Home တွေ့ဆုံမေးမြန်းခန်း “လူထုအတွက် အကာကွယ်‌ပေးတဲ့ စီးပွား‌ရေးမူဝါဒဖြစ်ဖို့ လုပ်‌ဆောင်‌ပေးသွားချင်ပါတယ်”ဆိုတဲ့ ‌ကော့ကရိတ်မြို့ မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားလွှတ်‌တော်အမတ်‌လောင်း ‌နော်ယုဇနဝါနှင့် ‌တွေ့ဆုံခြင်း

“လူထုအတွက် အကာကွယ်‌ပေးတဲ့ စီးပွား‌ရေးမူဝါဒဖြစ်ဖို့ လုပ်‌ဆောင်‌ပေးသွားချင်ပါတယ်”ဆိုတဲ့ ‌ကော့ကရိတ်မြို့ မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားလွှတ်‌တော်အမတ်‌လောင်း ‌နော်ယုဇနဝါနှင့် ‌တွေ့ဆုံခြင်း

1854

– လာမယ့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်မယ်လို့ သိရတယ်။ ဘယ်‌နေရာမှာ ဝင်ပြိုင် မယ်ဆိုတာနဲ ့ ပြိုင်ရတဲ့ အဓိကရည်ရွယ်ချက်ကို ပထမဦးဆုံးအ‌နေနဲ ့‌ပြောပါဦး။
အ‌နောက ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)ရဲ့ ‌ကော့ကရိတ်မြို့၊ မဲဆန္ဒနယ်အမှတ်(၁၀)၊ အမျိုးသားလွှတ်‌တော်မှာ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ အမတ်‌လောင်းစာရင်း တင်ထားပါတယ်။ အဓိက‌တော့ ပြည်နယ်အစိုးရက ဗဟိုအစိုးရရဲ့ စီမံခန့်ခွဲမှု‌အောက် မှာပဲ ရှိတယ်။ ဖက်ဒရယ်မဖြစ်‌သေးဘူး။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် အပြည့် အဝရှိလာဖို့က ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ‌တွေကို ပြင်ရမယ်။ အဲဒီဥပ‌ဒေ‌တွေကို ပြင်နိုင်ဖို့က အမျိုးသားလွှတ်‌တော်တို့၊ ပြည်သူ့လွှတ်‌တော်တို့မှာသာ ပြင်နိုင်တယ်ဆို‌တော့ အခုလို အမျိုးသားလွှတ်‌တော်မှာ ဝင်‌ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်တယ်။

– မဲဆန္ဒရှင်‌တွေအတွက် လိုအပ်ချက်‌တွေက ဘာ‌တွေရှိမလဲ။ အ‌နောအ‌နေနဲ့ ဘယ်အရာ‌တွေကို ဦးစား‌ပေး လုပ်‌ဆောင်သွားမလဲ။
မဲဆန္ဒရှင်များအတွက် လိုအပ်ချက်‌တွေက‌တော့ အထူးသဖြင့် လူ့အခွင့်အ‌ရေးကိစ္စ‌တွေ၊ ‌မြေယာသိမ်းအမှု‌တွေ‌ပေါ့‌နော်။ အ‌နောအ‌နေနဲ့ ‌ဖြေရှင်း‌ပေးနိုင်မယ်လို့‌တော့ ‌မျှော်လင့်ထားပါတယ်။ မဲဆန္ဒရှင်များအတွက် အဓိက လိုအပ်ချက်က‌တော့ ငြိမ်းချမ်း ‌ရေးကိစ္စပဲဖြစ်တယ်။ လာမယ့် ၂၀၁၅ခုနှစ်‌နောက်ပိုင်း အမျိုးသားလွှတ်‌တော်မှာ ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ဆက်ပြီး‌တော့ ဦးစား ‌ပေးလုပ်‌ဆောင်သွားပါ့မယ်။

