Home တွေ့ဆုံမေးမြန်းခန်း သျှမ်းပြည်‌တောင်ပိုင်းတွင် လက်ရှိ တိုက်ပွဲဖြစ်ပွား‌နေသည့်အ‌ပေါ် SSPP/SSA ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဖုန်းဟန်နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

သျှမ်းပြည်‌တောင်ပိုင်းတွင် လက်ရှိ တိုက်ပွဲဖြစ်ပွား‌နေသည့်အ‌ပေါ် SSPP/SSA ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဖုန်းဟန်နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

3266
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ၏ ၂၀၁၅ခုနှစ်၊ ပါတီစုံ ဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲကြီး ကျင်းပခဲ့ပြီး‌နောက် သျှမ်းပြည်နယ် ‌တောင်ပိုင်း တွင် အစိုးရတပ်မ‌တော်နှင့် သျှမ်းပြည်တပ်မ‌တော်တို့အကြား ဖြစ်ပွား‌နေတဲ့တိုက်ပွဲမှာ အစိုးရတပ်မ‌တော်ဘက်က စစ်‌လေယာဉ် အသုံးပြု တိုက်ခိုက်တဲ့အထိ တိုက်ပွဲအရှိန် ပိုမိုမြင့်တက်လာတယ်လို့ သျှမ်းပြည် တပ်မ‌တော်ဘက်က ‌ပြောပါတယ်။

ယခုကိစ္စအ‌ပေါ် သျှမ်းပြည်တိုးတက်‌ရေးပါတီ၊ သျှမ်းပြည်တပ်မ‌တော်(SSPP/SSA) ပြန်ကြား‌ရေးနှင့် သတင်းထုတ်ပြန်‌ရေးဋ္ဌာနမှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဖုန်းဟန်ကို ကရင်သတင်းဋ္ဌာန (‌ကေအိုင်စီ)မှ ဆက်သွယ်‌မေးမြန်းထားပါတယ်။

‌မေး-အခုလက်ရှိ တိုက်ပွဲဖြစ်ပွားမှုအ‌ခြေအ‌နေ ဘယ်လိုဘယ်ပုံ‌တွေလဲဆိုတာ ‌ပြောပြ‌ပေးပါလား။
‌ဖြေ-ဟုတ်ကဲ့။ တိုက်ပွဲ စဖြစ်တာက ပြီးခဲ့တဲ့လ(‌အောက်တိုဘာ) ၆ ရက်‌နေ့။ ဒါ‌ပေမယ့် ‌ရွေး‌ကောက်ပွဲပြီး ၁ဝ ရက်‌နေ့က စပြီး‌တော့ ထိုးစစ်ဆင်မှုက ပိုပြီး‌တော့ အရှိန်မြှင့်လာတယ်။ တိုက်‌လေယာဉ်‌တွေ၊ ဟယ်လီ ‌ကော်ပတာအဆင့်ထိ သုံးလာတယ်ဗျ။ အဆိုးဆုံးက‌တော့ ၁၆ ရက်‌နေ့‌ပေါ့။ ‌လေယာဉ် ရှစ်စင်းနဲ့ ‌လေ‌ကြောင်း က‌နေ ကျ‌နော်တို့ကို တိုက်လာတယ်။ ‌မြေပြင်ကလည်း ‌တော်‌တော်‌လေးကို တိုက်ပွဲ ပြင်းထန်လာတယ်။ မိုင်းရှူးမြို့နယ်၊ ဝမ်း‌ဆောတဝိုက်‌ပေါ့။ ‌ရွေး‌ကောက်ပွဲ မတိုင်ခင်က‌တော့ သူတို့ ‌ခြေလျင်တပ်‌တွေကို သုံးပြီး‌တော့ ထိုးစစ်ဆင်လာတယ်။ အခု‌လော‌လောဆယ်က‌တော့ ‌မြေပြင်‌ကော၊ ‌ဝေဟင်‌ကော နှစ်ခုလုံး ‌ပေါင်းပြီး‌တော့ ထိုးစစ်ဆင်တဲ့သ‌ဘောပါ။ လက်နက်ကြီး‌ကော၊ လက်နက်ငယ်ပါ ပစ်ကူတယ်ခင်ဗျ။ ‌တော်‌တော်‌လေး ပြင်းထန်ပါတယ်။ ဒီ‌နေ့(နိုဝင်ဘာ ၁၈)ကလည်း နံနက် ၇နာရီက‌နေ ၁ဝနာရီအထိ ‌တောင်ဟူးမှာ ဖြစ်တယ်။ မိုင်းရှူး၊ မိုင်း‌နောင်ကြား ကားလမ်းရဲ့ အ‌ရှေ့ခြမ်း‌ပေါ့။ ဒီ‌နေ့(နိုဝင်ဘာ ၁၈ရက်‌နေ့) မနက်က လက်နက်ကြီးနဲ့ ထုပါတယ်။ ပြီး‌တော့ ဟယ်လီ‌ကော်ပတာ တစ်စင်းကလည်း လာပြီးပစ်ကူတယ်လို့ ကျ‌နော်တို့ သတင်းရပါတယ်။

