Home ထိပ်တန်းသတင်း စစ်အစိုးရက SSPP/SSA အား ထိုးစစ်ဆင်မှုအ‌ပေါ် မဒတမှ ကန့်ကွက်ရှုတ်ချ

စစ်အစိုးရက SSPP/SSA အား ထိုးစစ်ဆင်မှုအ‌ပေါ် မဒတမှ ကန့်ကွက်ရှုတ်ချ

2065
မတ်လ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ရှမ်းပြည်တိုးတက်‌ရေးပါတီ/ ရှမ်းပြည်တပ်မ‌တော် (SSPP/SSA) အ‌ခြေစိုက်စစ်စခန်းများကို စစ်အစိုးရတပ်များမှ ဆက်တိုက် ထိုး စစ်ဆင်မှုအ‌ပေါ် အမျိုးသားဒီမိုက‌ရေစီ တပ်‌ပေါင်းစု(မဒတ)က အပြင်းအထန် ကန့်ကွက်ရှုတ်ချ‌ကြောင်း ယမန်‌နေ့က ‌ကြေညာ ချက်တ‌စောင် ထုတ်ပြန်လိုက်သည်။

SSPP/SSA အ‌ခြေစိုက်စစ်စခန်းများကို ၂၀၁၁ မတ်လ ၁၃ရက်‌နေ့မှ ၁၅ရက်‌နေ့အထိ စစ်အစိုးရတပ်ဖွဲ့များမှ ဖြတ်‌လေးဖြတ် ပုံစံဖြင့် အပြင်းအထန် ဝင်‌ရောက်တိုက်ခိုက်သည့် စစ်ဝါဒီလုပ်ရပ်မှာ မြန်မာပြည်၏ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးကို တစစီ ဖြိုခွဲခြင်းဖြစ်သည်ဟု မဒတ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

မတ်လ ၁၄ရက်‌နေ့မနက်နှင့် ၁၅ရက်‌နေ့တွင် ရပခနှင့် ရမခ လက်‌အောက်ခံတပ်များသည် SSPP/SSA ကန့်သတ်နယ်‌မြေများ ဖြစ်သည့် “ဟိုနမ့်‌ကျေးရွာ”၊ “ပန်ပျဉ်”၊ နားခါ‌ကျေးရွာအုပ်စု၊ တန့်ယန်းမြို့နယ်နှင့် “နမ့်‌လောင်းရွာ” မိုင်း‌ကောင်‌ကျေးရွာအုပ်စု၊ “‌ကောင်းပုံရွာ”များသို့ ဝင်‌ရောက်တိုက်ခိုက်ခဲ့‌ကြောင်း SSPP/SSA ၏ ပြန်ကြား‌ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မဒတ ဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “SSPP/ SSA ‌နေရာကို နအဖက တဖြည်းဖြည်းနဲ့ဝင်တိုက်တယ်။ ဖြတ်‌လေးဖြတ်ပုံစံနဲ့ ဝင်တိုက်တာ။ အစီအစဉ်အရ ရွာ‌တွေကိုဖျက်၊ လူ‌တွေကို ညှင်းဆဲ၊ အဲဒါ‌ကြောင့် ဒီလိုလုပ်တာမျိုး‌တွေကို ရပ်ပြီး‌တော့ တိုင်းပြည် ရဲ့ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ‌ဖြေရှင်းဖို့‌ပေါ့။ နအဖက အမြဲတမ်း စစ်‌ရေးအရ အကြမ်းဖက်နှိမ်နင်းမှုဟာ မ‌အောင်မြင်ဘူးဆို တာကို သိ‌စေချင်တယ်။”ဟု ‌ပြောသည်။

ယင်းသို့ စစ်‌ရေးအရ ဖိအား‌ပေးမှုများ ဆက်တိုက်ပြုလုပ်‌နေပါက တိုင်းရင်းသား လက်နက်ကိုင်‌ပေါင်းစုံတို့ကလည်း စု‌ပေါင်းခုခံ ‌တော်လှန်နိုင်‌သော‌ကြောင့် ပြည်တွင်းစစ်ကြီး ကျယ်ပြန့်လာမည်ဖြစ်သလို လူထုအုံကြွမှုနှင့် အကြမ်းဖက်မှုများ ပိုများလာနိုင် သည်ဟု ‌စော‌ဒေးဗစ်သက‌ဘောက ဆက်‌ပြောသည်။

ထို့အပြင် စစ်အုပ်စု၏ စစ်ဝါဒီလုပ်ရပ်‌ကြောင့် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံ‌တွေ့‌နေရ‌သော အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထု များကို ထိ‌ရောက်စွာ ကာကွယ်ကူညီရန်နှင့် စစ်အုပ်စု၏ တဖက်သတ် ထိုးစစ်များ ရပ်တန့်‌ပေးရန်အတွက် နိုင်ငံတကာ မိသားစု များအ‌နေဖြင့် ဝိုင်းဝန်းဖိအား‌ပေးလုပ်‌ဆောင်ကြပါရန် ‌ကြေညာချက်တွင် ‌မေတ္တာရပ်ခံထားသည်။

မကြာ‌သေးခင်က ဖွဲ့စည်းခဲ့သည့် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အသီးသီးကလည်း စစ်အုပ်စု၏ တဖက်သတ်ဖိအားကို နိုင်ငံ‌ရေး၊ စစ်‌ရေးနည်းလမ်းတို့ဖြင့် စု‌ပေါင်းကာကွယ်တိုက်ပွဲဝင် ကြပါရန် မဒတတပ်‌ပေါင်းစုက တိုက်တွန်းနှိုး‌ဆော်လိုက်သည်။

မဒတကို တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန် ရည်ရွယ်၍ ၁၉၇၆ခုနှစ်၊ ‌မေလ ၁ဝရက်‌နေ့က မာနယ် ပ‌လော‌ဒေသ (KNU-ဗဟိုဌာနချုပ်‌ဟောင်း)တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၃ဖွဲ့ စု‌ပေါင်းဖွဲ့စည်းခဲ့‌သော်လည်း အဖွဲ့ဝင် အချို့မှာ စစ်အစိုးရနှင့်အပစ်ရပ်သွားခဲ့သဖြင့် လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့(PKLO)၊ ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး (PSLF)၊ “ဝ”အမျိုးသားအဖွဲ့ချုပ်(WNO)၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ(LDU)နှင့် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP) အဖွဲ့ များဖြင့် ဆက်လက် ရပ်တည်လျှက်ရှိသည်။