Home သတင်း ကရင်စာ‌ပေ တီထွင်ဆန်းသစ်မှုများ ထပ်မံ မပြုလုပ်ရန် ‌ကေအဲန်ယူ တိုက်တွန်း

ကရင်စာ‌ပေ တီထွင်ဆန်းသစ်မှုများ ထပ်မံ မပြုလုပ်ရန် ‌ကေအဲန်ယူ တိုက်တွန်း

1532

မတ်လ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်လူမျိုးများသည် မျိုးနွယ်စုကွဲပြားမှုများပြားပြီး စာ‌ပေတီထွင်မှု ‌ပေါများ‌နေသည့်အ‌ပေါ် ကရင်စာ‌ပေများကို ထပ်မံ၍ တီထွင်မှု မပြုလုပ်ရန် ဧရာဝတီတိုင်း ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာအုပ်စု ‌ကျောင်း‌တော်‌လေးရွာတွင် ကျင်းပသည့် ‌ကျောင်း ချိန်ပြင်ပ ကရင်စာ‌ပေသင်ကြားခြင်း သင်တန်းဆင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ‌ပြောဆိုခဲ့သည်။

‌ကျောင်း‌တော်‌လေးရွာတွင် မတ်လ ၂၅ရက်‌နေ့က ပြုလုပ်သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေ သင် ကြားခြင်း သင်တန်းဆင်းပွဲသို့ တက်‌ရောက်သည့် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်းက သင်တန်းဆင်းပွဲ တက်‌ရောက်သည့် သင်တန်းဆင်း‌ကျောင်းသား‌ကျောင်းသူများ အပါအဝင် ‌ဒေသခံ ကရင်လူငယ်များနှင့် ရပ်မိရပ်ဖများကို ထိုသို့ တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကရင်စာ‌ပေဟာ ကရင်လူမျိုးများ စုစည်းရာမှာ အ‌ရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်‌နေပါတယ်။ ကရင်စာ‌ပေ‌တွေကို‌တော့ အသစ် တီထွင်မှု‌တွေ မလုပ်ကြပါနဲ့။ လက်ရှိ ‌ကေအဲန်ယူဟာ အမျိုးသား‌ရေးနဲ့ ဖက်ဒရယ်အ‌ရေးကိစ္စ‌တွေ ဦးစား‌ပေး လုပ်‌ဆောင် ‌နေ‌ပေမယ့် ကရင်စာ‌ပေမြှင့်တင်‌ရေးတဲ့ စာ‌ပေအဖွဲ့‌ခေါင်း‌ဆောင်‌တွေကို ‌ထောက်ခံတဲ့အပြင် တတ်နိုင်သမျှလည်း ကူညီ‌ပေးသွား မယ်”ဟု ပဒို‌စောသမိန်ထွန်းက ဆိုသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်း၊ ပဒိုမန်းငြိမ်း‌မောင်နှင့် ‌ကေအဲန်ယူ ဗဟို စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်းတို့က တက်‌ရောက်အား‌ပေးခဲ့ကြပြီး ‌ဒေသခံ ကရင်လူငယ်‌မောင်မယ် များနှင့် သင်တန်းဆင်း‌ကျောင်းသား‌ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစု‌ပေါင်း ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

သင်တန်းဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်စီစဉ်သူတစ်ဦးဖြစ်သူ ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာအုပ်စု ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းမြင့်ဝင်းက “နိုင်ငံ‌တော်အစိုးရ၏ လမ်းညွှန်လုပ်‌ဆောင်ခွင့်‌ပေးတဲ့ အခွင့်အ‌ရေးအ ‌ပေါ် ကရင်စာ‌ပေကို ထိန်းသိမ်းမြှင့်တင်တာ ဖြစ်တယ်။ ပြီး‌တော့ ကရင်စာ‌ပေကို ‌နောင်တွင် နိုင်ငံ‌တော်အဆင့် ‌ကျောင်းသုံးဘာ သာတစ်ရပ်အ‌နေနဲ့ ထည့်သွင်းနိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့ ဒီသင်တန်းကို ကျ‌နော်တို့ ရည်ရွယ်လုပ်‌ဆောင်တာဖြစ်ပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောဆိုသည်။

‌ကျောင်းပြင်ပချိန် ကရင်စာ‌ပေသင်ကြားခြင်း သင်တန်းဆင်းပွဲကို ‌တော‌ကျောင်း‌ကျေးရွာအုပ်စုမှ ‌ကျေးရွာ‌ပေါင်း ၁ဝရွာအတွင်းရှိ မူလတန်း‌ကျောင်းများတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းတက်‌ရောက်သည့် ‌ကျောင်းသား‌ကျောင်းသူ ဦး‌ရေ ၃၁၉ဦးနှင့် သင်ကြားသူ များအဖြစ် ‌ဒေသခံ‌ကျေးရွာ ကရင်ဆရာ ၃ဦး၊ ဆရာမ ၉ဦးတို့က ပါဝင်ကူညီခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် သင်တန်းဆင်းပွဲတွင် ကရင်က‌လေးလူငယ်များအား မိခင်ဘာသာစကား ‌ပြောဆိုရန်နှင့် အ‌ရေးအဖတ် တိုးတက်‌စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျဘမ်းစကား‌ပြောဆိုခြင်း၊ သီချင်းနှင့် ရိုးရာဝါးညှပ်အက၊ ဒုံးအကနှင့် ယဉ်‌ကျေးမှုသရုပ်ပြခြင်း စ‌သော ‌ဖျော်‌ဖြေ‌ရေးများဖြင့် ကရင်လူငယ်များက အခမ်းအနား တက်‌ရောက်သူများအား ‌ဖျော်‌ဖြေခဲ့ကြသည်။

ပန်းတ‌နော်မြို့နယ်အတွင်းရှိ အလားတူ သင်တန်းဆင်းပွဲများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က နံဂါတ်ရိုးရာ ‌ကျေးရွာတွင်တစ် ကြိမ်နှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က ‌ပေါက်‌ချောင်း‌ကျေးရွာတွင်တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။