Home သတင်း KWEG မှဦး‌ဆောင်၍ ဖားအံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ ကျင်းပခဲ့

KWEG မှဦး‌ဆောင်၍ ဖားအံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ ကျင်းပခဲ့

1649

မတ်လ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ ဦး‌ဆောင်ပြီး မတ်လ ၈ရက်‌နေ့က ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများ‌နေ့ကို ရည်စူး၍ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ‌နောင်ပလိန်‌ကျေးရွာ၌ မတ်လ ၁၁ရက်‌နေ့က အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

KWEG မှ ဒါရိုက်တာ ‌နော်စူဇန်နာလှလှစိုးက “ကျမတို့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ကို ဖားအံမှာ လုပ်ပြီးသွားပြီဆို ‌တော့ ဖားအံမှာရှိတဲ့လူက ‌တော်‌တော်သိ‌နေပြီ။ အမျိုးသမီးများ‌နေ့ဆိုတာဘာလဲ။ ရည်ရွယ်ချက်‌တွေ သိ‌နေပြီးဖြစ်လို့ ဒီတစ် ‌ခေါက်‌တော့ ရွာဘက်ကိုဆင်းပြီး လုပ်လိုက်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအခမ်းအနားတွင် ‌ဟော‌ပြောပွဲ၊ ‌ဖျော်‌ဖြေပွဲ၊ အမျိုးသမီးနှင့် ပတ်သက်သည့်လုပ်ငန်းများကို ဓာတ်ပုံ‌တွေ ပြသထားခြင်း၊ အမျိုးသမီးနှင့် ငြိမ်းချမ်း‌ရေး၊ စီ‌ဒေါအ‌ကြောင်း၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီးနှင့် သက်ဆိုင် သည့် ဥပ‌ဒေအ‌ကြောင်းများ စသည်တို့ကို ‌ဟော‌ပြောခဲ့သည်ဟု ‌နော်စူဇန်နာလှလှစိုးက ဆက်‌ပြောသည်။

အခမ်းအနားသို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ အမျိုးသမီးအဖွဲ့များကွန်ယက်(WON)၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက် ‌ရေးအဖွဲ့(KWEG) အပါအဝင် ‌နောင်ပလိန်‌ကျေးရွာအုပ်စုနှင့် ပန်းကုန်း‌ကျေးရွာအုပ်စုတို့ရှိ ‌ကျေးရွာ‌ပေါင်း၂၈ရွာမှ ‌ဒေသခံများ စုစု ‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့သို့ တက်‌ရောက်ခဲ့သူ ‌နော်မိချိုက “အခုလိုမျိုး ကျမတို့ရွာဘက်မှာ ဒီအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ကို လာ‌ရောက်ပြီး‌တော့ လုပ်‌ပေးတာ အတိုင်းမသိ ဝမ်းသာတယ်။ ပြီး‌တော့ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာ အမျိုး သမီးအကြမ်းဖက်မှု‌တွေ အများကြီး ရှိတယ်ဆိုတာ ကျမ မသိခဲ့ဘူး။ ဒီအခမ်းအနားကို တက်‌ရောက်ပြီး‌တော့ သိလာရတယ်။ အခုလိုမျိုး ကျမသိလာတဲ့အတွက် ရွာမှာဆိုရင် အကြမ်းဖက်မှု‌တွေရှိလာမယ်ဆိုရင် ကျမ သွားပြီး ရှင်းပြ‌ပေးမယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောဆိုသည်။

ကရင်အမျိုးသမီးအဖွဲ့အစည်းများ ဦးစီး၍ ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ ကို ဖားအံမြို့ရှိ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် စတင် ပြုလုပ်ကျင်းပခဲ့သည်။

၁၉၀၈ခုနှစ်က အ‌မေရိကန်ပြည်နယ်၊ နယူး‌ယော့ခ်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများသည် ၎င်းတို့၏ အလုပ်ချိန်များ ‌လျှော့ ‌ပေး‌ရေး၊ လစာတိုး‌ပေး‌ရေးနှင့် မဲ‌ပေးခွင့်ရရှိရန်အတွက် ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည်။ ထို‌နေ့ကို အစွဲပြု၍ ပထမဆုံး အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများ‌နေ့ဟု သတ်မှတ်ကာ အ‌မေရိကန်ဆိုရှယ်လစ်ပါတီက ၁၉ဝ၉ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့တွင် စတင် ‌ကြေညာခဲ့သည်။ မြန်မာနိုင်ငံ၌မူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ကို ၂ဝ၁၂ခုနှစ်၌ စတင်ကျင်းပလာခဲ့သည်။