Home သတင်း ‌ကေအဲန်ယူဗဟိုအဆင့် ပြဿနာများ ကို ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ဖြေရှင်းနိုင်‌ရေး လုပ်‌ဆောင်သွားမည်

‌ကေအဲန်ယူဗဟိုအဆင့် ပြဿနာများ ကို ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ဖြေရှင်းနိုင်‌ရေး လုပ်‌ဆောင်သွားမည်

1622
‌အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအဆင့်တွင် လတ်တ‌လော ဖြစ်ပျက်‌နေသည့် ပြဿနာများနှင့် ပတ်သက်၍ ဆက် သွယ်မှုများရရှိကာ အပြန်အလှန် ‌ဆွေး‌နွေးသွားနိုင်‌ရေးကို အချိန်ယူ၍ ဆက်လက် လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း KNLA တပ်မဟာ(၇)မှ တာဝန်ရှိသူ တပ်မှူးတစ်ဦးက ‌ပြောသည်။

၎င်းတပ်မှူးက “ကျ‌နော်တို့အချင်းချင်း ဆက်သွယ်လို့လည်း ရသွားပါပြီ။ ‌ရှေ့ဆက်ပြီး‌တော့ အခုဖြစ်‌နေတဲ့ ပြဿနာ‌တွေကို အားလုံး ‌တွေ့ဆုံကြပြီး အ‌ကောင်းဆုံးဖြစ်‌အောင် ‌ဖြေရှင်းသွားကြ‌တော့မှာပါ”ဟု ‌ပြောသည်။

ထိုအ‌ခြေအ‌နေ‌ကြောင့် KNU ဗဟိုဌာနချုပ်၏ တာဝန်မှ ရပ်စဲခံထားရသည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက ဦး‌ဆောင်ပြုလုပ်မည့် ‌အောက်တိုဘာလ ၁၃ရက်‌နေ့ မြဝတီဆက်ဆံ‌ရေးရုံးမှ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက် ‌ကြောင်း ဖိတ်ကြားထားသူများက သတင်းသမားများအား ယမန်‌နေ့ည‌နေက အ‌ကြောင်းကြားခဲ့သည်။

လက်ရှိအချိန်သည် မြန်မာအစိုးရနှင့် ‌ကေအဲန်ယူအကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရန် ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေသည့် အ‌ရေးကြီး ချိန်ဖြစ်၍ တမျိုးသားလုံး လိုလားသည့် ပန်းတိုင်‌ရောက်ရှိ‌ရေးအတွက် အတူတကွ လက်တွဲလုပ်‌ဆောင်သွားလျှင် ‌ကောင်း မွန်‌ကြောင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ နန်း‌ဖောင်က ‌ပြောဆိုသည်။

၎င်းအပြင် ကရင့်အမျိုးသားအစည်းအရုံး(KNU)အ‌နေဖြင့် ယခုလတ်တ‌လောဖြစ်ပွား‌နေသည့် ပြဿနာများကို ‌ဖြေရှင်းနိုင် ရန်အတွက် နည်းလမ်းများ ရှာ‌ဖွေပြီး အချင်းချင်း အပြန်အလှန် ညှိနှိုင်း‌ဆွေး‌နွေးသွားကြမည်ဖြစ်‌ကြောင်း KNU မှ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်က ကရင်ပြည်သူလူထုထံ အသိ‌ပေးစာတစ်‌စောင် ‌အောက်တိုဘာ ၁ဝရက်‌နေ့က ‌ပေးပို့ခဲ့ သည်။
ထိုစာထဲတွင် ကရင့်‌တော်လှန်‌ရေးကို ဦး‌ဆောင်ဆင်နွဲ‌နေသည့် KNU သည် ကရင်တမျိုးသားလုံးအတွက် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်ပြည်‌ထောင်စုရရှိ‌ရေးအတွက်လည်း အုပ်ချုပ်‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီးဖြစ်၍ ကရင့်တပ် မ‌တော်(KNLA)အ‌နေဖြင့်လည်း မိမိတို့၏ အရည်အချင်းများနှင့်အတူ ၎င်းစည်းကမ်းများကို လိုက်နာရမည်ဟု ‌ရေးသားထား သည်။

