Home သတင်း ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ် မြဝတီမြို့သို့ ‌ရောက်ရှိ

ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ် မြဝတီမြို့သို့ ‌ရောက်ရှိ

1921

ဩဂုတ် ၁၇ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

စကင်္ာပူနိုင်ငံတွင် ‌ဆေးဝါးကုသမှုခံယူ‌နေရသည့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်သည် ရန်ကုန်မြို့မှတဆင့် မြဝတီမြို့သို့ ဩဂုတ် ၁၄ရက်‌နေ့ (‌သောကြာ‌နေ့)က ပြန်လည်‌ရောက်ရှိလာပြီး ဆက်ဆံ‌ရေးရုံးတွင် တည်းခိုလျှက်ရှိသည်။

စစ်ဦးစီးချုပ်သည် မြဝတီတွင် ရက်သတ္တတပတ်ခန့် အနားယူပြီး‌နောက် ရန်ကုန်မြို့သို့ သွား‌ရောက်ကာ လည်‌ချောင်းတွင်တပ်ဆင်ထားရသည့် ကျမ်းမာ‌ရေးအ‌ထောက်အကူပြုပိုက်ကို သွား‌ရောက်ဖြုတ်ရမည်ဟု အပါး‌တော်မြဲ တပ်မှူးတစ်ဦးက ‌ပြောသည်။

၎င်းတပ်မှူးက “အဖိုးရဲ့ကျန်းမာ‌ရေးက တိုးတက်လာပါတယ်။ လည်း‌ချောင်းက ကျန်းမာ‌ရေး အ‌ထောက်အကူပြု ပိုက်ကို‌တော့ ဒီရက်ပိုင်းအတွင်းမှာ ရန်ကုန်မှာဖြစ်ဖြစ်၊ စကင်္ာပူမှာဖြစ်ဖြစ် သွားဖြုတ်ရမှာ ဖြစ်တယ်။ စကင်္ာပူကဆရာဝန်ကြီးက ပိုက်ဖြုတ်တာကို မြန်မာနိုင်ငံမှာဖြုတ်လို့ရတယ်လို့‌ပြောပါတယ်”ဟု ဆိုသည်။

ကျန်းမာ‌ရေးတိုးတက်လာသည့် ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်သို့ မကြာမီ ပြန်လည်‌ရောက်ရှိလာမည်ဟုလည်း သိရှိရသည်။

မြဝတီသို့‌ရောက်ရှိ‌နေသည့်(ဒီ‌ကေဘီ‌အေ) စစ်ဦးစီးချုပ်ကို စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) မှ တပ်မမှူးဗိုလ်မှူးကြီးစိုးမင်းဦးနှင့် (ကရင်ပြည်နယ်) နယ်ခြား‌စောင့်တပ်မှတာဝန်ရှိသူများကလည်း သွား‌ရောက်‌တွေ့ဆုံဂါရဝပြုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် လည်‌ချောင်းတွင် တပ်ဆင်ထားသည့် ပိုက်ဖြုတ်ပြီးမှသာလျှင် ‌ကောင်းမွန်စွာ စကား‌ပြောဆိုနိုင်မည်ဖြစ်ပြီး လတ်တ‌လောအ‌ခြေအ‌နေအရ စကားကို အနည်းငယ်သာ ‌ပြောဆိုနိုင်‌သေးသည်။

(ဒီ‌ကေဘီ‌အေ)အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့အကြား မကြာမီ ချုပ်ဆိ်ုကြမည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA) ကို လက်မှတ်‌ရေးထိုးရန် သ‌ဘောထားရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်‌ကြောင်း သိရသည်။

အလားတူ (NCA) စာချုပ်ကို သ‌ဘောတူလက်မှတ်‌ရေးထိုးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့များကလည်း ‌ကြေညာချက်များ ထုတ်ပြန်ထားကြပြီးဖြစ်သည်။