Home လူထုအသံ ပေးစာကဏ္ဍ ‌နောက်ပြန်လှည့်‌နေ‌သော မွန်ပြည်နယ်၊ သထုံမြို့ စည်ပင်သာယာ

‌နောက်ပြန်လှည့်‌နေ‌သော မွန်ပြည်နယ်၊ သထုံမြို့ စည်ပင်သာယာ

2207
ပြည်သူတစ်ဦး

အ‌မေရိကန်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများကပါ မြန်မာနိုင်ငံအား ‌နောက်ပြန်မလှည့်ဖို့ အတင်းတိုက်တွန်း‌နေတာ ကို ပြည်သူအားလုံးက သိကြမှာပါပဲ။ ‌နောက်ပြန်မလှည့်ပါနဲ့ ဆိုတာကလည်း ပြည်သူ‌တွေကို အစိုးရက ငရဲအိုးထဲ ကို ‌ဇောက်ထိုး ထည့်‌နေလို့ နိုင်ငံတကာက ကြည့်မ‌ကောင်းလို့ လမ်း‌ကြောင်းအမှန်ကို လမ်းပြ‌မြေပုံသဖွယ် တိုက်တွန်းကူညီ‌ပေး‌နေကြတာ ဖြစ်ပါတယ်။

သတင်းမီဒီယာ‌တွေမှာ ‌နောက်ပြန်မလှည့်ဖို့ တိုက်တွန်း‌နေတာကို ‌ရေးသား‌နေကြ‌သော်ငြားလည်း မွန်ပြည်နယ် သထုံမြို့ စည် ပင်သာယာ‌ရေးဌာနက‌တော့ သူများ‌တွေလို ‌ရှေ့မသွားပဲ ‌နောက်ပြန်လှည့်‌နေတာကို သထုံမြို့သူမြို့သား‌တွေသိကြလို့ လွန်စွာ စိတ်မ‌ကောင်းဖြစ်‌နေကြရပါတယ်။ ပြည်သူ‌တွေမှာ‌တော့ အစိုးရမခင်း‌ပေးနိုင်လို့ ကိုယ့်ရပ်ကွက်အတွင်း ကိုယ်‌နေတဲ့လမ်းကို ‌နေထိုင်သူအားလုံးစု‌ပေါင်းထည့်ဝင်ကာ လမ်းခင်းကြရပါတယ်။ လမ်း‌ကောင်း‌အောင် ဦး‌ဆောင်‌ပေးသူ‌တွေက‌တော့ လမ်းမှူး ‌တွေ ဖြစ်ပါတယ်။ ‌နေထိုင်သူအားလုံးကလည်း နဝတလက်ထက်ထဲက ကိုယ့်လမ်းကိုယ်ခင်း ကိုယ့်လမ်းကိုယ်ပြင်စနစ်နဲ့ လုပ်ကိုင်‌နေကြရတာပါ။ နဝတ၊ နအဖလက်ထက်က ပြည်သူ‌တွေစု‌ပေါင်းလမ်းခင်းတာ‌တွေကို ခယက၊ မယကဥက္ကဌ‌တွေက ရာထူးတက်ချင်ကြတာ‌ကြောင့် ပြည်သူ‌တွေ စု‌ပေါင်းလမ်းခင်းတာ‌တွေပြီး‌ရော သူတို့က လမ်းဖွင့်ပွဲလုပ် ပြီး သူတို့ခင်း‌ပေးသ‌ရောင်‌ရောင်နဲ့ သတင်းစာ‌တွေ တီဗွီ‌တွေထဲ ပိုက်ဆံ‌ပေးထည့်ကာ လုပ်‌နေကြတာ ပြည်သူ‌တွေအသိပဲ ဖြစ် ပါတယ်။

