Home အယ်ဒီတာ့အာဘော် ကြံ့ဖွံ့ နှင့် ‌ဒေါ်စု ဘယ်သူ့ကို မဲထည့်မလဲ

ကြံ့ဖွံ့ နှင့် ‌ဒေါ်စု ဘယ်သူ့ကို မဲထည့်မလဲ

1867

အယ်ဒီတာ့ အာ‌ဘော်

ပြီးခဲ့ သည့် ဇန်နဝါရီလ ၁၂ ရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ)နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆိုင်းပြီး တစ်ချိန်တည်းတွင် အစိုးရနှင့် ‌ကေအဲန်ယူ နှစ်ဘက်ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပြည်‌ထောင်စုအဆင့် ရထားပို့‌ဆောင်‌ရေး ဦး‌အောင်မင်းက “ငြိမ်းချမ်း‌ရေးကို မငြိမ်းချမ်းတဲ့‌ဒေသက ပြည်သူ‌တွေ လိုလားကြတယ်” ဟု‌ပြောဆိုသွားခဲ့သည်။

ကရင်လူထုသည် မိမိတို့အတွက် ငြိမ်းချမ်း‌ရေးကို ‌ဆောင်ရွက်နိုင်စွမ်းမည့် ‌ခေါင်း‌ဆောင်ကို လိုလားကြသည်။ အဆိုပါ ‌ခေါင်း‌ဆောင်များကိုလည်း အ‌တွေးအ‌ခေါ်တိမ်း‌ချော်မှားယွင်းမည်ကို စိုးရိမ်‌ကြောင့်ကြ ‌နေကြသည်။ ထို့အတွက်‌ကြောင့် ‌ကေအဲန်ယူ အပါအဝင် ကရင်ပြည်နယ်တွင် ကရင်ဝန်ကြီးများ၊ ကရင်လွှတ်‌တော် အမတ်များ၊ ကရင်ပါတီ‌ခေါင်း‌ဆောင်များတွင် လူထုဝန်တာကို ကုံလုံစွာ ထမ်း‌ဆောင်ဖို့ အချိန်‌ရောက်‌ပေပြီ။ သပ်လျှို‌သွေးခွဲမှု ပုံစံမျိုးစုံ‌ကြောင့် ကရင်လူမျိုးများသည် ဝါးအစည်း‌ပြေ‌လျော့သလို စည်းလုံးညီညွှတ်မှု အားနည်း‌နေကြ‌သော်လည်း ငြိမ်းချမ်း‌ရေးကိုမူ ငတ်မွတ်ငံ့လင့်‌နေကြသည်။

ဤ‌နေရာတွင် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံ‌ရေးဇာတ်ခုံ‌ပေါ် တွင် ငြိမ်းချမ်း‌ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို ဦးတည်‌သောအားဖြင့် ဦးသိန်းစိန်အစိုး၏ ကြံ့ဖွံ့ပါတီနှင့်အပြိုင် နယ်ဆင်း စည်းရုံးလှုပ်ရှားလျက်ရှိသည်။ သူမကိုယ်တိုင်လည်း၊ ဧပြီလ ၁ ရက်‌နေ့တွင် ကျင်းပမည့် ကြားဖြတ်‌ရွှေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ‌ကောမှူးမြို့နယ်မှ ဝင်‌ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဝါးသခင်္‌ကျေးရွှာခံ တစ်ဦးအ‌နေဖြစ်မှတ်ပုံတင်ခဲ့သည်။

‌ကော့မှူးမြို့နယ်သည် ကရင်လူမျိုးအများစု ‌နေထိုင်ရာ‌ဒေသဖြစ်သလို ‌ဒေသခံ အဲန်အယ်လ်ဒီအဖွဲဝင် ကရင်လူမျိုးများကလည်း လူထုအတွင်းစည်းရုံး‌ရေး ဆင်း‌နေကြသည်ဟု ကြားသိရသည်။ ‌ဒေါ်‌အောင်ဆန်း စုကြည် ကိုယ်တိုင်လည်း သူမ၏ စည်းရုံး‌ရေးခရီးစဉ်ကို ဇန်နဝါရီလ ၂၉ ရက်‌နေ့မှစ၍ တနသင်္ာရီတိုင်း၊ မြိတ်၊ ထားဝယ်မြို့များအပြင်၊ မန္တ‌လေး၊ ပုသိမ်မြို့များသို့လည်း သွား‌ရောက်ကာ လူထုနှင့် ထိ‌တွေ့‌ဟော‌ပြောခဲ့သည်။

ဗမာပြည်တွင် ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများမှာ တစ်‌မြေတည်း‌နေ၊ တစ်‌ရေတည်း‌သောက်ကာ အတူတကွ‌နေထိုင်လာခဲ့ကြသည်။ လွတ်လပ်မှု၊ ‌အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ တဆင့်ချင်း ဖြစ်ထွန်းလာမှုကို မျက်‌တောင်မခတ်စတမ်း မျက်လုံး‌ဒေါက်‌ထောက် ‌စောင့်ကြည့်‌နေကြသည်ကိုလည်း ထူထုအကျိုး ‌ဆောင်ရွက်လိုသူများ မ‌မေ့သင့်‌ပေ။

ဇန်နဝါရီလ ၁၅ ရက်‌နေ့တွင် ‌ဒေါ်စုနှင့် ‌တွေဆုံခဲ့သည့် ပြင်သစ်နိုင်ငံခြား‌ရေးဝန်ကြီး အလန်ယူ‌ပေ က လာမည့်ကြားဖြတ်‌ရွှေး‌ကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတမှု ရှိရန် ပြင်သစ်အစိုးရ တိုက်တွန်းသလို ‌နောက်ဆက်တွဲ အဖြစ် ဥ‌ရောပ (အီးယူ) နိုင်ငံများက ဗမာပြည်အ‌ပေါ် စီးပွား‌ရေးပိတ်ဆို့မှုကို တဆင့်ချင်းရုပ်သိမ်းသွားမည်ဖြစ်‌ကြောင်း သတင်း‌ထောက်များအား‌ပြောကြားခဲ့သည်။ အာဆီယံ၊ အီးယူ အပါအဝင် အ‌နောက်နိုင်ငံများကလည်း ‌ပြောင်းလဲဖြစ်‌ပေါ်‌နေသည့် မြန်မာနိုင်ငံ‌ရေး အ‌ပေါ် အ‌ကောင်းဘက်ကို မြင်လိုကြသည်။ နိုင်ငံတကာပြည်သူနှင့် ဗမာပြည်သူ လိုလားမှုများက တသားတည်း၊ တစ်ထပ်တည်းမို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲများ၊ ‌ကျောင်းသားတပ်မ‌တော်နှင့် ဒီမိုက‌ရေစီ အင်အားစုများကို ကြံ့ဖွံ့ အစိုးရက ငြိမ်းချမ်း‌ရေးအတွက် ကမ်းလှမ်း‌နေ၊ အပစ်ရပ်ဆိုင်း‌နေဆဲ ယခုလိုကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ အ‌နေဖြင့် ခြ‌သေင့်္နှင့် ‌ဒေါင်း ဘယ်မဲ‌ကောင်းမလဲဆိုသည်ကို တိကျ‌သေချာစွာ ဆန်းစစ်ပြီး ‌ရွေး‌ကောက်တင်‌မြှောက်နိုင်ပါ‌ကြောင်း ဆန္ဒပြုအပ်ပါသည်။