– မဲဆန္ဒရှင်‌တွေအတွက် အ‌ခြေခံလိုအပ်ချက်‌တွေက ဘာလဲဆိုတာ နည်းနည်းထပ်‌ပြော‌ပေးပါဦး။
မဲဆန္ဒရှင်‌တွေမှာ‌တော့ လက်ရှိမှာ ကိုယ့်ဟာကိုယ် ရပ်တည်‌နေရတယ်။ စီးပွား‌ရေးမူဝါဒကိုလည်း အစိုးရက လူထုကို အ‌ခြေခံပြီး ချထား‌ပေးတဲ့ မူဝါဒဆိုတာ တိတိကျကျ မရှိ‌သေးဘူး၊ လူထုကို အကာကွယ်‌ပေးထားတဲ့ စီးပွား‌ရေးမူ‌တွေလည်း မရှိ ‌သေးဘူး၊ ဥပမာ ကုမ္ပဏီ‌တွေဝင်လာရင် ‌မြေသိမ်းမှု၊ ယာသိမ်းမှု‌တွေ လူထု‌တွေက အမြဲလိုလို ခံရပါတယ်။ ‌ပြောချင်တာက လူထု အတွက် အဓိကလိုအပ်ချက်က စီးပွား‌ရေးမူဝါဒဖြစ်တယ်လို့ ယူဆပါတယ်။

– ပြီးခဲ့တဲ့ ၂၀၁ဝခုနစ်မှာ အ‌နောက ‌ကော့ကရိတ်မှာ ဝင်‌ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တယ်။ အဲတာဘာ‌ကြောင့်လဲဆိုတာ ‌ပြော‌ပေး လို့ ရနိုင်မလား။
မဲဆန္ဒရှင်အများစုဟာ မွန်လူမျိုး‌တွေဖြစ်တယ်။ မွန်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းတစ်ဦးက အနိုင်ရပြီး ကရင်ပြည် နယ် မွန်ဝန်ကြီးဖြစ်လာတယ်။ ဒီ ၅နစ်အတွင်းမှာ မွန်ဝန်ကြီးတစ်ဦးဟာ လူထုအတွက် ဘာ‌တွေ လုပ်‌ဆောင်‌ပေးနိုင်ခဲ့သလဲဆို တာ မဲဆန္ဒရှင်လူထု‌တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ လာမယ့် ၂၀၁၅မှာဆိုရင် မွန်ပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ် ကျမတို့ ခံစား‌နေရ တဲ့ အကြပ်အတည်း‌တွေကို ‌ဖြေရှင်းနိုင်ဖို့ဆိုတာက လူထုကို ကာကွယ်‌ပေးနိုင်တဲ့ စီးပွား‌ရေးမူဝါဒ ထိန်းညှိနို်င်ဖို့လိုပါတယ်။

– အ‌နော်အ‌နေနဲ့ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ပြိုင်ဘက်ပါတီ‌တွေအ‌ပေါ်မှာ ဘယ်လိုမျိုး သ‌ဘောထားပါသလဲ။
ပြိုင်ဘက်ပါတီအ‌ပေါ်မှာ‌တော့ ကျမအ‌နေနဲ ့လူထုက သူတို့ကို ပိုပြီးယုံကြည်ကိုးစားမယ်ဆိုရင် သူတို့ကို မဲ‌ပေးကြမှာပဲ။ ကျမရဲ့ ‌စေတနာက‌တော့ လူထုကိုလုပ်‌ပေးချင်တဲ့အရာက လက်တစ်ဆုပ်စာရှိတဲ့ လူတစုစာအတွက် ‌ရေးဆွဲထားတဲ့ စီးပွား‌ရေး မူဝါဒ‌တွေကို‌တော့ လက်မခံနိုင်ဘူး။ ကျမကို မဲ‌ပေးကြမယ်ဆိုရင် လူထုအတွက် အကာအကွယ်‌ပေးတဲ့ စီးပွား‌ရေးမူဝါဒဖြစ်ဖို့ လုပ် ‌ဆောင်‌ပေးသွားချင်ပါတယ်။

– ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ဘယ်‌လောက်ထိ ရှိနိုင်မလား။ အ‌နောအ‌နေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။
လွန်ခဲ့တဲ့ ၂၀၁၀‌ရွေး‌ကောက်ပွဲတုန်းက တကယ်ပဲ အကြပ်တည်းရှိခဲ့တာအမှန်ပါ။ အခုလာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ လည်း မဲဆွယ်ကာလ ရက်‌ပေါင်း ၆ဝလုံးလုံးအတွက် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ကြိုတင်ထား‌ပေးရပါတယ်။ အကယ်၍ မတင် ထားဘူးဆိုရင် မဲဆွယ်ခွင့်‌တွေကို ‌ကော်မရှင်က ကန့်ကွက်မယ့် အ‌နေအထားမျိုး ရှိလာနိုင်မယ်လို့ ကျမ ထင်တယ်။ ဒါက‌တော့ ‌ကော့ကရိတ်မြို့နယ်‌ကော်မရှင်က ကျမတို့ကို ‌ပြောထားတယ်။ ဒါ‌ကြောင့် ကျမတို့က ကိုယ်စားလှယ်‌လောင်း စာရင်းတင်ပြီး ကိုယ်စားလှယ်‌လောင်းစာရင်း ထွက်လာတာနဲ့ မဲဆွယ်မယ့် ခရီးစဉ် ရက်‌ပေါင်း ၆ဝစာကို တင်‌ပေးရမယ်။ ကျမတို့ဘက်က လူထု ‌တွေဆန္ဒအရ သွား‌ရောက်ပြီး မဲဆွယ်ရတဲ့သ‌ဘောမဟုတ်တာမို့ ‌ကော်မရှင်ရဲ့ လုပ်‌ဆောင်ချက်‌တွေက ကျမတို့အ‌နေနဲ့ နည်းနည်း စိတ်အ‌နှောက်ယှက်ဖြစ်တယ်။ ကျမတို့ကို အကုန်လုံး ထိန်းချုပ်ထားချင်တာ ‌တွေ့ရပါတယ်။ မဲဆွယ်တာအစ‌ပေါ့‌လေ။ အခု မဲစာ ရင်း‌တွေ ကျမတို့‌တောင်းတဲ့အခါမှာ မ‌ပေး‌သေးတာတို့ရှိတယ်၊ မဲစာရင်း‌တွေက ဘယ်‌တော့ရမလဲဆိုတာလည်း မသိရ‌သေးဘူး။ မဲစာရင်း‌တွေမှာလည်း မဲ‌ပေးတဲ့စာရင်း‌တွေ ကျန်တဲ့သူ‌တွေ အများကြီးရှိတယ်၊ ကျမ‌တောင် မဲစာရင်းထဲမပါတာ ‌တွေ့ရတယ်။

– အဲလိုဖြစ်‌နေတဲ့အ‌ပေါ်မှာ လွတ်လပ်ပြီးမျှတတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်‌အောင် အ‌နောတို့အ‌နေနဲ့ ဘယ်လိုလုပ်‌ဆောင်သွားဖို့ ‌မျှော်မှန်း ထားသလဲ။
အခုသိရသ‌လောက်‌တော့ ဥက္ကဋ္ဌ ဦးတင်‌အေးက အီးယူနဲ့ နားလည်မှုစာချွန်လွှာ ‌ရေးထိုးထားတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း‌နေသလို ကျမတို့နဲ့လူထု‌တွေလည်း ဒါကို ‌စောင့်ကြည့်‌နေတယ်။ တခု ရှိတာက ‌ကော်မရှင်က အ‌ပြောင်းလဲများတဲ့အ‌ပေါ် ကျမအ‌နေနဲ့ မနှစ်သက်ဘူး။ ဘာဖြစ်လဲဆို‌တော့ ပါတီ‌တွေကိုယ်စားလှယ် ‌လောင်း စာရင်းတင်တာကို ဩဂုတ်လ ၈ရက်‌နေ့‌နောက်ဆုံးက‌နေပြီး ဩဂုတ် ၁၄ရက်‌နေ့ဖြစ်သွားတယ်။ တခါ ဩဂုတ် ၁၄ရက် ‌နေ့က‌နေ ဩဂုတ် ၃၁ရက်‌နေ့အထိ ကိုယ်စားလှယ်‌လောင်း အမည်စာရင်း‌တွေကို ‌နောက်ဆုံးပြန်‌ရွှေ့‌နေတာ ကျမတို့အ‌နေနဲ့ ‌ပြော ရရင် ‌ကော်မရှင်က တသမတ်တည်းမရှိဘူး။ ‌ခေါင်း‌ဆောင်အ‌နေနဲ့‌တော့ စိတ်တသမတ်တည်းရှိဖို့လိုတယ်။ မဲဆန္ဒနယ်‌မြေ‌တွေကို လည်း ဘယ်နယ်‌တွေ ပိတ်ထားပါတယ်၊ ဖွင့်ထားပါတယ်ဆိုတာ ကြိုတင်‌ကြေငြာထားဖို့လိုတယ်။ အခုအချိန်ထိ မသိရ‌သေးဘူး။ ၂၀၁ဝတုန်းကလိုမျိုး ‌ရွေး‌ကောက်ပွဲကျင်းပဖို့ ရက်နဲ့ကပ်မှ မဲဆန္ဒနယ်‌တွေကို ဖြုတ်ပစ်တာမျိုး ရှိခဲ့ဖူးတယ်။ အဲလိုထပ်လုပ်မှာကို လည်း ကျမတို့က စိုးရိမ်တယ်။

