Home သတင်း NCA ကို KNU အပါအဝင် ၄ ဖွဲ့ လက်မှတ်ထိုးသွားမည်ဟု ပူးတွဲထုတ်ပြန်

NCA ကို KNU အပါအဝင် ၄ ဖွဲ့ လက်မှတ်ထိုးသွားမည်ဟု ပူးတွဲထုတ်ပြန်

2788

ဩဂုတ် ၁၈ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA)နှင့် သျှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS) တို့က လက်မှတ်ထိုးသွားမည်ဟု ဩဂုတ် ၁၇ ရက်‌နေ ့တွင် ပူးတွဲ ထုတ်ပြန် ‌ပြောဆိုလိုက်သည်။

အစိုးရက NCA စာချုပ် လက်မှတ်ထိုးရန်အတွက် တိုင်းရင်းသား‌တော်လှန်‌ရေး လက်နက်ကိုင် အဖွဲ့များအား ဩဂုတ် ၁၁ ရက်‌နေ့တွင်ဖိတ်‌ခေါ်ခဲ့ပြီး‌နောက် အခုလို ကရင်နှင့် သျှမ်း‌တော်လှန်‌ရေး လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ က လက်မှတ်ထိုးသွားမည်ဟု ပူးတွဲထုတ်‌ဖော် ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုသို ့ ဆုံးဖြတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ RCSS ‌ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက “ NCA ကို‌လေ့လာ လိုက်‌တော့ RCSS မူ‌ပေါ်လစီ‌တွေနဲ့ဆန့်ကျင်တာမရှိပါဘူး။ ‌နောက်ပြီး အားလုံး လိုလား‌တောင့်တ‌နေတဲ့ နိုင်ငံ‌ရေး ပြသာနာကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေက‌နေ ‌ဖြေရှင်းဖို့အတွက် ပထမ‌ခြေလှမ်းကို စလှမ်းသင့်ပါပြီး၊ ဆိုတဲ့သုံးသပ်ချက်နဲ့ အခုလိုပူးတွဲ ထုတ်ပြန် လိုက်တာဖြစ်ပါတယ် ” ‌ကေအိုင်စီသို ့‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU အ‌နေဖြင့် အားလုံးပါဝင်လက်မှတ်‌ရေးထိုး‌ရေးမူကို အ‌သေဆုပ်ကိုင် ထားခြင်းမရှိသလို တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်း‌ရေးအဖွဲ့ (EAOs SD)နှင့် အစိုးရ (UPWC) တို့ ၉ ကြိမ်‌မြောက် ညှိနှိုင်းအစည်းအ‌ဝေးရလဒ်ကို သ‌ဘော တူလက်ခံသည့်အတွက် NCA ကို ပါဝင်လက်မှတ် ထိုးရန် ဆုံးဖြတ်ထားသည်ဟု ယခုရက်ပိုင်းအတွင်း‌ပြောဆို ထားသည်။

အဆိုပါ အဖွဲ့ ၄ဖွဲ့မှ ‌ခေါင်း‌ဆောင်များ လက်မှတ်ထိုး ပူးတွဲထုတ်ပြန်ချက်တွင် NCA သည် တိုင်းရင်းသားများ လိုလားသည့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုများအပြင် ဒီမိုက‌ရေစီအ‌ရေး၊ အမျိုးသားတန်း တူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုက‌ရေစီဖက်ဒရယ်စနစ်‌ဖော်‌ဆောင်နိုင်‌သော အာမခံချက်များ ရရှိရန် အတွက်ဖြစ်သည်ဟု ‌ဖော်ပြထားသည်။

၎င်းအပြင် လက်မှတ်ထိုးခြင်းဖြင့် မိမိတို့လက်နက်ကိုဆက်လက် စွဲကိုင်ကာ ‌ဒေသနှင့် လူမျိုးအကျိုးအတွက် ကာကွယ်သွားနိုင်သလို မတရာအသင်း‌ကြေငြာထားခြင်းမှ ကင်းလွတ်ခွင့်ရသည့်အတွက် အစိုးရ၊ နိုင်ငံ‌ရေး ပါတီများနှင့် အခြားပါဝင်သင့်သူများ အားလုံးတို ့နိုင်ငံ‌ရေးပြသာနာများကို လွတ်လပ်စွာ ညှိုနှိုင်း၊ ‌ဆွေး‌နွေး နိုင်မည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

အလားတူ DKBAမှ ဗိုလ်မှူး‌စောစိန်ဝင်းက “ ကျ‌နော်တို့အ‌နေနဲ့ စာချုပ်အ‌ပေါ်မှာ ယုံကြည်ခြင်း၊ မယုံကြည် ခြင်းထက် ကျ‌နော်တို့သွားသင့်တယ်ထင်တဲ့ လမ်း‌ကြောင်းတစ်ခုကို ‌ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ အစိုးရက လည်းအတိုင်းအတာတစ်ခုအထိ လိုက်‌လျောပြီး နိုင်ငံ‌ရေးစားပွဲဝိုင်း တက်လှမ်းမယ်ဆို‌တော့ ကရင်‌တွေ တစ်စုတစ်စည်းထဲ သွားသင့်တယ်လို့ ယူဆလို့မိခင် KNU နဲ့ပဲသွားကြမယ်လို့ ဆုံးဖြတ်လိုက် တာပဲဖြစ် တယ် ” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရတို ့NCA စာချုပ်အတွက် ဩဂုတ် ၇ ရက်‌နေ ့ တွင် ၉ ကြိမ်‌မြောက်‌တွေ့ဆုံညှိနှိုင်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များအားလုံး ပါဝင်လက်မှတ် ထိုး‌ရေးအချက်မှ လွဲ၍ ကျန်အချက်များ အပြီးသတ်သ‌ဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်ဟု နှစ်ဖက်တာဝန်ရှိသူ များက ‌ပြောဆိုထားသည်။

ထို ့အပြင် NCA လက်မှတ်ထိုးရန် အတွက်တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များက လာမည့် ဩဂုတ် ၂၁ မှ ၂၃ ရက်‌နေ ့ထိ ထိုင်းနိုင်ငံ အချင်းမိုင်မြို့တွင် အ‌သေးစိတ်‌တွေ့ဆုံညှိနှိုင်းသွားရန်ရှိ‌ကြောင်း SD အဖွဲ့ဝင်များ ထံမှ သိရသည်။