Home သတင်း ကျုံဒိုးတိုက်နယ်ရှိ ‌ကျောင်းသား‌ကျောင်းသူ ၁၃၀‌ကျော် ‌သောက်သုံး‌ရေအဆိပ်သင့်မှုဖြစ်ပွား

ကျုံဒိုးတိုက်နယ်ရှိ ‌ကျောင်းသား‌ကျောင်းသူ ၁၃၀‌ကျော် ‌သောက်သုံး‌ရေအဆိပ်သင့်မှုဖြစ်ပွား

1671

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ (က‌ဆောဝါး၊ စအိုင်စူး)

‌ကော့ကရိတ်ခရိုင်၊ ကျုံဒိုးတိုက်နယ် ကမ်းနီ‌ကျေးရွာအုပ်စုရှိ သရက်‌တော‌ကျေးရွာ၌ အ.လ.က(ခွဲ) ‌ကျောင်းတွင် ယ‌နေ့မနက် ‌ကျောင်းတက်ချိန် ၉နာရီအချိန်ခန့်တွင် ‌ကျောင်းသား‌ကျောင်းသူ ၁၃ဝဦး‌ကျော်မှာ ‌သောက်သုံး‌ရေ အဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကျုံဒိုးတိုက်နယ်‌ဆေးရုံနှင့် ‌ကော့ကရိတ်‌ဆေးရုံများသို့ ပို့‌ဆောင်ခံထားရပြီး ‌ဆေးကုသမှုခံယူလျက်ရှိသည်ဟု အဆိုပါ‌ကျောင်း၏ ပညာ‌ရေးဝန်ထမ်းများထံမှ သိရသည်။

‌ကော့ကရိတ်ခရိုင် ပညာ‌ရေးလက်‌ထောက်ညွန်ကြား‌ရေးမှူး ဦး‌အောင်သိန်းက “‌ကျောင်းနားက ‌သောက်သုံး‌ရေကန်အနီးမှာ ဗျိုင်း ငှက်‌တွေလာပြီး ကျက်စားတာ‌ကြောင့် ဗျိုင်းငှက်‌ထောင်ဖမ်းတဲ့သူ‌တွေက ‌ပေါ်တက် ‌ဆေးတစ်မျိုးကိုသုံးပြီး ဖမ်း‌တော့ဖမ်းတယ်။ အဲ့ဒါ‌တွေက ‌သောက်‌ရေကန်ထဲကို စိမ့်ဝင်‌ရော‌နှော‌တော့ ‌သောက်မိတဲ့‌ကျောင်းသား‌ကျောင်းသူ‌တွေမှာ ‌ရေအဆိပ်သင့်တာပါ״ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါသရက်‌တော အလယ်တန်း‌ကျောင်းခွဲ၌ ‌ကျောင်းသား‌ကျောင်းသူ စုစု‌ပေါင်း ၂၂၉ဦး ပညာသင်ယူ‌နေပြီး ကျုံဒိုးတိုက်နယ် ‌ဆေးရုံ၌ ‌ကျောင်းသား‌ကျောင်းသူ ၆၅ဦးနှင့် ‌ကော့ကရိတ်‌ဆေးရုံ၌ ၆၉ဦးကို အ‌ရေး‌ပေါ် တင်ပို့ထားရသည်ဟု ၎င်း‌ဆေးရုံများ၏ ကျန်းမာ‌ရေးဝန်ထမ်းများထံမှ သိရသည်။

“အခုက ‌ဆေးရုံအုပ်ကြီးကိုယ်တိုင် အခင်း ဖြစ်‌နေရာကို သွား‌နေပါတယ်။ အဆိပ်နဲ့ပတ်သက်တဲ့ ‌ဆေးဝါးကျွမ်းကျင်ဋ္ဌာနကို ချိတ် ဆက်ပြီး‌တော့ လိုအပ်တဲ့ ကုသမှု‌တွေအတွက် ပူး‌ပေါင်းလမ်းညွှန် ကုသ‌ပေး‌နေပါတယ်။ စိုးရိမ်ရတဲ့ အ‌ခြေအ‌နေရှိမရှိ‌တော့ ‌စောင့်ကြည့်ရအုံးမှာ‌ပေါ့။ ဖြစ်စဉ်ကိုစစ်‌ဆေးပြီးမှ လိုအပ်တဲ့ ကုထုံးများအတိုင်း ဂရုတစိုက်‌ဆောင်ရွက်သွားပါမယ်״ဟု ကုသမှုတွင် ပါဝင်သည့် အမည်မ‌ဖော်လိုသူ ဆရာဝန်မတစ်ဦးက ‌ပြောသည်။

‌ရေအဆိပ်သင့်သည့် ‌ကျောင်းသူ မနန္ဒာ၏အစ်မ မ‌အေးပုံက “အဆိပ်သင့်ပြီး ‌ဆေးရုံ‌ရောက်‌နေတယ်လို့ကြား‌တော့ ကြားကြား ချင်းပဲ လိုက်လာခဲ့တယ်။ စိတ်အရမ်းပူသွားတယ်။ ဒါ‌ပေမဲ့ အခု‌တော့ သက်သာသွားပြီး ‌ခေါင်းမူးတာ‌လောက်ပဲ ကျန်‌တော့တယ်။ ဒီလိုမျိုးက ကျမတို့ဆီမှာ တခါမှမဖြစ်ခဲ့ဖူးဘူး။ ဒါက ပထမဦးဆုံးအကြိမ် ဖြစ်တာပါ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ရေအဆိပ်သင့် ‌ကျောင်းသား‌ကျောင်းသူများအနက် အသက်အန္တရာယ် စိုးရိမ်ရသည့် အ‌ခြေအ‌နေမရှိဘဲ ၎င်း တို့အ‌ခြေအ‌နေကို ကျန်းမာ‌ရေးဝန်ထမ်းများက ‌စောင့်ကြည့်ကုသ‌ပေး‌နေဆဲဖြစ်ပြီး အဆိပ်သင့်သူများကို ‌ဒေသတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် Save The Children အဖွဲ့မှ တာဝန်ရှိသူများနှင့် စစ်ဖက်၊ နယ်ဘက်ဋ္ဌာနဆိုင်ရာများမှ လာ‌ရောက်ကူညီ‌စောင့်‌ရှောက်‌ပေးလျက်ရှိသည်။