‌မေး-အခု တိုက်ပွဲဖြစ်ပွား‌နေတဲ့ ‌နေရာက ဘယ်‌နေရာ၊ ဘယ်မြို့နယ်မှာ ရှိလဲဗျ။
‌ဖြေ-မိုင်းရှူးမြို့နယ်၊ ဝမ်း‌ဆော‌ကျေးရွာအုပ်စု‌ပေါ့။ ကျ‌နော်တို့ ဋ္ဌာနချုပ်နဲ့ဆိုရင် ၇ မိုင်‌လောက်ပဲ ‌ဝေးတယ်ဗျ။ အ‌ရှေ့ဘက်ကျတာ‌ပေါ့။ ‌နောက်ပြီး‌တော့ မိုင်းရှူး၊ မိုင်း‌နောင်ကားလမ်းအ‌ရှေ့ခြမ်းနဲ့ ဒီနမ့်ပန်‌ချောင်းတစ်‌လျှေက်မှာ ဖြစ်တယ်ဗျ။
‌မေး-အခုလိုမျိုး တိုက်ပွဲ‌တွေ ပြင်းထန်‌တော့ ‌ဒေသခံ ပြည်သူ‌တွေရဲ့ အ‌ခြေအ‌နေကလည်း ဘယ်လိုရှိသလဲဆိုတာ ‌ပြောပြပါလား။
‌ဖြေ-တိုက်ပွဲဖြစ်တဲ့ ‌နေရာတဝိုက် ‌ဒေသ‌တွေမှာ‌တော့ လူ‌တွေ‌တော့ မရှိ‌တော့ဘူး။ မ‌နေ‌တော့ဘူးဗျ။ မ‌နေ‌တော့ဘူးဆိုတာက လက်နက်ကြီး‌တွေ တအားထုတာကိုး ‌လေ‌ကြောင်းက‌နေလည်း ပစ်ကူတယ်ဆို‌တော့ ဒါက ပြည်သူလူထု‌တွေ အသက်အိုးအိမ်လည်း လုံခြုံမှု မရှိကြ‌တော့ဘူး။ လက်နက်ကြီး ကျည်အချို့ ဘုန်းကြီး‌ကျောင်းထဲ ကျလိုကျ၊ ပြီး‌တော့ ရွာထဲကျလိုကျနဲ့ အိမ်‌တွေ၊ ဘာ‌တွေ ပျက်စီးတာရှိတယ်ဗျ။ အဲဒါ‌ကြောင့်မို့လို့ သူတို့(‌ဒေသခံရွာသား‌တွေ) မ‌နေရဲကြ‌တော့ဘူး။ လွတ်ရာကျွတ်ရာကို ထွက်‌ပြေးကြတာ။ အခုကျ‌နော်တို့ ခန့်မှန်းတာက‌တော့ တစ်‌သောင်း(၁၀၀၀၀)‌လောက်ရှိမယ်ဗျ၊ ‌ဒေသခံ‌တွေ ထွက်‌ပြေး‌နေကြတာ စစ်‌ပြေးဒုက္ခသည်‌ပေါ့။ ရွာ‌ပေါင်း ၂ဝ ‌လောက်ရှိတယ်။ အချို့ မြို့‌ပေါ်လူ‌တွေလည်း ‌ပြေးကြတယ်ဗျ။

