Home ကဗျာ ညီသား‌နောင်မယ်

ညီသား‌နောင်မယ်

1989

(လကင်္ာဒီပ)

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။

မိခင်‌ကေအဲန်ယူ
ဒီဇမ္ဗ္ဗ္ဗူမှာ ကျွန်ုပ်သည်
ဤမိခင်နဲ့ ‌သွေးရင်းတို့အား
‌လေးစားမြတ်နိုး ချစ်ရိုကျိုး‌သော်လည်း။

တချို့ တချို့ကလည်း
ခုလည်းပြင်းဆဲ ‌နောင်လည်းပြင်းမယ်
တကယ် ‌တော်လှန်‌ရေးလုပ်စား
ကြီးပွား‌ရေး ဖွံ့ဖြိုး‌ရေး
ငြိမ်းချမ်း‌ရေးဘမ်းပြ
လမ်းလယ်က ခလုတ်ကန်သင်းလို
အပို‌တွေလုပ် အရှုတ်‌တွေ ဖွကြတယ်။

တချို့ တချို့ကလည်း
ဇွဲမရှိ အသဲမရှိချင်
ဝင်စို့ထွက်စို့ တိုးလို့တွဲလွဲလုပ်‌နေ
‌လေယူရာတိမ်း
ယိမ်းတဲ့လူစားမျိုးလို
အ‌ချောင်ခို ကုန်းဆင်းလိုက်
ဘယ်သူခိုက်ခိုက် မခိုက်ခိုက်
ခပ်မိုက်မိုက်ပဲ ‌နေကြတယ်။

တချို့ တချို့ကလည်း
ထဲထဲဝင်‌တော်လှန်‌ရေး
ဝဋ့်‌ကြွေး‌တွေ ‌ပေးဆပ်‌နေကြ
ဘဝ‌တွေ ဘဝ‌တွေ လူတန်း‌စေ့ရာ
သမိုင်းတာဝန်‌တွေ မနိုင့်တနိုင်ထမ်း
နွမ်းလျ‌ညောင်းညာတဲ့ ‌ရွှေ‌တောင်ပံ‌တွေ
ဆန္ဒ‌တွေနဲ့ အားတင်းခတ်
စုတ်တသပ်သပ် ဂရုဏာတရားများ
ပွားများနိုင်‌နေကြဆဲ။

တချို့ တချို့ကလည်း
ခဲမှန်ဖူးလည်း သင်ခန်းစာမယူ
အူတူတူ ငြိမ်းချမ်း‌ရေးပွဲ
ခွက်လက်စွဲ ‌တောင်းယူချင်ကြ
ဓန အလှ ပကာသန
ခဏတာ ကြီးပွားခံစား‌ရေး
မိခင်‌သွေးကို ‌ဖောက်‌သောက်ချင်
မိခင်နဲ့ ဖလှယ်‌ပေး‌ဆောင်
ညီသား‌နောင်မယ် အ‌ခေါ်ခံချင်‌နေကြတယ်။

တချို့ တချို့ကလည်း
ပွဲမဝင်ခင် မျှားကုန်ကြ
အပယ်တံခါးပဲ ‌ခေါက်ရ‌ခေါက်ရ
နယ်ခြားပဲ‌စောင့်ရ‌စောင့်ရ
သမိုင်း‌မေ့ ကိုင်း‌ကွေ့
ယ‌နေ့ သူလျှိုဒလန်‌တွေဖြစ်ကြ
အချင်းချင်း ပြန်တိုက်ဖို့ လက်မရွံ့လျက်
ရာသက်ပန်ကျွန်အဖြစ် ‌နေ‌ပျော်ကြ‌လေတယ်။

ဒီလိုဒီလိုနဲ့ပဲ
ဖရိုဖရဲ သီအိုရီ
မညီမညာ ပြာယာယာ‌လေး
‌တော်လှန်‌ရေးကို ခရီးဆက်
အင်း… ရှုတ်ယှက်‌တော့ခတ်‌နေတာပါပဲ မိခင်။