Home သတင်း ‌ကော်သူး‌လေတပ်မ‌တော်(KAF)တံဆိပ် DKBA စတင် အသုံးပြု‌တော့မည်

‌ကော်သူး‌လေတပ်မ‌တော်(KAF)တံဆိပ် DKBA စတင် အသုံးပြု‌တော့မည်

3145

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

‌ကော်သူး‌လေတပ်မ‌တော်(Kaw Thoo Lei Armed Forces-KAF) ရင်ဘတ်တံဆိပ်ကို ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသား တပ်မ‌တော်(DKBA)အ‌နေဖြင့် မကြာမီကာလအတွင်း စတင်အသုံးပြုမည်ဟု DKBA စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ဗိုလ်မှူးထွန်းထွန်းက “ကျ‌နော်တို့ ရင်ဘတ်တံဆိပ်နှစ်ခုမှ တစ်ခုကို အရင်တုန်းက (DKBA Army)‌နေရာမှာ (Kaw Thoo Lei Armed forces)ကို အစားထိုးမှာပဲ။ ‌လော‌လောဆယ် ဘက်တံဆိပ် ဒီဇိုင်းနဲ့ နမူနာ မှာလိုက်တဲ့ဟာ‌လောက်ပဲ ရှိ‌သေးတယ်”ဟု ဆိုသည်။

KAF စတင်ဖွဲ့စည်းခဲ့ချိန်က လုပ်ငန်းစဉ်အရ ယခုကဲ့သို့ ရင်ဘတ်တံဆိပ်ကို တပ်ဆင်အသုံးပြုသွားခြင်းဖြစ်ပြီး KAF ‌ခေါင်းစဉ် ‌အောက်တွင် ရပ်တည်သွားမည်ဖြစ်‌သော်လည်း နဂိုမူလ DKBA နာမည်မှာ လုံးဝ‌ပျောက်ကွယ်သွားခြင်း မဟုတ်‌ကြောင်းလည်း ဗိုလ်မှူး‌စောထွန်းထွန်းက ဆက်‌ပြောသည်။

ကရင်အမျိုးသားလက်နက်ကိုင် ‌တော်လှန်‌ရေးတပ်ဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း ‌ရေး‌ကောင်စီ(KNU/KNLA-PC)တို့က KAF အဖြစ် ပြန်လည်‌ပေါင်းစည်းလိုက်‌ကြောင်း ယခုနှစ် ‌အောက်တိုဘာ ၁၃ရက်‌နေ့က ထုတ်ပြန်ခဲ့ပြီး‌နောက် DKBA အ‌နေဖြင့် ယခုကဲ့သို့ KAF တံဆိပ်ကိုအသုံးပြုရန် ဆုံးဖြတ်လာခဲ့ခြင်းဖြစ်သည်။

DKBA မှ KAF တံဆိပ်ကို စတင်အသုံးပြုမည့်အ‌ပေါ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဒေါနအ‌ရှေ့ဘက်ခြမ်းရှိ လူထုအ‌ခြေပြုအဖွဲ့မှ ကရင်လူငယ် ‌စောတိုးတိုက “အကုန်လုံး KAF တံဆိပ်ကို အသုံးပြုမယ်ဆိုရင် တပ်‌ပေါင်းစုလိုမျိုးဖြစ်သွားတဲ့အတွက် သိပ် ‌ကောင်းတယ်။ DKBA နဲ့ ငြိမ်းချမ်း‌ရေး‌ကောင်စီတို့ဘက်က တပ်ဆင်ဖို့ အခက်အခဲမရှိ‌လောက်ဘူး။ ဒါ‌ပေမယ့် KNLA နဲ့ KNDO တို့ကိုလည်း အသုံးပြု‌စေချင်တယ်”ဟု ‌ပြောသည်။

KAF ဖွဲ့စည်းခဲ့စဉ် ပါဝင်ခဲ့သူ KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြကလည်း “ကျ‌နော်တို့အ‌နေနဲ့က KAF ဖွဲ့စည်းတာ မူအရ အားလုံးသ‌ဘောတူပြီးပြီ။ ဒါ‌ပေမယ့် အဖွဲ့‌တွေအားလုံး စည်းကမ်းတစ်ခုတည်း‌အောက်မှာ ရပ်တည်ရမှာဖြစ်တဲ့အတွက် ဒီကိစ္စဟာ ကျ‌နော်တို့‌တွေ အချိန်ယူပြီး ‌ဆွေး‌နွေးရမှာဖြစ်ပါတယ်။ လာမယ့် ကွန်ကရက်(၁၆ကြိမ်‌မြောက်)မှာ အ‌ခြေအတင် ‌ဆွေး‌နွေးပြီး ‌တော့မှ ဘယ်လိုလုပ်‌ဆောင်ရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

DKBA သည် ပြီးခဲ့သည့် ၁၉၉၄ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)မှခွဲထွက်ကာ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မ‌တော် အမည်ဖြင့် နဝတစစ်အစိုးရနှင့် ပူး‌ပေါင်းခဲ့သည်။ ၎င်း‌နောက် ၂၀၁ဝခုနှစ်တွင် တပ်ဖွဲ့ဝင်အများစုမှာ နယ်ခြား ‌စောင့်တပ်အဖြစ်သို့ ကူး‌ပြောင်းသွားခဲ့‌သော်လည်း ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် တပ်ဖွဲ့ဝင်များကမူ အစိုးရစစ်တပ်နှင့် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့ရာ ၂၀၁၁နှစ်ကုန်ပိုင်းမှသာ ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ကို လက်မှတ်‌ရေးထိုးခဲ့သည်။