယ့်အစား
ဒီတံတား ဒီဖက် ဒီကမ်းမ‌လေ
ပြည်သူ‌တွေအတွက်
အသက်ရှင်ရပ်တည်‌ရေးမှာ
အာမခံမှု‌တွေပြည့်စုံ
ဘဝလုံခြုံ‌ရေး‌တွေ ရှိရမယ်
ပင်လယ်ဝမ်းတစ်ထွာအ‌ရေး အခန်း
ခွင့်လမ်းအလုပ်အကိုင်‌တွေလည်း
ဒွန်တွဲတည်ရှိနိုင်မယ်ဆိုရင်ဖြင့်
သင့်…‌လောကတံခါးကြီးကို ဆွဲဖွင့်လိုက်‌ပေါ့။

ကိုယ် ချမှတ်ခဲ့တဲ့ စည်းကမ်းမူ‌ဘောင်
ကိုယ်တိုင် ‌ရှောင်ကွင်းလုပ်ကိုင်‌နေရင်
ဝန်းကျင်အထင်‌သေးသည်သာမက
သမိုင်းတရားခံဖြစ်ရမည့်ကိန်းမို့
ဆင်ခြင်လို့ဖြင့် သတိရှိ‌စေချင်သည်
ဤ‌နေရာ ဤ‌ဒေသ ဤအလှ
ထာဝရ ‌နေလို လလို ဝင်းပ‌အေးမြပါ‌စေသား။