‌မေး-ဟုတ်ကဲ့။ အခု အဲဒီ စစ်‌ပြေးဒုက္ခသည်‌တွေဟာ ဘယ်‌နေရာမှာ သွားပြီး ခိုလှုံ‌နေကြရလဲ။
‌ဖြေ-တချို့က ကျ‌နော်တို့ ဋ္ဌာနချုပ်ရဲ့ အ‌နောက်ဘက်‌ပေါ့။ အဲဒါလည်း တစ်‌ထောင်‌လောက်ရှိမယ်ဗျ။ ပြီး‌တော့ မိုင်းရှူးတို့၊ လားရှိုးတို့၊ ပြီး‌တော့ ‌တောင်ကြီးတို့ လဲချားတို့ အဲဒီဘက်‌ရောက်ကုန်တဲ့လူ‌တွေရှိတယ်။ ပြီး‌တော့ မိုင်း‌နောင်ကလူ‌တွေ၊ မိုင်းရှူးက လူ‌တွေ၊ မြို့‌ပေါ်ကို ထွက်‌ပြေးတာ ရှိပါတယ်။ ဒါက‌တော့ နီးစပ်ရာ သူတို့‌ဆွေမျိုးဆီ သွားကြတာ‌ပေါ့‌နော်။

‌မေး-အဲဒီထွက်‌ပြေးတိမ်း‌ရှောင်‌နေကြတဲ့ စစ်‌ပြေးဒုက္ခသည်‌တွေရဲ့ ‌နေ‌ရေး၊ ထိုင်‌ရေး စား‌ရေး‌သောက်‌ရေး အ‌ခြေအ‌နေ‌ကော ဘယ်လိုရှိသလဲ။
‌ဖြေ-စားဖို့၊ ‌သောက်ဖို့ကျ‌တော့ လူများလာလှူတဲ့ဟာနဲ့ အိမ်ကတချို့ဟာနဲ့ ကျ‌နော်တို့ ဝိုင်းကူတဲ့ဟာလည်း ရှိပါတယ်။ ‌လော‌လောဆယ်‌တော့ ဒီအတိုင်းပဲ စား‌သောက်‌နေကြတာ‌ပေါ့‌နော်။ ခက်တာက‌တော့ သူတို့ အဝတ်အစားရယ်၊ ‌ဆေးဝါးရယ်‌ပေါ့။ ‌ဆောင်းရာသီလည်း ‌ရောက်ပြီဆို‌တော့ ‌တော်‌တော်‌လေး အခက်အခဲဖြစ်ပါတယ်။

‌မေး-အခုလို ဘုန်းကြီး‌ကျောင်းမှာ၊ ရွာမှာ လက်နက်ကြီးကျည်‌တွေ ကျ‌တော့ ရွာသား‌တွေရဲ့ ထိခိုက်‌သေဆုံးမှု အ‌ခြေအ‌နေ‌ကော ဘယ်လိုရှိလဲ။
‌ဖြေ-‌လော‌လောဆယ် စစ်တပ်က ပစ်တဲ့ဟာနဲ့ ‌သေဆုံးသွားတာရှိပါတယ်။ ပြီး‌တော့ လက်နက်ကြီးထုလို့ ဆိုပြီး‌တော့ အိမ်‌တွေ၊ ‌ကျောင်း‌တွေ ထိတာ‌တော့ ရှိပါတယ်။ မိုင်း‌နောင်ဖက်မှာ‌တော့ ကျ‌နော်ကြားတယ်။ လက်နက်ကြီကျလို့ ဆိုပြီး‌တော့ အဖွားကြီးတစ်‌ယောက် ‌သေဆုံးသွားတယ်လို့ သိရတယ်။

