Home သတင်း KWEG ၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ

KWEG ၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ

1975

ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတတ်‌ရေးအဖွဲ့(KWEG)၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ဒီဇင်ဘာ ၁၄ရက်‌နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်‌ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

“ကျမတို့ အဖွဲ့ရဲ့ ဂုဏ်ပြုအခမ်းအနားအ‌နေနဲ့ ဒီဆယ်နှစ်ပြည့်ကို လုပ်တာပါ။ အရင်တုန်းက တခါမှ မလုပ်ပါဘူး။ အခု ဆယ်နှစ်ပြည့်မှ ဂုဏ်ပြုအခမ်းအနားလုပ်တာလည်း ဖြစ်ပါတယ်”ဟု KWEG တာဝန်ခံဖြစ်သူ ‌နော်စူစဲန်နာ လှလှစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း ‌အောင်မြင့် အပါ အဝင် လူမှုအဖွဲ ့အစည်း များမှာတာဝန်ရှိသူများ၊ အသင်းဝင်များ စုစု‌ပေါင်း ၂၀ဝ ‌ကျော်တက် ‌ရောက်ခဲ့ကြသည် ဟု သိရသည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့် က KWEG အ‌နေဖြင့် ကရင်အမျိုးသမီးများအကျိုးအတွက် လုပ်‌ဆောင်‌နေခြင်းကို အပြည့်အဝ‌ထောက်ခံပြီး အားကိုးယုံကြည်‌ကြောင်း၊ သား‌ကောင်းမိခင်များအ‌နေဖြင့် သား‌ကောင်းသမီး‌ကောင်းများကို ‌မွေးထုတ်ပြီး ကရင် အမျိုးသမီးများဖွံ့ဖြိုး‌ရေး၊ အမျိုးသား‌ရေး၊ နိုင်ငံ‌ရေးတာဝန်များကို ကျရာ‌နေရာတွင် ထမ်း‌ဆောင်နိုင်ပါ‌စေဟု ဆုမွန်‌ကောင်း‌တောင်းလို‌ကြောင်း အခမ်းအနားတွင် မိန့်ခွန်းအမှာစကား ‌ပြောကြားခဲ့သည်။

၎င်းအခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဖန်း‌ဖောင်‌ဒေး ရှင်း၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင့်‌ရေးရာ‌ကော်မတီ နှင့် အခြားပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း ဆယ်ဖွဲ့‌ကျော်တို့မှလည်း ဝမ်း‌မြောက်‌ကြောင်း သဝဏ်လွှာ‌ပေးပို့ခဲ့ ကြသည်ဟု KWEG က ဆိုသည်။

တဆက်တည်းမှာပင် KWEG ၏ ဆယ်နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့ရသည့် အ‌တွေ့အကြုံနှင့် ပတ်သက်၍ ‌နော်စူစဲန်နာလှလှစိုးက “ဆယ်နှစ်တာ အ‌တောအတွင်း ဖြတ်သန်းလာခဲ့တာ အဖွဲ့ဝင်များနှင့် အဖွဲ့ရဲ့ အမျိုးသမီး ‌ရေးရာ၊ ပြည်တွင်း ငြိမ်းချမ်း‌ရေးကိစ္စရပ်များကို အများကြီး တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါ‌ပေမယ့် အခက်အခဲ စိန်‌ခေါ်မှု‌တွေနဲ့ ကျမတို့ ကြုံ‌တွေ့‌နေရဆဲပဲ”ဟု အခမ်းအနားတွင် ‌ပြောဆိုသွားခဲ့သည်။

KWEG ကို ၂၀၀၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အင်းစိန်၊ ‌လှော်ကား၊ ဟသင်္တ၊ လပွတ္တာ၊ အင်းတ‌ကော်၊ ပဲခူး၊ ‌တောင်ငူ၊ ဘားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ သံ‌တောင်ကြီး စသည့် နယ်‌မြေ‌ဒေသများတွင် အမျိုးသမီးများအခွင့်အ‌ရေးနှင့် အမျိုးသမီးများနိုင်ငံ‌ရေးတွင် ပါဝင်‌ဆောင်ရွက်နိုင် ‌ရေးတို့ကို ဝန်ထမ်း ၃၂ ဦးနှင့် ‌စေတနာ့ ဝန်ထမ်း ၅ဝဦး တို့ဖြင့် လှုပ်ရှားလျှက်ရှိ‌ကြောင်း သိရသည်။