Home သတင်း ဆိုင်ကယ်လိုင်စင်လုပ်သူများ အပို အခွန်‌ငွေ ‌ပေး‌ဆောင်ရ

ဆိုင်ကယ်လိုင်စင်လုပ်သူများ အပို အခွန်‌ငွေ ‌ပေး‌ဆောင်ရ

2614
‌အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၏ အခွန်ဌာနမှ ဆိုင်ကယ်လိုင်စင်အတွက် တရားဝင် သတ် မှတ်ထားသည့် ရုံးသုံးနှင့် အ‌ထွေ‌ထွေသုံး စရိတ်တို့အပြင် ‌ခေါင်းစဉ်မရှိသည့် အခွန်‌ငွေ အပို ‌ကောက်ခံမှုကို ဆိုင်ကယ်လိုင် စင်လုပ်သူများက ‌ပေး‌ဆောင်ခဲ့ရသည်။

ယင်းသို့ အပိုအခွန်‌ကောက်ခံမှုကို ကြာအင်းဆိပ်ကြီးမြို့နယ်၏ အခွန်ဌာန မြို့နယ်ဦးစီးမှူး ‌ဒေါ်စန်းစန်း‌အေးက ‌ကောက်ခံ ခြင်းဖြစ်ပြီး ‌အောက်တိုဘာလ ၁ရက်မှ ၁ဝရက်‌နေ့အထိ ဘတ်‌ငွေ ငါးသိန်းနီးပါး ရရှိခဲ့သည်ဟု ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် နီးစပ်သူတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဆိုင်ကယ်လိုင်စင်လာလုပ်တဲ့သူက မ‌ပေးနိုင်လို့ မဟုတ်ဘူး။ ရုံးသုံးစရိတ်နဲ့ အ‌ထွေ‌ထွေသုံးစရိတ်ဆိုပြီး ထိုင်းဘတ်‌ငွေ ၁၄ဝ (မြန်မာ‌ငွေကျပ် ၇‌ထောင်) သီးသန့်‌ပေးရတာက ရှိပြီးသားပဲ။ ဒါ‌ပေမယ့် ဘာ‌ခေါင်းစဉ်မှ မဟုတ်ပဲ (‌ငွေ) ၁၇ဝဘတ် ထပ်‌ကောက်တာ‌တော့ မဖြစ်သင့်ဘူး”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် လိုင်စင်ပြုလုပ်ပြီးစီးသွားသည့် ဘုရားသုံးဆူမြို့မှ မြို့ခံ ဆိုင်ကယ်ပိုင်ရှင်များမှာ အခွန်ဌာန မြို့နယ်ဦးစီး မှူး၏ ‌ခေါင်းစဉ်မပါသည့် အဆိုပါ အခွန်‌ငွေ‌ကောက်ခံမှုကို မ‌မေးမြန်းရဲသလို မည်သည့်အ‌ကြောင်း‌ကြောင့် ‌ကောက်ခံခဲ့သည် ကိုလည်း အခွန်ဌာနမြို့နယ်ဦးစီးမှူးဘက်မှ ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိ‌ပေ။

အမည်မ‌ဖော်လိုသူ မြို့ခံတဦးက “ကျ‌နော်တို့က ဆိုင်ကယ်လိုင်စင်လုပ်တာ ‌ပေး‌ဆောင်ရတဲ့ ဝန်‌ဆောင်ခက သီးသန့်ပဲ။ အဲဒီ ထပ်‌ကောက်တဲ့ဥစ္စာက ဘာအတွက်လဲ‌တော့ မသိဘူး။ ‌ကြောက်လို့ ‌မေးလည်းမ‌မေးရဲဘူး”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဋ္ဌာန (ကညန) နှင့် ကြာအင်းဆိပ် ကြီးမြို့နယ် အခွန်ဌာနတို့က ပူး‌ပေါင်း၍ ပြုလုပ်‌ပေးခြင်းဖြစ်ပြီး လက်ရှိ လိုင်စင်မဲ့ ဆိုင်ကယ်စီး‌ရေ သုံး‌ထောင်ခန့် ပြုလုပ်‌ပေး ခဲ့ပြီး ‌နောက်ထပ် မည်သည့်အချိန်တွင် ထပ်မံ ပြုလုပ်‌ပေးမည်ကို အတိအကျ မ‌ပြောနိုင်‌သေး‌ပေ။

၎င်းအခွန်ဦးစီးမှူး ‌ဒေါ်စန်းစန်း‌အေးသည် ယမန်‌နေ့ မနက်က ကြာအင်းဆိပ်ကြီးမြို့သို့ ပြန်ဆင်းသွားပြီး ‌ခေါင်းစဉ်မရှိဘဲ ‌ကောက်ခံရရှိထားသည့် အခွန်‌ငွေဖြင့် ဘတ်‌ခြောက်‌သောင်းခန့်တန် Wave အမျိုးအစား (ဝမ်းတူးဖက်ဖ်) ဆိုင်ကယ်တစ်စီး ကို ဝယ်ယူသွားခဲ့သည်ဟု ယင်းအစိုးရနှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရသည်။