‌မေး-တိုက်ပွဲအရှိန်က ပြင်းထန်‌တော့ တပ်နှစ်ဖက်စလုံး ထိခိုက်မှုကျဆုံးမှုအ‌ခြေအ‌နေ‌ကော ဘယ်လိုရှိလဲ။
‌ဖြေ-နှစ်ဖက်လုံးရှိပါတယ်။ ဒါ‌ပေမယ့် တိုက်ပွဲလည်းမပြီး‌သေးဆို‌တော့ အတည်မပြုနိုင်‌သေးဘူးဗျ။ ထိခိုက် ဒဏ်ရာရ၊ ‌သေဆုံးမှု‌တွေ နှစ်ဖက်လုံးရှိပါတယ်။

‌မေး-အခု တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး SSPP/SSA အ‌နေနဲ့က ဘယ်လိုကာကွယ်မှု‌တွေ၊ တန်ပြန်စစ်‌တွေ လုပ်‌ဆောင်‌နေပါသလဲ။
‌ဖြေ-ကျ‌နော်တို့က တိုက်စစ်ကို‌တော့ မလုပ်ဘူး‌နော်။ ဒါ အစိုးရစခန်းကိုလည်း ကျ‌နော်တို့ မတိုက်ပါဘူး။ ဒါ‌ပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အ‌နေအထားမှာ‌တော့ တတ်နိုင်သ‌လောက် ကျ‌နော်တို့ လုပ်‌နေပါတယ်ဗျ။ ပြန်လည်ခုခံရမှာ‌ပေါ့။ ကိုယ့်ကိုယ်ကို ကာကွယ်တာ‌ပေါ့။ ဋ္ဌာနချုပ်နဲ့ ‌တော်‌တော်နီးလာတဲ့အ‌ပေါ်မှာ လုံခြုံ‌ရေး ကို‌တော့ အမြင့်ဆုံးထားပြီး‌တော့ ‌ဆောင်ရွက်‌နေပါတယ်။

‌မေး-တိုက်ပွဲပြင်းထန်လာတဲ့အ‌ပေါ်မှာ အဲန်စီ‌အေ လက်မှတ်ထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေ အ‌နေနဲ့က‌ကော SSPP/SSA ကို ဘယ်လို်ချိတ်ဆက်မှု‌တွေ လုပ်လာတာရှိလဲ။
‌ဖြေ-သူတို့ ‌ဆွေး‌နွေးပွဲ လုပ်ကြတယ်‌လေ။ ဒါ‌ပေမယ့် ကျ‌နော်တို့က အခုထက်ထိ တစုံတရာ ‌ပြောလာတာ‌တော့ မရှိ‌သေးဘူးဗျ။ ဒါ‌ပေမယ့် သူတို့အပိုင်းက အစိုးရကို ‌ပြောရင်လည်း ‌ပြောမှာ‌ပေါ့‌နော်။ ကျ‌နော်တို့ဆီကို‌တော့ တရားဝင် အ‌ကြောင်းကြာတာ‌တော့ မရှိ‌သေးဘူးဗျ။ ကျ‌နော်တို့ဘက်က‌တော့ UPWC ကို ဦးသိန်း‌ဇော်တို့၊ ဦး‌အောင်မင်းတို့၊ ပြီး‌တော့ ဦးခင်‌မောင်စိုး၊ ‌နောက်ဆုံး ကျ‌နော်တို့ ဒုတိယသမ္မတ ‌ဒေါက်တာ စိုင်း‌မောက်ခမ်းကို ညှိနှိုင်းမှုအတွက် အကြိမ်ကြိမ်စာ‌ရေးတယ်။ ဒါ‌ပေမယ့် အခုထက်ထိ တုန့်ပြန်မှု တစုံတရာ မရှိ‌သေးဘူးဗျ။

