Home သတင်း သဘာဝနည်းကျ စိုက်ပျိုး‌ရေးဆိုင်ရာ နည်းပညာကို KORD သင်တန်းပို့ချ

သဘာဝနည်းကျ စိုက်ပျိုး‌ရေးဆိုင်ရာ နည်းပညာကို KORD သင်တန်းပို့ချ

2592

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်ဒုက္ခသည်များ ကူညီ‌စောင့်‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KORD)မှ ဦးစီး၍ ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ဖားအံမြို့နယ်၊ ထီးဖာ့ဒိုထာ့(ပျဉ်းမပင်ဆိပ်) အ‌ရှေ့ဘက်ခြမ်းရွာတွင် သဘာဝနည်းကျ စိုက်ပျိုး‌ရေးဆိုင်ရာ နည်းပညာသင်တန်းတစ်ရပ်ကို ‌အောက်တိုဘာလ ၁ဝရက်မှ ၁၇ရက်‌နေ့အထိ ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။

“ကျ‌နော်တို့‌ဒေသ‌တွေဟာ စိုက်ပျိုး‌ရေးကို အ‌ခြေခံတဲ့အတွက် စိုက်ပျိုး‌ရေးနည်းပညာကို ပိုသိဖို့လိုတယ်။ ဒါကိုကြည့်ပြီး ကျ‌နော် တို့ သင်တန်းလာ‌ပေးတာ ဖြစ်ပါတယ်။ သင်တန်း‌ပေးခြင်းအားဖြင့် သူတို့(‌ဒေသခံ)‌တွေ တတ်ထားတဲ့ မိရိုးဖလာစိုက်ပျိုး‌ရေး ဗဟု သုတနဲ့ ကျ‌နော်တို့က‌ပေးတဲ့ နည်းပညာတို့ကို ‌ပေါင်းစပ်လိုက်ရင် အများကြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်”ဟု KORD ဖွံ့ဖြိုး ‌ရေး အစီအစဉ် တာဝန်ခံ ‌စော‌မော‌လောက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းတွင် KORD မှ သင်တန်းဆရာ/မ ‌လေးဦးက သင်တန်းတက်‌ရောက်လာသည့် ထီးဖာ့ဒိုထာ့ အ‌ရှေ့ဘက်ခြမ်း၊ ထီး ဖာ့ဒိုထာ့ အ‌နောက်ဘက်ခြမ်းရွာနှင့် ‌ကော်ဖိုးခိုတို့မှ ‌တောင်သူ ၁ဝဦးဝန်းကျင်အား စိုက်ပျိုး‌ရေးဆိုင်ရာ ‌မြေတူး‌ဖော်တူးဆွနည်း၊ သဘာဝ‌မြေဩဇာထုတ်လုပ်နည်း၊ အသီးအရွက်စိုက်ပျိုးနည်း၊ သဘာဝပိုးကာကွယ်‌ရေး‌ဆေးရည် ထုတ်လုပ်နည်းအပြင် ‌မြေ ‌အောက်‌ရေထုတ်လုပ်နည်း စသည်တို့ကို လက်‌တွေ့နှင့်တကွ သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။
20141015_152508
သင်တန်းတက်‌ရောက်‌သော ‌တောင်သူ‌စော‌မောင်ဇာက “ကျ‌နော်က လယ်ယာစိုက်ပျိုး‌ရေး၊ ဟင်းသီးဟင်းရွက်ကိုပဲ စိုက်ပျိုးပြီး အသက်‌မွေးဝမ်းလာခဲ့တာပါ။ အခုသင်တန်းဟာ ကျ‌နော်တို့ တတ်သိထားတဲ့ပညာနဲ့ ‌ပေါင်းလိုက်ရင် အကျိုးများစွာ ဖြစ်ထွန်းမှာ ‌သေချာပါတယ်။ ‌နောက် သင်တန်းလာမတက်‌ရောက်နိုင်တဲ့ မိတ်‌ဆွေ‌တွေကို ကျ‌နော်ပြန်သင်ပြ‌ပေးဖို့ ဆန္ဒရှိတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

သင်တန်း၌ KORD သည် စိုက်ပျိုး‌ရေးဆိုင်ရာ နည်းပညာအမျိုးမျိုးတို့ကို တဆင့်ချင်းစီ လက်‌တွေ့လုပ်‌ဆောင် သင်ကြား‌ပေးခဲ့ပြီး ဟင်းသီးဟင်းရွက်အ‌နေဖြင့် မုန်ညှင်း၊ ကန်စွန်း၊ သခွါးနှင့် ရုံးပတီသီးတို့ကို လက်‌တွေ့ စိုက်ပျိုးပြသခဲ့သည်ဟု KORD ဖွံ့ဖြိုး‌ရေး အစီအစဉ် တာဝန်ခံ ‌စော‌မော‌လောက ဖြည့်စွက်‌ပြောဆိုသည်။

အပစ်အခတ်ရပ်စဲ‌ရေးကာလအတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေရှိ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဖာပွန်(မူ‌တြော်) စသည့်ခရိုင်များ၌ အ‌သေးစား ဖွံ့ဖြိုး‌ရေးစီမံကိန်းလုပ်‌ဆောင်နိုင်ရန် အစိုးရမဟုတ်‌သောအဖွဲ့များ ဖြစ်သည့် TBBC နှင့် BRC အဖွဲ့တို့၏ အ‌ထောက်အပံ့ဖြင့် ယခုလို စိုက်ပျိုး‌ရေးနည်းပညာသင်တန်းပို့ချလာသည့်နှင့်အမျှ လတ်တ ‌လော ဖာပွန်ခရိုင်နှင့် သထုံခရိုင်တို့တွင် ပြီးစီးသွားပြီဖြစ်သည်ဟု KORD က ဆိုသည်။

KORD သည် ၁၉၉၃ခုနှစ်က ‌ကေအဲန်ယူ ဗဟိုဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ဖွဲ့စည်းခဲ့သည့် လူထုအ‌ခြေပြု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ပြည်တွင်းစစ်‌ကြောင့် ဒုက္ခ‌ရောက်‌နေကြရ‌သော ကရင်ပြည်သူများအား အကူအညီ‌ပေး‌ရေးနှင့် ကရင်‌ဒေသ ဖွံ့ဖြိုးတိုး တက်‌ရေးတို့ကို လုပ်‌ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။