Home အယ်ဒီတာ့အာဘော် အ‌မှောင်ခွင်း၍ အလင်း‌ဆောင်‌စေ

အ‌မှောင်ခွင်း၍ အလင်း‌ဆောင်‌စေ

1829
အယ်ဒီတာ့အာ‌ဘော် (‌ကေအိုင်စီ)

လူမှုအသိုင်းအဝိုင်းတခုအတွင်း အဆိုး အ‌ကောင်း ဖြစ်တည်‌ပြောင်းလဲမှုများသည် စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ‌နှေး ‌ကွေးမှုများ ရှိသလို မြန်ဆန်မှုများမှာလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားမှုများက သက်‌သေတည်‌နေသည်။ ‌မေတစ်လတည်းအတွင်း၌ မတူညီ‌သော ‌ပြောင်းလဲမှုများစွာ ရှိခဲ့‌ပေရာ တိုင်းပြည်တိုးတက် ‌ပြောင်းလဲရန်အတွက် ကဏ္ဍတိုင်းတွင် လူ့အရင်းအမြစ်များ လိုအပ်‌နေသည့်အ‌ပေါ် သမ္မတ ဦးသိန်းစိန်၏ ပြည်ပ‌ရောက် မြန်မာနိုင်ငံသားများအား ပြည်တွင်းပြန်လာရန် ဒုတိယအ ကြိမ် ဖိတ်‌ခေါ်ခြင်း၊ ဒုသမ္မတ ဦးတင်‌အောင်မြင့်ဦး၏ လုပ်ငန်းတာဝန်မှ နှုတ်ထွက်စာတင်ခြင်း၊ ချင်းအမျိုးသား တပ်ဦး-CNF နှင့် အစိုးရအ ဖွဲ့ ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးခြင်း စသည့်အ‌ကြောင်းတရားများ ဖြစ်ပျက်ခဲ့သည်။

အလားတူ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာသမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့နှင့် သွား‌ရောက် ‌တွေ့ဆုံ စကား‌ပြောဆိုခြင်းများအပြင် မြန်မာနိုင်ငံအ‌ပေါ် အ‌ရေးယူပိတ်ဆို့ထားမှုများကို ဆွစ်ဇာလန်နိုင်ငံက ရပ်တန့်မှုများ၊ က‌နေဒါ ဩစ‌တြေးလျားက အ‌ရေးယူမှု ‌လျှော့ချခြင်းများနှင့် မြန်မာနိုင်ငံ၏ ‌ကြွေးမြီ ‌ဒေါ်လာ ၃.၇ဘီလီယံကို ဂျပန်နိုင်ငံမှ ‌လျှော်‌ပေးခြင်းများ ‌ရေဒီယိုအသံလှိုင်းမှ နားနှင့်ဆတ်ဆတ် ကြားခဲ့ရသလို အင်တာနက်သတင်းများမှလည်း မျက်ဝါးထင်ထင် ဖတ်ရှုသိရှိခဲ့ရသည်။

ထို့အပြင် ကရင်လက်နက်ကိုင်အဖွဲ့-DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလားပွယ်အား ထိုင်းအစိုးရက မူးယစ်ရာဇာအဖြစ် ဘတ်‌ငွေတစ်
သန်းဖြင့် ဖမ်းဝရမ်းထုတ်ခြင်းမှာလည်း လက်ရှိ သွား‌နေသည့် ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် မြန်မာ့နိုင်ငံ‌ရေး ‌ပြောင်းလဲမှုများအ တွက် အိမ်နီးချင်းနိုင်ငံဂယက် လှိုင်းထ‌စေခဲ့သည်။ ကချင်ပြည်နယ်၌ မရပ်တန့်‌သေး‌သော တိုက်ခိုက်မှုကြားမှ စစ်‌ပြေးဒုက္ခသည် ၇‌သောင်း ‌ကျော်အထိ များပြားလာ‌နေပြီး ကချင်အမျိုးသမီးများ အကြမ်းဖက် သတ်ဖြတ်ခံရခြင်းများမှာလည်း ‌ပြောင်းလဲပြုပြင်‌နေသည့် ကာလအ တွင်း မ‌ပြောင်းလဲ‌သေးသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌သော ရာဇဝတ်မှုများပင် ဖြစ်သည်။

အစိုးရသည် အင်းသူအင်းသား လယ်သမားများ၊ စက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှုများကို ထိ‌ရောက်စွာ မ‌ဖြေရှင်းနိုင် ‌သေးသလို မန္တ‌လေး၊ ပြည်၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်မြို့များတွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိ‌ရေး ဆန္ဒထုတ်‌ဖော်သူများအား လျှပ်စစ်မီးပိတ်၍ ဖ‌ယောင်းတိုင်မီးထွန်းကာ ‌နေထိုင်ခြင်းဖြင့် ပြဿနာကို ‌ဖြေရှင်းနိုင်သည်ဟူ‌သော သမ္မတ အကြံ‌ပေး ဦးကိုကိုလှိုင်၏ ‌ပြောစကားများမှာ တာဝန်ယူမှု၊ တာဝန်သိမှုအပိုင်းကို လျစ်လျူရှုရာထက် လူထုကို ‌စော်ကားရာ‌ရောက်သည်။ ဤသို့‌သော အ‌ကြောင်းများ‌ကြောင့် အ‌မေရိ ကန် နိုင်ငံခြား‌ရေးဌာန၏ ‌မေလ ၂၃ရက်‌နေ့က ထုတ်ပြန်သည့် လူ့အခွင့်အ‌ရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေမှာ တိုးတက်မှုနှင့်အတူ စိုးရိမ်စရာ အ‌ခြေအ‌နေများ ရှိ‌နေ‌သေးသည်ကိုလည်း ‌ထောက်ပြထားခဲ့သည်။

မျက်‌မှောက်ကာလတွင် ထာဝရငြိမ်းချမ်း‌ရေး၊ ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးဟု ‌ခေါ်‌ဝေါ်သုံးနှုံးကြ‌စေကာမူ လုပ်သားပြည်သူ တရပ်လုံးက ငြိမ်း‌အေး၍ ချမ်းသာ‌သော လူမှုဘဝကို ငတ်မွတ်လိုလား‌နေကြရင်း မိမိတို့အတွက် အာမခံနိုင်မည့် တရားဥပ‌ဒေစိုးမိုးမှုကို ရယူလိုကြသည်။ ယင်းသို့ ဥပ‌ဒေစိုးမိုးမှသာ နိုင်ငံသားများအတွက် ရာသက်ပန် အလင်းတံခါးပွင့်သွားနိုင်ပြီး မစဲ‌သေး‌သော ‌သေနတ်သံ ကြားက ငြိမ်းချမ်း‌ရေး‌ခြေလှမ်းများကို အသိတရားဖြင့် တဆင့်ချင်း တက်လှမ်းကာ မြန်ဆန်သည့် အ‌ပြောင်းအလဲများ ‌နောက်‌ကြောင်းပြန် လှည့်နိုင်‌ကြောင်းကိုလည်း သတိချပ်ရင်း အ‌မှောင်ကိုခွင်း၊ အလင်းကို‌ဆောင်ကြဉ်း‌သောလမ်းစကို တဖြည်းဖြည်းချင်း ‌ဖောက်ထွင်းသွားရ မည်သာ ဖြစ်‌ပေ‌တော့သည်။