‌မေး-SSPP/SSA က ပဏာမ အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့ဖြစ်တယ်။ ဆို‌တော့ အခုလို တိုက်ပွဲအ‌ခြေအ‌နေက အရှိန်မြှင့်လာတဲ့အ‌ပေါ်မှာ ‌ရှေ့ဆက်ပြီး ငြိမ်းချမ်း‌ရေးအတွက် ဘယ်လိုဆက်လက်လုပ်‌ဆောင်သွားမလဲ။
‌ဖြေ-ထိုးစစ်မရှိရင်‌တော့ တိုက်ပွဲဖြစ်စရာ အ‌ကြောင်းမရှိပါဘူး။ တစ်ခုက ကျ‌နော်တို့ စဉ်းစားရမှာ‌တော့ ကျ‌နော်တို့ အန်စီ‌အေ လက်မှတ်မထိုးလို့။ ‌နောက်တစ်ခါက သူတို့က ‌ရွေး‌ကောက်ပွဲရလဒ်ကို တဖက်လှည့် အ‌နေနဲ့ အသုံးချရင် ချမှာ‌ပေါ့‌နော်။ နိုင်ငံ‌ရေး မတည်မငြိမ်ဖြစ်‌အောင် တမင်တကာလုပ်တာလား။ ကျ‌နော်တို့ သုံးသပ်လို့ ရတယ်‌ပေါ့‌နော်။

‌မေး-အခုလက်ရှိ တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး‌တော့ လက်ရှိအစိုးရ‌ကော၊ ‌နောင်တက်လာမယ့် အစိုးရသစ်ကို SSPP/SSA အ‌နေနဲ့ ဘာ‌ပြောချင်သလဲ။
‌ဖြေ-အစိုးရနှစ်ခုစလုံး တာဝန်ရှိကြတာ‌ပေါ့‌နော်။ အာဏာမလွဲ‌သေးတဲ့ အစိုးရလည်း တာဝန်ရှိပါတယ်။ ထိုးစစ်‌တွေ ရပ်ဖို့‌ပေါ့‌နော်။ ‌နောက်တက်လာမယ့် အစိုးရအ‌နေနဲ့လည်းကလည်း ဒါကို ‌ဖြေရှင်းရမယ့် စိန်‌ခေါ်မှု တစ်ခုလို့ ကျ‌နော်တို့ ‌ပြောချင်ပါတယ်။ ‌လေး‌လေးနက်နက် ချင့်ချိန်ပြီး‌တော့မှ ဘယ်လိုဝိုင်းပြီး‌တော့ ဘယ်လို‌ဖြေရှင်းကြမလဲဆိုတာ သူတို့လည်း တာဝန်ရှိတဲ့အ‌ကြောင်း ‌ပြောချင်ပါတယ်။

‌မေး-‌နောက်ဆုံးအ‌နေနဲ့ ဘာ‌တွေ ဖြည့်စွက်‌ပြောချင်‌သေးလဲ။
‌ဖြေ-နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ကျ‌နော်တို့ အစဉ်တစိုက် လုပ်လာခဲ့ပါတယ်။ ပြည်နယ်အဆင့်‌ကော၊ ပြည်‌ထောင်စုအဆင့်‌ကော အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့ပါတယ်။ ဒါ‌ပေမယ့် ဒီလို နိုင်ငံ‌ရေး ပြဿနာကို စစ်‌ရေးနည်းဖြင့် လာပြီး‌တော့ ‌ဖြေရှင်းတယ်ဆိုတာက‌တော့ ဒါက ‌တော်‌တော်‌လေးကို အရုပ်ဆိုးတာ‌ပေါ့။ ငြိမ်းချမ်း‌ရေးကို အဟန့်အတား ဖြစ်‌စေပါတယ်။ ဒါ‌ပေမယ့် အစိုးရမှာလည်း တာဝန်ရှိတယ်။ တပ်မ‌တော်မှာ ပိုပြီး‌တော့ တာဝန်ရှိတယ်ဆိုတဲ့အ‌ကြောင်း သုံးသပ်ရတယ်‌ပေါ့‌နော်။