ထို့အပြင် ‌ကေအဲန်ယူနှင့် ပတ်သက်၍ ထွက်‌ပေါ်‌နေ‌သော သတင်းများမှာ မဟုတ်မမှန်‌ကြောင်းနှင့် ‌ခေါင်း‌ဆောင်များအ‌နေ ဖြင့်လည်း ကရင်တမျိုးသားလည်း အကျိုး‌ရှေးရှု၍ စည်းစည်းလုံးလုံးနှင့် ပြဿနာများကို ‌တွေ့ဆုံ‌ဖြေရှင်း‌နေကြ‌ကြောင်း လည်း ကရင်ပြည်သူလူထုတစ်ရပ်လုံး သိ‌စေရန် ‌ကေအဲန်ယူဗဟိုမှ ‌ကြေညာချက်တစ်‌စောင်ကို ယမန်‌နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယခင်က အဖွဲ့အစည်းတွင်း ရှိခဲ့သည့် ကွဲပြဲမှုများ‌ကြောင့် တမျိုးသားလုံး၏ အကျိုးစီးပွားကိုသာ ထိခိုက်‌စေခဲ့ပြီး ယခုကဲ့သို့ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ အချင်းချင်း အပြန်အလှန် နားလည်မှုများ ရရှိသွားသည့်အ‌ပေါ် ဝမ်း‌မြောက်ရ‌ကြောင်း ဩစ ‌တြေးလျားနိုင်ငံ‌ရောက် ကရင်လူငယ်တစ်ဦးက ‌ပြောသည်။

သူက “အခုလို အ‌ရေးကြီးတဲ့အချိန်မှာ ကျ‌နော်တို့‌တွေ ညီညီညွှတ်ညွှတ်၊ ကျစ်ကျစ်လစ်လစ်ရှိဖို့ အထူးအ‌ရေးကြီးပါတယ်။ ဒါ‌ကြောင့် ယခုလို ‌ခေါင်း‌ဆောင်‌တွေ ညီညွှတ်မှု‌တွေ ရလာတာက‌နေ ကရင့်တမျိုးသားလုံး အကျိုးကို ဆက်လက်ပြီး ‌တောင်းဆိုတိုက်ပွဲဝင်သွားမယ်လို့လည်း ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

အလားတူ ‌ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာအဆင့် တာဝန်ရှိသူများက အဖွဲ့အစည်း စုစည်းညီညွှတ်‌ရေးကို ဦးတည်သည့် ညှိနှိုင်း‌ဆွေး‌နွေးမှုကို ယခုရက်ပိုင်းအတွင်း လုပ်‌ဆောင်သွားမည်ဟုလည်း ၎င်းတို့အသိုင်းအဝိုင်းအတွင်း ‌ပြောဆို‌နေကြ သည်။

ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် ‌ကေအဲန်ယူ ခရိုင်၊ တပ်မဟာ ‌ခေါင်း‌ဆောင်အချို့ ပါဝင်သည့် ၃၁ဦးပါအဖွဲ့သည် ဖားအံမြို့သို့ စက်တင်ဘာ ၂၇ရက်‌နေ့က KNLA တပ်မဟာများ ဆက်ဆံ‌ရေးဖွင့်ရန် ထွက်ခွာခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ KNU ဗဟိုဌာ နချုပ်မှ ၎င်းတို့၏ အစီအစဉ်မဟုတ်‌ကြောင်း ထို‌နေ့တွင်ပင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သလို KNU ဗဟိုအလုပ်အမှု‌ဆောင် အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စော‌ရောဂျာခင်နှင့် ပဒို‌စော‌ဒေးဗစ်‌ထောတို့ကို တာဝန်မှ ထုတ်ပယ် လိုက်‌ကြောင်း ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့သည်။