Home သတင်း မဲဆန္ဒနယ် ၁၅‌နေရာ‌ကျော် ကရင်အမျိုးသားပါတီ ဝင်ပြိုင်မည်

မဲဆန္ဒနယ် ၁၅‌နေရာ‌ကျော် ကရင်အမျိုးသားပါတီ ဝင်ပြိုင်မည်

1688

ဇူလိုင် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

နိုဝင်ဘာ ၈ရက်‌နေ့တွင် ပြုလုပ်မည့် ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသားပါတီ(KNP) အ‌နေဖြင့် မဲဆန္ဒနယ် ၁၅ ‌နေရာ‌ကျော် ဝင်ပြိုင်သွားမည်ဖြစ်သည်ဟု ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ဇူလိုင်လ ၂၆ရက်‌နေ့တွင် ‌ကေအိုင် စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ KNP က လာမဲ့‌ရွေး‌ကောက်ပွဲမှာ ကနဦး မဲဆန္ဒနယ် ၁၆‌နေရာဝင်ပြိုင်ဖို့ အစည်းအ‌ဝေးမှာ အတည်ပြုလိုက်တယ်။ ဒါ‌ပေမဲ့ ဘယ်သူ၊ ဘယ်‌နေရာပြိုင်မယ်ဆိုတာက‌တော့ ကိုယ်စားလှယ်‌လောင်း အမည်စာရင်းတင်ပြီးမှ ‌ပြောနိုင်မယ်။ ဝင်မဲ့‌နေရာနဲ့ ကိုယ်စားလှယ်က နည်းနည်း အ‌ပြောင်းအလဲ ရှိနိုင်လို့ပါ”ဟု ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

KNP အ‌နေဖြင့် ‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် ဇူလိုင်လ ၂၅ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့ နယ်၊ မရမ်း‌ကျေးရွာ၌ ပါတီဗဟို‌ကော်မတီ အစည်းအ‌ဝေးပြုလုပ်ခဲ့ပြီး မဲဆန္ဒနယ် ၁၅‌နေရာ‌ကျော် ဝင်ပြိုင်ရန်နှင့် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများကို ယင်းအစည်းအ‌ဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ပါတီ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

လာမည့်‌ရွေး‌ကောက်ပွဲတွင် KNP က ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးအများစု ‌နေထိုင်ရာ ပန်းတ‌နော်၊ ‌ကျောင်း ကုန်း၊ ဝါးခယ်မ၊ ‌မြောင်းမြနှင့် အိမ်မဲမြို့နယ်တို့တွင် ပြည်သူ့လွှတ်‌တော်နှင့် တိုင်း‌ဒေသကြီး လွှတ်‌တော်တို့အတွက် ဝင်ပြိုင်သွား မည်ဖြစ်သလို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး‌နေရာ ဝင်ပြိုင်သွား မည်ဖြစ်‌ကြောင်း ပါတီတာဝန်ရှိသူများက ‌ပြောသည်။

ကရင်အမျိုးသားပါတီက ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေမှုအ‌ပေါ် ရန်ကုန်မြို့၊ သမိုင်း၊ ခဝဲခြံရပ်ကွက်၌ ‌နေထိုင်သူ ‌စောထီးမူးက “သူတို့ပါတီက ကရင်ပါတီ‌တွေထဲမှာ ရပ်တည်ချက်၊ မူ‌ကောင်းတာ‌တော့ ‌တွေ့ရတယ်။ တည်‌ထောင်ခဲ့တာလည်း မကြာ‌သေး ‌တော့ ပါတီဝင်‌တွေရဲ့ လုပ်ကိုင်နိုင်မှု အ‌ခြေအ‌နေကိုလည်း ထည့်တွက်ပြီး ကိုယ်စည်းရုံး‌ရေး‌ကောင်းမဲ့ ‌သေချာမယ်ထင်တဲ့‌နေရာ ‌တွေကိုပဲ ဝင်ပြိုင်သင့်တယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ခဝဲခြံ(၁)လမ်း၌ ပါတီရုံးချုပ်ဖွင့်ထားသည့် ကရင်အမျိုးသားပါတီကို ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာလ ၂၄ရက်‌နေ့တွင် တရားဝင် တည်‌ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ ပါတီဝင် အင်အား ၃၀၀ဝခန့်ရှိ‌ကြောင်း ပါတီကပြုစုထားသည့် စာရင်းများအရ သိရသည်။