Home သတင်း ကရင်ပြည်နယ်ရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် KNU သာသနာ‌ရေးဌာန ‌တွေ့ဆုံပွဲ စတင်ကျင်းပ

ကရင်ပြည်နယ်ရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် KNU သာသနာ‌ရေးဌာန ‌တွေ့ဆုံပွဲ စတင်ကျင်းပ

1878

မတ် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်းရှိ ဘာသာအသီးသီးမှ ‌ခေါင်း‌ဆောင်ဆရာ‌တော်ကြီးများနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပြည် ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနတို့ ‌တွေ့ဆုံပွဲကို ယ‌နေ့ မတ်လ ၂၄ရက်၊ နံနက် ၉နာရီခွဲတွင် ဖားအံမြို့၊ ကြား‌တောရ‌ကျောင်းတိုက်၌ စတင် ကျင်းပလျှက်ရှိသည်။

အဆိုပါ ‌တွေ့ဆုံပွဲကို KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနက ပထမဆုံးအကြိမ် ဦး‌ဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ‌ဒေသအတွင်း ဘာသာ‌ရေးပြဿနာများ ဖြစ်‌ပေါ်ခဲ့လျှင် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များအကြား ငြိမ်းချမ်းစွာ ‌ဆွေး‌နွေးအ‌ဖြေရှာသည့် နည်းလမ်းရ ရှိရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ၊ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီပွဲလုပ်တာ ဘာသာ‌ပေါင်းစုံ ချစ်ကြည်ရင်းနှီးဖို့၊ ဘာသာ‌ရေးပြဿနာဖြစ်လာရင် စု‌ပေါင်းပြီး‌တော့ ငြိမ်းချမ်းတဲ့နည်းနဲ့ အ‌ဖြေရှာဖို့ ရည်ရွယ်ထားပြီး ယန္တရားတစ်ခုဖြစ်‌ပေါ်လာ‌အောင် ‌ဆွေး‌နွေးသွားဖို့ အစီအစဉ်ရှိပါတယ်။ KNU မှာ‌တော့ ‌ဆွေး‌နွေးတာ‌တွေ ရှိပါ တယ်။ ဒီလို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘူး။ အခုက ဒီထက်ပိုပြီး ကျယ်ပြန့်ဖို့ လုပ်တာဖြစ်တယ်”ဟု ပဒို‌စောအားတိုးက ‌ပြော သည်။

KNU အ‌နေဖြင့် ဘာသာ‌ရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုရှိ‌ရေးအတွက် ယခုထက်ပို၍ ‌ဆွေး‌နွေးမှု ကျယ်ကျယ် ပြန့်ပြန့်ဖြစ်‌စေရန်အ တွက် ‌အောက်‌ခြေနယ်‌မြေအလိုက် သွား‌ရောက်ကာ ဘာသာအသီးသီးမှ ‌ခေါင်း‌ဆောင်များနှင့် သွား‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးရန် စီစဉ်ထားသည်ဟု ပဒို‌စောအားတိုးက ဆက်‌ပြောသည်။
IMG_5224
နှစ်ရက်ကြာကျင်းပမည့် ယင်း‌တွေ့ဆုံပွဲတွင် ဘာသာ‌ပေါင်းစုံမှ ငြိမ်းချမ်း‌ရေးဆိုင်ရာ သွန်သင်ဆုံးမမှုများကို တင်ပြခြင်း၊ ဘာသာ ‌ရေး‌ခေါင်း‌ဆောင်များက ငြိမ်းချမ်းရန် အတူတကွ ‌ဆောင်ရွက်နိုင်မည့် ယန္တရားတစ်ခု ဖြစ်‌ပေါ်လာရန်၊ အရပ်ဖက် အဖွဲ့အစည်း များမှ ဘာသာ‌ပေါင်းစုံ လုပ်‌ဆောင်ထားချက်များ၊ KNU နှင့် အစိုးရတို့ လုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အား အရပ်ဘက် လူမှုအဖွဲ့များ ပါဝင်နိုင်သည့် အခန်းဏ္ဍများကို ဘာသာ‌ရေး‌ခေါင်း‌ဆောင်များသိရှိရန် ‌ဆွေး‌နွေးတင်ပြသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်‌ကြောင်း သိရသည်။

‌တွေ့ဆုံပွဲသို့ တက်‌ရောက်သူ ငြိမ်း‌ဖောင်‌ဒေးရှင်းမှ ‌နော်အယ်‌ဖောဝါးက “ကျမတို့ အရပ်ဖက်အဖွဲ့အစည်းနဲ့ ဘာသာ‌ရေး‌ပေါင်းစုံ လူငယ်‌တွေနဲ့ ပူး‌ပေါင်းတဲ့အခါမှာ အခက်အခဲတစ်ခုရှိတာက လူငယ်‌တွေလုပ်‌နေတဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု၊ လုပ်‌ဆောင်ချက်‌တွေက ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေ လက်လှမ်းမမှီတာ‌တွေ ရှိမယ်။ အဲဒါ‌တွေကို ပြဿနာ‌တွေ ကြီးထွားနိုင်တယ်ဆိုပြီး စိုးရိမ်ကြတာ ရှိတယ်။ ခွင့်မပြုတာ‌တွေလည်း ရှိတယ်။ ဒါ‌ပေမယ့် ပူး‌ပေါင်းမှု‌တွေ အမြဲတမ်းတွဲလုပ်‌တော့ အခုဆိုရင် ပိုပြီးအဆင်‌ပြေလာတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပထမအကြိမ်ကျင်းပသည့် အဆိုပါ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို ့ ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ တလာခုံး၊ လဲကယ် စသည့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်နှင့် KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန၊ ကာကွယ်‌ရေးဌာန တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် သာသနာ‌ရေးဦးစီးဌာန၊ တာဝန်ရှိသူများ ပြည်နယ်အတွင်း အရပ်ဖက်လူမှုအဖွဲ့များမှ ကိုယ်စားလှယ် စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးလျှက်ရှိသည်။