Home သတင်း ဒုက္ခသည်အသိုင်းအဝိုင်းကို ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌ကေအဲန် ယူ ‌တွေ့ဆုံ‌ဆွေး‌နွေး

ဒုက္ခသည်အသိုင်းအဝိုင်းကို ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌ကေအဲန် ယူ ‌တွေ့ဆုံ‌ဆွေး‌နွေး

1746
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSC08058imgမြန်မာအစိုးရနှင့် လက်ရှိ အပစ်ရပ်ထား‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ၎င်းတို့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် များနှင့် အဖွဲ့‌ပေါ်လစီအချို့ကို မယ်လစခန်းရှိ လူထုအဖွဲ့အစည်းများအား ဩဂုတ်လ ၂၉ရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

‌ဆွေး‌နွေးပွဲ ဦး‌ဆောင်သူ ‌ကေအဲန်ယူ ဗဟိုစည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်းက “အခု‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေမှာ ‌ကေအဲန်ယူနဲ့ အစိုးရက တိုက်ရိုက် ပတ်သက်‌နေ‌ပေမဲ့ ကျန်လူထုအားလုံးကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ရိုက် ခတ်‌နေတာ‌ကြောင့် လူထု‌တွေ‌ရော၊ လူမှုအဖွဲ့အစည်း‌တွေကို‌ရော သိ‌စေချင်လို့ အခုလို ‌တွေ့ဆုံပြီး အသိ‌ပေးရတာပါ”ဟု ‌ဆွေး ‌နွေးပွဲရည်ရွယ်ချက်ကို ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်း လယ်ယာ‌မြေ သိမ်းဆည်းမှုများ၊ စီးပွား‌ရေးကိစ္စများနှင့် ဒုက္ခ သည်များအား ‌နေရပ်ပြန်လည်ပို့‌ဆောင်မည့်သတင်းများ ထွက်‌ပေါ်လျှက်ရှိသကဲ့သို့ ထိုကိစ္စအ‌ပေါ် စစ်တမ်း‌ကောက်ယူမှုများ လည်း ရှိခဲ့သည့်အ‌ပေါ် စိုးရိမ်ပူပန်မှု မဖြစ်‌စေရန်နှင့် ငြိမ်းချမ်း ‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိ‌အောင် လာ‌ရောက်‌ဆွေး‌နွေး‌ပေးခြင်းဖြစ်သည်ဟုလည်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

ထိုသို့‌တွေ့ဆုံရာတွင် ‌ကေအဲန်ယူက မြန်မာအစိုးရနှင့် ‌ဖော်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ခြေအ‌နေများ၊ ‌ကေအဲန် ယူက ၎င်းတို့၏ ‌မြေယာ‌ပေါ်လစီ၊ စီးပွား‌ရေးဆိုင်ရာ ‌ပေါ်လစီများကို ‌ဆွေး‌နွေးတင်ပြခဲ့သလို ကရင်ဒုက္ခသည်‌ကော်မတီ KRC က ထိုင်းအစိုးရ၊ မြန်မာအစိုးရနှင့် UNHCR တို့မှ ဒုက္ခသည်များအ‌ပေါ်ထားရှိသည့် သ‌ဘောထားများ၊ ပြည်တွင်းဌာ‌နေမဲ့ ဒုက္ခသည် ဆိုင်ရာ‌ကော်မတီ(CIDKP)က လက်ရှိကာလ ပြည်တွင်းဌာ‌နေမဲ့‌နေသည့် ဒုက္ခသည်များအ‌ခြေအ‌နေကို ‌ဆွေး‌နွေးခဲ့ကြသည်။

“လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ စခန်းထဲက ဒုက္ခသည်‌တွေထက် ပြည်တွင်းမှာ ‌နေရပ်စွန့်ခွာခဲ့ရသူ‌တွေအတွက် အရင်ဆုံး ပြင်ဆင် စီစဉ်‌ပေးရမှာဖြစ်ပါတယ်။ ဒီလူ‌တွေအတွက် ‌နေရာထိုင်ခင်း စီစဉ်မှု‌တွေ အရင်မလုပ်ဘဲနဲ့ ဒုက္ခသည်စခန်းထဲက လူထု ‌တွေကို ပြန်ပို့မယ်။ ပြန်ပြီး‌နေရာချထားမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”ဟု CIDKP အတွင်း‌ရေးမှူး ‌စော‌တောနီးက ‌ဆွေး‌နွေး ပွဲတွင် ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ ဇိုမီးအမျိုးသမီး Noe Cing က “ကျမ ဒီ‌ဆွေး‌နွေးပွဲ လာတက်တာ မရှင်းလင်းတာ‌တွေ သိသွားသလို တစ်ခါမှ မ‌တွေးဖြစ်ခဲ့တဲ့ ‌မြေယာကိစ္စ‌တွေကို သိလာရတယ်။ တကယ်‌တော့ ကျမတို့အတွက် ‌မြေယာဟာ အသက်တမျှ အ‌ရေး ကြီးပါတယ်။ ကျမတို့ လူမျိုးစု‌တွေအတွက် ကျမတို့ သားစဉ်‌မြေးဆက် ဒီ‌မြေယာဟာ အရမ်းလိုအပ်မှန်း သိလာရတယ်”ဟု ဆို သည်။
DSC08022img
၎င်းအပြင် တစ်‌နေ့တာ ‌ဆွေး‌နွေးမှုများအ‌ပေါ် တက်‌ရောက်လာသူများက မိမိတို့ သိလိုသည်များကို ‌မေးမြန်းခြင်းနှင့် သိရှိရသမျှ သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တက်‌ရောက်လာသူများထံမှ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် ငြိမ်းချမ်း‌ရေးကိစ္စများအ‌ပေါ် သ‌ဘောထားစစ်တမ်း ‌ကောက်ယူမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူမှ လယ်ယာစိုက်ပျိုး‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ဒေါ့‌လေးမှု၊ ဗဟိုစည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို ‌စောလှထွန်း၊ သစ်‌တောဌာနတာဝန်ခံနှင့် ဗဟိုစီးပွား‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ပဒို‌စောဘထွန်း၊ ပဒို‌စောအဲ့ကလူ‌စေး၊ ပဒို‌စော ‌လေ‌စေး၊ မဲလစခန်းရှိတာဝန်ရှိသူများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ တိုင်းရင်းသားကိုယ်စားပြုသူများ အပါအဝင် လူထုအ‌ခြေပြု အဖွဲ့များ၏ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၅၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။ ယခု ဩဂုတ်လ ၁ဝရက်‌နေ့ကလည်း ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ TPC ‌ကျောင်းတွင် အလားတူ ‌ဆွေး‌နွေးပွဲမျိုးကို ‌ကေအဲန်ယူက ပြုလုပ်ပြီးစီးခဲ့သည်။