Home သတင်း လုပ်ထုံးလုပ်နည်းနှင့်ညီပါက လက်နက်ကိုင်အဖွဲ့များ မဲ‌ပေးနိုင်ဟု မြို့နယ်‌ကော်မရှင်‌ပြောဆို

လုပ်ထုံးလုပ်နည်းနှင့်ညီပါက လက်နက်ကိုင်အဖွဲ့များ မဲ‌ပေးနိုင်ဟု မြို့နယ်‌ကော်မရှင်‌ပြောဆို

1649

ဩဂုတ် ၂၈ရက်၊ ၂၀၁၅ခုနှစ်။ (စဖန်း‌ရှောင်း၊ ‌စော‌ကျော်ဆန်း)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် လာမည့်‌ရွေး‌ကောက်ပွဲတွင် မဲ‌ပေးပိုင် ခွင့်ဆိုင်ရာ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက မဲ‌ပေးခွင့်ရနိုင်မည်ဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့နယ် ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ ဦးစန်းကြည်က ‌ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်‌တွေအ‌နေနဲ့ ၁၈နှစ်ပြည့်ရမယ်။ နိုင်ငံသားကဒ်ရှိရမယ်။ မဲဆန္ဒရှင်ဆိုင်ရာ ပုံစံ ၆၆/၆ သန်း‌ခေါင်စာ ရင်း၊ ‌နောက် မဲဆန္ဒရှင်ဆိုင်ရာ ဥပ‌ဒေနည်းဥပ‌ဒေများနဲ့အညီ မဲ‌ပေးခွင့်ကို နီးစပ်ရာ ရပ်‌ကျေး‌ကော်မရှင်မှာ ပုံစံဖြည့်စွက်ပြီး မြို့နယ် ‌ကော်မရှင်၊ ပြည်နယ်‌ကော်မရှင်ရဲ့ လမ်းညွှန်ချက်ကို ခံယူကာ မဲဆန္ဒပြုခွင့်ကို ရယူရမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ စသည့်ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာနယ်‌မြေဖြစ်သည့်အတွက် ၎င်းတို့အ‌နေဖြင့် မဲ‌ပေးခွင့်ရှိမရှိ ‌မေးမြန်းရာတွင် ယခုကဲ့သို့ ‌ဖြေကြားသွားခြင်းဖြစ်သည်။

‌ကော့ကရိတ်မြို့နယ်သည် ‌ကေအဲန်ယူ၏ သတ်မှတ်ချက်အရ တပ်မဟာ(၆) ဒူးပလာယာခရိုင်နယ်‌မြေအတွင်း ပါဝင်သည့် မြို့နယ် တစ်ခုဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမျှ မဲကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်း‌ဆောင်ရွက်မှုများ မရှိခဲ့‌ကြောင်းနှင့် မည်သည့်ပြင်ဆင်‌ဆောင် ရွက် ညွန်ကြားထားမှုများမရှိ‌ကြောင်း ၎င်းခရိုင်၏ တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောမိုးအဲ့ဒို့က ‌ပြောသည်။

“ကျ‌နော်တို့နယ်‌မြေထဲမှာ‌တော့ ပါတီ‌တွေက စည်းရုံးခွင့်‌တောင်းခံရင် ကျ‌နော်တို့ လိုက်‌လျော‌ပေးတာ‌တော့ ရှိတယ်။ ကျ‌နော်တို့ အ‌နေနဲ့ မဲထည့်လို့ရမရ‌တောင် မသိဘူး။ ခရိုင်အ‌နေနဲ့ ဒီကိစ္စကို ဘာမှ‌ဆွေး‌နွေး‌ပြောဆိုတာ မရှိသလို ‌ကေအဲန်ယူ ဗဟိုကလည်း ဘာမှညွှန်ကြားထားတာ မရှိ‌သေးပါဘူး”ဟု ‌ပြောသည်။

လာမည့်‌ရွေး‌ကောက်ပွဲအတွက် ‌ကော့ကရိတ်ခရိုင်အတွင်း နိုင်ငံ‌ရေးပါတီ ၁၁ပါတီမှ ပြည်သူ့လွှတ်‌တော်အဆင့် ၇ဦး၊ အမျိုးသား လွှတ်‌တော် ၁၄ဦး ၊တိုင်း/ပြည်နယ်‌ဒေသကြီး လွှတ်‌တော် ၁၃ဦး စုစု‌ပေါင်းကိုယ်စားလှယ်‌လောင်း ၃၄ဦး ဝင်‌ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ ၁၆၇,၃၆၆ဦး မဲ‌ပေးခွင့်ရှိ‌ကြောင်း သိရသည်။

‌ကော့ကရိတ်ခရိုင်၊ ‌ကော့ကရိတ်မြို့နယ်အတွင်း ‌ရွေး‌ကောက်ပွဲကာလတွင် လွတ်လပ်ပြီး တရားမျှတမှုရှိ‌အောင် ‌ဆောင်ရွက်‌ပေး သွားမည်ဖြစ်ပြီး မဲ‌ပေးပိုင်ခွင့်ရှိသူစာရင်းကို ဒုတိယအကြိမ် ထပ်မံ ထုတ်ပြန်ရန်ရှိသည့်အပြင် မဲဆန္ဒနယ်‌မြေ ထပ်တိုးရန် ညှိနှိုင်း ‌ဆောင်ရွက်‌နေ‌ကြောင်းလည်း ‌ကော့ကရိတ်မြို့နယ်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အတွင်း‌ရေးမှူး ဦးစန်းလွင်က‌ပြောသည်။

လာမည့် ‌ရွေး‌ကောက်ပွဲအတွက် ‌ကော့ကရိတ်ခရိုင်တွင်း မဲရုံ‌ပေါင်း ၉၃ရုံ၊ ကြာအင်းဆိပ်ကြီး၏ မြို့နယ်ခွဲတွင် ၆၄ရုံ ဖွင့်လှစ်မည် ဖြစ်‌ကြောင်း ကနဦးစာရင်းများအရ သိရသည်။