Home သတင်း ပဒိုမန်းငြိမ်း‌မောင်ကို အစိုးရက ထပ်မံ တရားစွဲ ရုံးထုတ်

ပဒိုမန်းငြိမ်း‌မောင်ကို အစိုးရက ထပ်မံ တရားစွဲ ရုံးထုတ်

2210
‌ဖေ‌ဖော်ဝါရီလ ၉ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)


အင်းစိန်‌ထောင်တွင် ထိန်းသိမ်းခံ‌နေရသည့် ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟို‌ကော်မတီ ‌ခေါင်း‌ဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း‌မောင်ကို ထပ်မံ တရားစွဲဆိုရန် မြန်မာအစိုးရက ယ‌နေ့မနက် ၁၁နာရီခွဲမှ ၁နာရီအထိ အင်းစိန်တရားရုံးတွင် ရုံးထုတ် စစ်‌ဆေးခဲ့သည်။

မြန်မာအစိုးရက ပဒိုမန်းငြိမ်း‌မောင်အား နိုင်ငံ‌တော်ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှု ပုဒ်မ-၁၂၂(၁)နှင့် မတရား အသင်း ပုဒ်မ-၁၇တို့ဖြင့် စွဲချက်တင်ထားပြီး‌နောက်ပိုင်း ယခုလို တရားရုံးထုတ် စစ်‌ဆေးခဲ့ခြင်းဖြစ်သည်ဟု သူ၏အမှုကို လိုက်ပါ‌ဆောင်ရွက် ‌ပေး‌နေသူ ‌ရှေ့‌နေဦးကြီးမြင့်က ‌ပြောသည်။

“အစိုးရက KNU နဲ့ လက်မှတ်ထိုးတဲ့အထိ ကူညီရင် တရားမစွဲ‌တော့ဘူးလို့ သူ့ကို ‌ပြောဆိုပြီးမှ အခုလို ရုံးတင်လိုက်တဲ့ကိစ္စဟာ မဖြစ်သင့်ဘူး”ဟု ပဒိုမန်းငြိမ်း‌မောင်က ‌ပြော‌ကြောင်း ၎င်းအတွက် ‌ရှေ့‌နေလိုက်‌ပေး ‌နေသူ ဦးကြီးမြင့်က ‌ကေအိုင်စီသို့ ပြန် လည် ‌ပြောဆိုသည်။

ပြီးခဲ့သည့်လ ဇန်နဝါရီ ၁၂ရက်‌နေ့၌ မြန်မာအစိုးရသည် KNU ငြိမ်းချမ်း‌ဖော်‌ဆောင်‌ရေးအဖွဲ့နှင့် ပဏာမ ပစ်ခတ် ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှု လက်မှတ်ထိုးပြီး‌နောက် ပဒိုမန်းငြိမ်း‌မောင်အား ငြိမ်းချမ်း‌ရေးလက်‌ဆောင်အဖြစ် လွှတ်‌ပေးမည်ဟု ကတိ‌ပေး ပြီးဖြစ်‌သော်လည်း မလွှတ်‌ပေး‌သေးသည့်အပြင် တရားရုံးထုတ် စွဲချက်တင်သည်အထိ ဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။

အစိုးရက ပဒိုမန်းငြိမ်း‌မောင်အား ပုဒ်မ နှစ်ခုတပ်‌သော်လည်း တပြိုင်နက်တည်း‌ပေါင်း၍ စွဲချက်မတင်ဘဲ တခုချင်းစီ စွဲချက်တင် ခဲ့သည်ဟု ‌ရှေ့‌နေဦးကြီးမြင့်က ယခုလို ‌ဝေဖန်‌ပြောဆိုသည်။

“ပုဒ်မ ၁၂၂ (၁)နဲ့ ပုဒ်မ ၁၇(၁) တပ်ပြီး သူ့ကို တခုစီ စွဲချက်တင်တယ်။ ပြစ်မှုဖြစ်ရင် တမှုစီ မစွဲသင့်ဘူး။ ‌ပေါင်းပြီး စွဲရမယ်။ ဘာ ဖြစ်လို့လဲဆိုရင် လူသတ်မှုတခုဖြစ်တယ် ဆိုရင် ဓါးက တမှု၊ စွဲတာက တမှု၊ ရန်ဖြစ်တာက တမှုဆိုပြီး‌တော့ စွဲလို့မရဘူး။ ဥပ‌ဒေ အရလည်းပဲ ဖြစ်တဲ့အမှု တခုဆိုရင် တခုပဲ စွဲဆိုရမယ်လို့ ပြဌာန်းထားတယ်။”ဟု သူက ‌ပြောသည်။

ထို့အပြင် ပုဒ်မ ၁၂၂ (၁) သည် ‌သေဒဏ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၇(၁) သည် ‌ထောင်ဒဏ် ၂နှစ်မှ ၃နှစ်အထိ ချမှတ်နိုင်‌ကြောင်း သိရသည်။

လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၃ရက်(တနလင်္ာ‌နေ့)တွင် ပဒိုမန်းငြိမ်း‌မောင်အား ထပ်မံ ရုံးထုတ်မည်ဖြစ်ပြီး ယခုလကုန်တွင် စီရင်ချက် ချမှတ်နိုင်‌ကြောင်းကို ‌ရှေ့‌နေကြီးမြင့်က “ရုံးတင်တာက‌တော့ ၃ကြိမ်‌လောက်ပဲ စစ်ပြီး‌တော့ ‌လျှောက်လဲချက်လာမယ်။ ပြီးရင် အမိန့်ချမှာပဲ။ ကျ‌နော်အဲလိုပဲ ထင်တယ်။”ဟု ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အား စွဲချက်တင်ရာတွင် တရားသူကြီး ဦးလှဝင်းက ကြားနာစစ်‌ဆေးပြီး တရားလို သက်‌သေ နှစ်ဦး အပါအဝင် သက်‌သေ ၆ဦးရှိကာ သက်‌သေအားလုံးမှာ ရဲဝန်ထမ်းများဖြစ်သည်ဟု သိရသည်။

၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၂၄ရက်‌နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွား‌ရောက်‌တွေ့ဆုံရန် ပဒိုမန်းငြိမ်း‌မောင်သည် ထိုင်းနိုင်ငံမှတ ဆင့် တရုတ်နိုင်ငံသို့ သွား‌ရောက်ခဲ့သည့် ခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့‌ဆောင်ခံရကာ တရားမဝင် နယ်စပ်ဖြတ်‌ကျော် မှု၊ တရားမဝင် စာရွက်စာတမ်း ကိုင်‌ဆောင်မှု၊ မတရားအသင်းအက်ဥပ‌ဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်‌ထောင်တွင် ‌ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံ‌နေရခြင်း ဖြစ်သည်။

၎င်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တွင် ဗဟို‌ကော်မတီဝင်တဦးဖြစ်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂)ဖွဲ့ဖြင့် ပူး‌ပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ‌ကောင်စီ(UNFC)တွင် ‌ကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။