Home သတင်း သံလွင်‌ရေအားလျှပ်စစ်စီမံကိန်းများ ပွင့်လင်းမြင်သာမှုမရှိဟု သံလွင်‌သွေးချင်းအဖွဲ့ ကန့်ကွက်

သံလွင်‌ရေအားလျှပ်စစ်စီမံကိန်းများ ပွင့်လင်းမြင်သာမှုမရှိဟု သံလွင်‌သွေးချင်းအဖွဲ့ ကန့်ကွက်

1234

မတ်လ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံအတွင်းရှိ သံလွင်မြစ်‌ပေါ် တည်‌ဆောက်မည့် မိုင်းတုံနှင့် အခြား‌သော ‌ရေအားလျပ်စစ်စီမံကိန်းများသည် ‌ဒေသခံလူထု အ‌ပေါ် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တိုင်းရင်းသားမြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့များ စု‌ပေါင်းသည့် သံလွင်‌သွေးချင်းများ အဖွဲ့မှ မတ်လ ၁ဝရက်‌နေ့တွင် ရှုတ်ချကန့်ကွက်‌ကြောင်း ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အ‌ပေါ် ယင်းအဖွဲ့၏ ပြန်ကြား‌ရေးတာဝန်ခံ ကို‌နေမျိုးက “အခုသူတို့ ‌ဆောက်မယ့် ဆည်ကြီး‌တွေက အ‌ရှေ့‌တောင် အာရှမှာ အကြီးဆုံးဆည်ကြီး‌တွေ ဖြစ်တယ်။ ‌နောက်ပြီး ပြည်သူ‌တွေကိုလည်း ပွင့်လင်းမြင်သာစွာ မချပြဘူး။ ပြီး‌တော့ ဆည် ‌ဆောက်ဖို့ ဘယ်မှာ စစ်တမ်း‌တွေ ‌ကောက်ယူလဲ။ ဆည်‌ဆောက်မယ့်‌နေရာ‌တွေမှာ လည်း လက်နက်ကိုင်များတဲ့‌နေရာဆို‌တော့ ဘယ်လို‌ကောက်ယူလဲ။ အဲဒါ‌တွေ ချပြသင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ရေကာတာစီမံကိန်းနှင့်ပတ်သက်၍ ဆည်‌ဆောက်သွားရန် ထိုင်းဥပ‌ဒေ သို့မဟုတ် တရုတ်ဥပ‌ဒေများဖြင့် တည်‌ဆောက် မည်‌လောဟု သက်ဆိုင်ရာ အာဏာပိုင်များကို ‌မေးမြန်းသည့်အခါ မြန်မာပြည်တွင်း ဥပ‌ဒေဖြင့် တည်‌ဆောက်သွားမည်ဖြစ် ‌ကြောင်း၊ သို့‌သော် လက်ရှိတွင် မြန်မာပြည်တွင်းဥပ‌ဒေ မရှိ‌သေး‌ကြောင်း တုံ့ပြန်‌ပြောဆိုခဲ့သည်ဟု ကို‌နေမျိုးက ဆက်‌ပြောသည်။

သံလွင်မြစ်‌ပေါ် ဆည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်း ‌နေရာမှန်သမျှသည် မြန်မာအစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက် ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားသည့် ‌နေရာများဖြစ်‌နေသည့်အတွက် ‌ဒေသခံများအ‌ပေါ် နယ်‌မြေစွန့် လွှတ်ရမှုများရှိလာနိုင်သလို ‌နောက်ဆုံးတွင် အမျိုးသမီးနှင့် က‌လေးများသာ ဒုက္ခရရှိလာကြမည်ဖြစ်သည်ဟုလည်း ၎င်းသံလွင် ‌သွေးချင်းများအဖွဲ့က ဆိုသည်။

ထို့အပြင် သံလွင်မြစ်‌ပေါ် ‌ရေကာတာတည်‌ဆောက်ခြင်းသည် ‌ဒေသအတွင်း တည်ငြိမ်‌အေးချမ်းမှုနှင့် ‌ဒေသခံ အကျိုးစီးပွားများ ကို ပျက်ပြား‌စေသည့်အတွက် သံလွင်မြစ်‌ပေါ်၌ တည်‌ဆောက်မည့် မည်သည့်စီမံကိန်းကိုမဆို အ‌လေးအနက် ကန့်ကွက်‌ကြောင်း ယင်းထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု‌အောက် ရှိ‌နေ‌သေးသ၍ သံလွင်မြစ်‌ပေါ် ဘယ်‌ရေကာတာမျှ တည်‌ဆောက်ခွင့်မပြုခြင်းကို ဆက် တိုက် အသိ‌ပေးလှုံ့‌ဆော်သွားမှာ ဖြစ်ပါတယ်”ဟု ကို‌နေမျိုးက ထပ်မံဖြည့်စွက်‌ပြောသည်။

သံလွင်မြစ်‌ရေကာတာစီမံကိန်းများ တည်‌ဆောက်ခြင်း ရပ်ဆိုင်းရန်အတွက် မြန်မာနိုင်ငံမြစ်‌ချောင်းဆိုင်ရာ ကွန်ရက်(Burma Rivers Network – BRN)အဖွဲ့ကလည်း မြန်မာ၊ တရုတ်နှင့် ထိုင်းအစိုးရတို့ထံသို့ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်စွဲဖြင့် အိတ်ဖွင့် ‌ပေးစာတစ်‌စောင် ပို့ထားခဲ့သည်။

သံလွင်မြစ်‌ကြောင်းတစ်‌လျှောက်တွင် ‌ရေကာတာ ၆ခု တည်‌ဆောက်ရန် အစီအစဉ်ရှိပြီး ရှမ်း(သျှမ်း)ပြည်နယ်တွင် ကွမ်းလုံ၊ ‌နောင်ဖာ၊ မိုင်းတုံ၊ ကယားပြည်နယ်တွင် ရွာသစ်နှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီး‌ရေကာတာတို့ ဖြစ်ပြီး ထိုသို့ တည်‌ဆောက် သည့်အခါ ထိုင်းနှင့် တရုတ်ကုမ္ပဏီများအပြင် မြန်မာနိုင်ငံ ကုမ္ပဏီအချို့လည်း စီမံကိန်းတွင် ပါဝင်‌ကြောင်း မြန်မာနိုင်ငံမြစ်‌ချောင်း ဆိုင်ရာကွန်ယက်၏ မှတ်တမ်းအရ သိရသည်။