ပြည်သူ‌တွေဟာ ပိုက်ဆံကုန်ခံလမ်းခင်းရတာ တစ်မျိုး၊ လမ်းဖွင့်ပွဲလုပ်လို့ ပိုက်ဆံကုန်တာတစ်မျိုး၊ တစ်အိမ်တစ်‌ယောက် မလာ မ‌နေရ အာဏာနဲ့ အတင်း‌ခေါ်ကာ လမ်းဖွင့်ပွဲတက်‌နေရတာ‌ကြောင့် ပြည်သူ‌တွေဟာ ဝန်ထုပ်ဝန်ပိုး အလွန်ဖြစ်ခဲ့တဲ့အပြင် စိတ်ပျက်မှု‌တွေကို အလွန်ခံစား‌နေကြရပါတယ်။ အခု အရပ်သားအမည်ခံ အစိုးရလက်ထက်မှာ ယခင်‌လောက်‌တော့ မဟုတ် ဘူးလို့ ထင်ခဲ့တာ။ အခုလည်း မွန်ပြည်နယ် သထုံမြို့‌ပေါ်မှာ နဝတ၊ နအဖ လက်ထက်ကလိုအတိုင်း ဖြစ်‌နေပါတယ်။ သတင်း စာ‌တွေမှာ လမ်းဖွင့်ပွဲ‌တွေ မ‌တွေ့ရသ‌လောက်ဖြစ်‌နေ‌ပေမဲ့ ကျ‌နော်တို့ သထုံမြို့ စည်ပင်အမှု‌ဆောင်အရာရှိက‌တော့ အုပ်ချုပ် ‌ရေးမှူး‌တွေရဲ အာဏာကို ရယူပြီး ပြည်သူ‌တွေကို အတင်းလမ်းဖွင့်ဖို့ တွန်းအား‌ပေး‌နေပါတယ်။ လမ်း‌ကောင်း‌အောင် ပိုက်ဆံ ‌ကောက်လို့‌ပေးရတာတစ်မျိုး၊ လမ်းဖွင့်ပွဲအတွက် ပိုက်ဆံ‌ကောက်လို့ကုန်တာတစ်မျိုး၊ လမ်းဖွင့်ပွဲမှာ တအိမ်တစ်‌ယောက် အလုပ်ပျက်ခံပြီး မနက်အ‌စောကြီး တန်းစီ‌နေရမဲ့အလုပ်‌တွေဟာ အလွန်စိတ်ပျက်ဖို့‌ကောင်းသလို ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။
ကျ‌နော်တို့ ပြည်သူ‌တွေဟာ လွတ်လပ်‌ရေး‌နေ့၊ ပြည်‌ထောင်စု‌နေ့၊ တပ်မ‌တော်‌နေ့၊ တန်ခူးလပြည့်‌နေ့၊ ကဆုန်၊ ဝါဆိုသီတင်း ကျွတ် လပြည့်‌နေ့၊ တန်‌ဆောင်မုန်းလပြည့်‌နေ့‌တွေလို ‌နေ့ထူး‌နေ့မြတ်‌တွေမှာ ‌ကောင်း‌ကောင်းမ‌နေရပါဘူး။ စည်ပင်က လမ်းဖွင့်ပွဲ‌တွေပဲ တက်‌နေကြရပါတယ်။ မွန်ပြည်နယ် စည်ပင်ညွှန်မှူးက ခိုင်းတာလား၊ ထပ်ပြီးထင်‌ပေါ်ချင်တာလား ဆိုတာပါပဲ။ နိုင်ငံတကာမှာလည်း မိုးပျံလမ်းမကြီး တည်‌ဆောက်သွားတာ ဖွင့်ပွဲ‌တွေ မ‌တွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ‌တော့ အိမ်‌နောက်‌ဖေး လမ်းကြားအဆင့်‌တောင် လမ်းဖွင့်ပွဲလုပ်‌နေတာ‌တွေ့ရ‌တော့ ဒီဝဋ်‌တွေကို ဘယ်‌တော့ကျွတ်မှာလဲ။ ဘယ်‌ခေတ်‌ရောက်မှ ကျွတ်မှာလဲဆိုတာ သမ္မတကြီးကို သိ‌စေချင်ပါတယ်။

ပြည်သူတစ်ဦး