– နယ်‌မြေ လုံခြုံမှုမရှိတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁ဝ တုန်းက မဲဆန္ဒနယ်‌မြေ‌တွေကို ‌ကော်မရှင်က ပိတ်ထားတာ‌တွေ ရှိခဲ့ဘူးတယ်။ အခု အ‌နောဝင်ပြိုင်မယ့်‌နေရာ‌တွေက KNU ထိန်းချုပ်နယ်‌မြေ‌တွေထဲမှာလည်း အချို့ပါ‌နေတယ်ဆို‌တော့ မဲဆန္ဒနယ်အတွက် ဘာ ကြားထားတာ‌တွေ ရှိ‌သေးလဲ။
အခု ‌ကော့ကရိတ်‌မြောက်ပိုင်း မဲရုံ ၃၂ရုံမှာဆိုရင် ၆ရုံး‌လောက် ပိတ်ဖို့ရှိတယ်။ အထူးသဖြင့် ‌ကော့ကရိတ်‌မြောက်ပိုင်း အံဖကြီး၊ အံဖ‌လေး၊ ‌နောင်ကိုင်းဖက်နဲ့ ထို့‌ကော်ကူးဖက် ရွာ‌တွေမှာ ပိတ်ဖို့ရှိတယ်လို့ ကြားသိရတယ်။ ‌ကော်မရှင်က‌တော့ တရား ဝင် ထုတ်‌ပြောတာ‌တွေ‌တော့ မရှိ‌သေးဘူး။ ‌ကော့ကရိတ်‌တောင်ပိုင်းမှာလည်း အလှမ်း‌ဝေးတဲ့‌နေရာ‌တွေက မဲရုံပိတ်ဖို့ရှိတယ်လို့ ကြားတယ်။ ဒါ‌ပေမဲ့ တရားဝင် မထုတ်ပြန်‌သေး‌တော့ အတည်လို့ မယူဆနိုင်‌သေးဘူး။ ဒါကို ‌စော‌စော‌ကြေညာ‌ပေးနိုင်ရင်‌တော့ ပို‌ကောင်းတယ်။ ဥပမာ လွန်ခဲ့တဲ့ ၂၀၁ဝတုန်းကဆိုရင် သမိန်ဒွတ်‌ကျေးရွာမှာ တရားဝင် သိထားတာက‌တော့ မဲ‌ပေးခွင့် မရှိဘူး။ တကယ်တမ်း‌တော့ ရွာသား‌တွေရဲ့ မဲ‌တွေကို လူတစ်စုက လာယူသွားတယ်။ သူတို့က မဲထည့်ရတယ်လို့‌တော့ ‌ပြောတယ်။ ကိုယ် စားလှယ်‌လောင်း‌တွေရဲ့ မဲပုံးစာရင်းမှာ‌တော့ သမိန်ဒွတ်‌ကျေးရွာမပါဘူး။ ဒါ‌ပေမယ့် ၂၀၁ဝတုန်းက သူတို့ မဲထည့်ရတယ်။ အဲဒီမဲ ‌တွေက ဘယ်မှာ‌ရောက်သွားလဲဆိုတာ စဉ်းစားကြည့်ရင် အ‌ဖြေ‌ပေါ်မှာပါ။
yuzana3(1)
– လက်နက်ကိုင်အဖွဲ့အစည်း‌တွေက ‌ဒေသခံ မဲဆန္ဒရှင်‌တွေကို ခြိမ်း‌ခြောက်မှု‌တွေ‌ကော ရှိလာနိုင်သလား။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေက‌တော့ မဲဆန္ဒရှင်လူထု‌တွေကို ခြိမ်း‌ခြောက်မှု‌တွေလုပ်တာ မကြားမိဘူး။ ဒါ‌ပေ မယ့် လွန်ခဲ့တဲ့ ၂၀၁ဝတုန်းက မဲထည့်တဲ့‌နေ့မှာမှ ‌ကော့ကရိတ်တပ်ရင်းက‌နေ တတန်ကူးရွာကို အ‌မြှောက်နဲ့ပစ်ချ‌တော့ မဲလာ ထည့်မယ့်လူ‌တွေက ‌ကြောက်ပြီး မဲလာမထည့်ရဲကြတာ‌တွေ ရှိခဲ့ဘူးတယ်။ ဘာ‌ကြောင့်ပစ်ရသလဲ အ‌ကြောင်းပြချက်ကို‌တော့ ပစ်တဲ့ တပ်ရင်းကို‌မေးကြည့်မှ သိနိုင်မယ်။

