နေ့စဉ်၊ လစဉ်၊ နှစ်စဉ် အချိန်တိုင်း ဖြစ်ပျက်ပြောင်းလဲနေမှုများ၌ ပဋိပက္ခ၊ ပြဿနာများမှာ ဒွန်တွဲ ပါဝင်နေသည်ချည်းသာ ဖြစ် သည်။ သို့သော် ဤပဋိပက္ခများမှာ သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဖန်တီးလုပ်ဆောင်သူများကြောင့်သာ ဖြစ် လာရခြင်း ဖြစ်ပေသည်။
မြန်မာပြည်တွင်း၏ ပြည်တွင်းစစ် ပဋိပက္ခမှာလည်း နိုင်ငံရေးအပေါ် အခြေခံကာ ဖြစ်တည်ခဲ့ကြရင်းက မတည်ငြိမ်မှုများ၊ မငြိမ်း အေးမှုများကို ပစ္စက္ခတ်အချိန်ထိ မြင်တွေ့ခံစားနေကြရသည်။ လက်ရှိ အစိုးရလက်ထက်တွင် စီးပွားရေးပိတ်ဆို့မှု(စန်ရှင်)များ လျော့ကျလာပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးခဲ့သည်။ ယင်းခွင့်ပြုချက် များ၏ အကျိုးဆက် သက်ရောက်မှုများအဖြစ် စိုက်ပျိုးလယ်ယာမြေများ၊ ဥယျာဉ်ခြံများ၊ ဘိုးဘွားပိုင် မြေလွတ်မြေရိုင်းများကို အဓမ္မသိမ်းဆည်းခံရမှု ပိုမို များပြားလာခဲ့သလို မြေယာအငြင်းပွားမှု တိုင်ချက်များကို ညှိနှိုင်းရန်အတွက် အစိုးရက မြေယာပဋိ ပက္ခ ဖြေရှင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ရသည်။
အပြောင်းအလဲကောင်းတခုကို မြင်တွေ့လိုသည်ဆိုပါက စီးပွားရေးသမားများအနေဖြင့် မိမိ လုပ်ပိုင်ခွင့်အပေါ် ရရှိမည့် အကျိုးအ မြတ်တစ်ခုတည်းကိုသာ မမြင်ဘဲ လူသားဆိုင်ရာ ပိုင်ဆိုင်မှု၊ အခွင့်အရေးများကိုလည်း လေးစားလိုက်နာ လုပ်ဆောင်သွားသင့် သည်။ မိမိ်တစ်ဘို့ ကောင်းစားရေးအတွက်သာ ရှုမြင်၍ လုပ်သွားမိပြီးမှ ဖြစ်ပေါ်လာသည့် ပဋိပက္ခ၊ ပြဿနာများကို နည်းလမ်း ပေါင်းစုံ ရှာဖွေကြံဆ ဖြေရှင်းနေရခြင်းသည် တိုင်းပြည်တခုအတွက် ကောင်းသောရလဒ်မဟုတ်။ မပြုမှီက ပြင်ဆင်သင့်သည်။
ငွေကြေးပိုင်ဆိုင်သူ လုပ်ငန်းရှင်များနှင့် အုပ်ချုပ်သူ လူတန်းစားများသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ အတွေ့အကြုံပေါင်းစုံ ကို သိရှိထားကြသော်လည်း သာမန်လူထု၏ ရေရှည်ဘဝ ထိခိုက်နစ်နာမှုကို လုံးဝ မထည့်တွက်ကြသူများဖြစ်သည်။ ဗမာပြည် တွင် အုပ်စိုးသူများသာ ဦးစားပေးခံ၊ အလေးစားခံ၊ အရိုသေခံရသူများ ဖြစ်နေသည့် ကျင့်ဝတ်ဆိုးမှာ နှစ်ပေါင်းရှည်ကြာစွာ ခေါက် ရိုးကျိုးလာခဲ့သော စနစ်ပျက်၊ စနစ်ဆိုးတစ်မျိုး ဖြစ်သည်။ အစိုးရသာ မြေယာပိုင်ဆိုင်သည်ဟု မှတ်ယူထားသူများကြောင့် သာမန် အလုပ်သမား၊ လယ်သမား လူတန်းစားများမှာ နေစရာမြေမရှိ၊ ခိုစရာအရိပ်မရှိ ဖြစ်ကြရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၅ရက်တွင် ရပ်တန့်ရန် တောင်းဆိုရသည်အထိ ထပ်မံ ဖြစ်ပွားခဲ့သည့် ရခိုင် ပြည်နယ်မှ အကြမ်းဖက်မှုအပြင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ၊ ကချင်စစ်ပြေးဒုက္ခသည်များ၏ ဒုက္ခ၊ နယ်စပ် ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ အခွန်အတုပ်ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာနှင့် ဒုက္ခသည်အရေး အရာများမှာလည်း ပြည်တွင်းစစ် ချုပ်ငြိမ်းစေသည့် ကန္တာရဗမာပြည်၏ ငြိမ်းချမ်းရေး အိုအေစစ်အတွက် လှမ်းလက်စ ခြေလှမ်း များကို နှောင့်နှေးကြန့်ကြာစေသည်။
ထိုနှောင့်နှေးမှုများ ရှိနေသည့် အချိန်ကာလအတွင်း တိုင်းပြည်ကို ချို့တဲ့၊ ဆုတ်ယုတ်၊ ပျက်စီး၊ ယိုယွင်းစေခဲ့သည့် နိုင်ငံရေးစနစ် နှင့် လူမှုပဋိပက္ခ ဒဏ်ပေါင်းစုံကို ခံစားလာခဲ့ရသည့် တိုင်းသူပြည်သားများမှာ ဆက်လက်၍ ထုသားပေသားကျစွာ ရင်ဆိုင်သွား နေရဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရအနေဖြင့်လည်း လွတ်လပ်သည့် ပြည်သူ့ဆန္ဒများနှင့်အတူ အပေါ်ယံမဆန်စွာ လက်တွေ့ ကျကျ၊ စေတနာမှန်မှန် ဒိုးတူဘောင်ဖက် ဖြေရှင်းလုပ်ဆောင်သွားကြစေချင်ပါသည်။