Home ကဗျာ အိမ်ပြန်ချင်ပြီ

အိမ်ပြန်ချင်ပြီ

2727

(လကင်္ာဒီပ)

ဇွန်လ ၂၃၊ ၂၀၁၅။

အိမ်ပြန်ချင်ပြီဆို‌ပေမယ့်
တို့ရဲ့‌ဒေသမှာ မဟာဝါဒီဘီလူး‌တွေ
‌ခြေချ‌နေ‌သေးသ‌ရွေ့
‌နေ့တဓူဝ ငရဲအိုးထဲ
ဘယ်လိုဇွဲသတ္တိမျိုးနဲ့ ငါတို့ ပြန်ရဲကြမှာလဲ။

အိမ်ပြန်ချင်ပြီဆို‌ပေမယ့်
တို့ရဲ့ ဌာ‌နေရပ်ဝန်းမှာ
‌သွေးသားဆာ ရမက်‌လောက်‌ကောင်ကြီး‌တွေ
အခိုး‌ဝေ ‌လောဘတိုက်‌နေသ‌ရွေ့
‌ရှေ့‌ရေး ရင်မ‌အေးသလို
ငါ့သားပျို သမီးပျို‌တွေအတွက်
ရက်စက်ခြင်း‌တွေ မ‌ပေးဝံ့ဘူး။

အိမ်ပြန်ချင်ပြီဆို‌ပေမယ့်
လုံခြုံမှု မရှိ‌တော့တဲ့ငါ့ရွာ
‌မြေယာအိမ်‌တွေရဲ့သဏ္ဍာန်
သုဿန် တစပြင်လို
အလိုလို‌ခြောက်ခြားခြင်း‌တွေနဲ့
လာခဲ့ဖို့ လက်ယပ်‌ခေါ်‌နေသလိုလို။

အိမ်ပြန်ချင်ပြီဆို‌ပေမယ့်
တကယ့် လက်‌တွေ့ဘဝက
မီးစတစ်ဖက် ‌ရေမှုတ်တစ်ဖက်လူ‌တွေရဲ့
မမြဲတဲ့ ကတိ‌တွေကြားမှာ
တို့‌တွေဟာ အ‌ချောင်အစားခံယူ
ဒီအူတူတူအကွက်‌တွေမြင်လို့
အိမ်ပြန်ဖို့ ‌ခြေလှမ်း‌တွေ‌တောင်
သယ်‌ဆောင်ရန် ဝန်‌လေးလှပါဘိ‌တော့။

အိမ်ပြန်ချင်ပြီဆို‌ပေမယ့်
အိုဘယ့် ဘယ်မလဲ အလုပ်အကိုင်‌တွေ
အ‌ခြေတကျ ‌နေထိုင်နိုင်‌ရေး
ဝမ်းစာ‌ရေး၊ ကျန်းမာ‌ရေး
တို့တ‌တွေ ‌ရှေ့‌ရေး ‌သေချာပါ့မလား
အ‌တွေးများနဲ့ ပူ‌လောင်ကြီး
တမီးလ်(Tamil)‌တွေလို ပုံပြု
အစုလိုက် အပြုံလိုက် အတင်း
အရှင်းခံ‌နေရအုံးမလား
အားလုံးဟာ ဘာမှ အာမခံချက်မရှိ
ပကတိ ‌ကြောက်စရာ‌တွေချည်းပါပဲ။

‌သွေးစွန်းလက်‌တွေနဲ့ နှုတ်ဆက်ပြ
ဒင်းတို့က ယုံကြည်မှု တည်‌ဆောက်သတဲ့
ခပ်ယဲ့ယဲ့ ‌အေးစက်စက်အပြုံး‌တွေ‌ခြွေ
အယုံ‌တွေသွင်း အပင်း‌တွေ‌ကျွေးလို့
တို့ တိုင်းရင်းသား‌တွေကို ခွဲဖို့ကြံ‌ဆောင်
ညီ‌နောင်တို့‌ရေ…တို့‌တွေ အိမ်အပြန်‌ကောင်းဖို့
နင်တို့ ငါတို့ သတိချပ်ချပ်ပြု ကြစို့။