– အမျိုးသမီး ကိုယ်စားလှယ်‌လောင်း‌တွေ ဝင်‌ရောက်ယှဉ်ပြိုင်တာ နည်း‌နေတာကို‌တွေ့ရတယ်။ လွှတ်‌တော်မှာလည်း အမျိုးသမီး အ‌ရေအတွက် အားနည်း‌နေတယ်။ အဲဒါဘာ‌ကြောင့်လဲလို့ ထင်ပါသလဲ။
ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီက‌နေ ဝင်‌ရောက်အ‌ရွေးခံမဲ့သူ ကိုယ်စားလှယ်‌လောင်း ၄၃‌ယောက်မှာ အမျိုးသမီး ၆ဦးပါ တယ်။ အမျိုးသမီး‌တွေ လွှတ်‌တော်မှာ ဝင်အ‌ရွေးခံဖို့ နည်းရခြင်းက နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲ‌ရေး သိသိသာသာ မဖြစ်လာတဲ့အ တွက်‌ကြောင့် စိတ်ဓါတ်ကျတာ‌တွေလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်ထိ ‌ကျောင်းသားလူငယ်‌တွေ၊ မီဒီယာသမား‌တွေ‌ရော၊ လယ် သမား‌တွေ ‌တော်‌တော်များများ‌ရော ‌ထောင်ထဲ‌ရောက်သွားကြတဲ့ကိစ္စ‌တွေက ဒီမိုက‌ရေစီအ‌ရွေ့အတွက် ခြိမ်း‌ခြောက်မှု‌တွေ ဖြစ် ‌စေတယ်။

– အခုလို အမျိုးသမီးတစ်ဦးအ‌နေနဲ့ ကိုယ်စားလှယ်‌လောင်းဝင်ယှဉ်ပြိုင်တဲ့အခါ ဘာ‌တွေစိန်‌ခေါ်မှု‌တွေ ရှိသလဲ။
ကျမအ‌နေနဲ့‌တော့ ကြီးမားတဲ့ စိန်‌ခေါ်မှုမျိုး မရှိပါဘူး။ မဲဆန္ဒရှင်လူထု‌တွေလည်း ကျမကို ကြိုဆိုပါတယ်။ အခက်အခဲ ‌တွေ‌တော့ ရှိတာ‌ပေါ့။ ကျမရဲ့ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်‌လောင်း ၆ဦးဝင်ပြိုင်မယ်။ အချို့ကိုယ်စားလှယ်‌လောင်း‌တွေက ကျမ တို့ရဲ့ ပါတီကို ပုံမှားရိုက်တာတို့၊ ဖလုံ-စ‌ဝေါ်ပါတီဟာ သူတို့ပါတီနဲ့ အတူတူဆိုသလို မဲဆန္ဒရှင်‌တွေကို ဇ‌ဝေဇ‌ဝေါ လုပ်တာတို့‌တော့ ရှိတယ်။ အခြား အခက်ခဲကြီးကြီးမားမား‌တော့ မ‌တွေ့ရ‌သေးဘူး။

– မဲဆန္ဒရှင်လူထုများအတွက် ‌နောက်ထပ် ဘာ‌တွေ ဖြည့်စွက် ‌ပြောကြားချင်ပါသလဲ။
ကျမ‌ပြောချင်တာက‌တော့ အချို့လွှတ်‌တော်ကိုယ်စားလှယ်‌တွေက သူတို့မဲဆန္ဒရှင်‌တွေကို ခွဲခြားဆက်ဆံတာ‌တွေရှိ တယ်။ သူတို့ကို မဲ‌ပေးတဲ့သူ‌တွေကိုပဲ လုပ်‌ဆောင်‌ပေးပြီး မဲမ‌ပေးတဲ့ ရွာ‌တွေကို‌တော့ သူတို့ လစ်လျူရှု ထားတာ‌တွေရှိတယ်။ အကယ်၍ ကျမ အနိုင်ရခဲ့ရင် ကျမကို မဲထည့်ခဲ့တဲ့သူပဲဖြစ်ဖြစ်၊ မဲမထည့်‌ပေးတဲ့သူ‌တွေပဲ ဖြစ်ဖြစ် သူတို့အကျိုးအတွက် ကျမ တတ်နိုင်သ၍ လုပ်‌ဆောင်‌ပေးမယ်လို့‌တော့ ဆုံးဖြတ်ထားပါတယ်။

‌နော်ယုဇနဝါ၏ ကိုယ်‌ရေးအကျဉ်း
ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌နောင်ကိုင်း‌ကျေးရွာ၌ ‌မွေးဖွားခဲ့ပြီး ဖားအံမြို့၊ အ.ထ.က(၁)‌ကျောင်းတွင် ဆယ်တန်း‌အောင် မြင်ခဲ့ပြီး၂၀၀၁ခုနှစ်တွင် ဥပ‌ဒေဘွဲ့ရရှိခဲ့သည်။ တက္ကသိုလ်‌ကျောင်းတက်‌နေစဉ် ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း၌ ‌စေတ နာ့ဝန်ထမ်း‌ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁ဝခုနှစ်တွင် နိုင်ငံ‌ရေး‌လောကသို့ဝင်‌ရောက်ခဲ့ပြီး ပြည်နယ်လွှတ်‌တော် တွင် ‌ကော့ကရိတ်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်‌မြေမှ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၂ခုနှစ်တွင် ပိုလန်နိုင်ငံ၌ စီးပွား‌ရေးနှင့် လုံခြုံမှုဆိုင်ရာ မဟာဗျူဟာသင်တန်းကို တက်‌ရောက်သင်ကြားခဲ့သည်။ ၂၀၁၃ခုနှစ် တွင် ဆားဗီးယားနိုင်ငံ၌ လူ့အခွင့်အ‌ရေးနှင့် အမှန်တရား ပြန်လည်‌ဖော်ထုတ်‌ရေးဆိုင်ရာသင်တန်း၊ က‌မ္ဘောဒီးယားနိုင်ငံ ဗဟိုဦးစီး ချုပ်ကိုင်မှုစနစ်ဆိုင်ရာ သင်တန်းများကို တက်‌ရောက်သင်ကြားခဲ့သည်။ ဖလုံ(ကရင်)ပညာဖွံ့ဖြိုးတိုးတက်‌ရေးယူနစ်(PEDU) အဖွဲ့ တွင် ဥပ‌ဒေအကြံ‌ပေးအ‌နေဖြင့်လည်း‌ကောင်း၊ မြန်မာအမျိုးသမီးများကွန်ရက်အဖွဲ့နှင့်လည်း အမျိုးသမီး‌ရေးကိစ္စရပ်‌တွေကို ပူး ‌ပေါင်းလုပ်‌ဆောင်လျက်ရှိသည်။