Home ကဗျာ လိုက်ဝံ့မှာလား

လိုက်ဝံ့မှာလား

2369
(လကင်္ာဒီပ)

ငါ့ပြည်သူ ငါ့လူမျိုး
‌ခြေ‌နေဆိုးရွားလှပါ‌ပေါ့
‌ကောင်းကျိုးချမ်းသာမဲ့စွာ
‌နေရာတကာ ‌အောက်ကျ‌နောက်ကျနဲ့
မိဘမဲ့သား ‌ရေ‌ဝေးငါးပမာ
လူးလွန့်ကာ ‌လောကဓံထဲ။

ငါ့ပြည်‌ထောင် ငါ့နယ်‌မြေ
သယံဇာတ‌တွေ
ပ‌ဒေသရာဇ်‌တွေလက်ထဲ
ဝက်ဝက်ကွဲသိမ်းဆည်းခံရ
တစစ လုံးပါးပါးသွား
ငါ့သားသမီးအ‌ရေး
တစက်က‌လေးမှ သူမငဲ့။

ငါ့စာ‌ပေ ငါ့ယဉ်‌ကျေးမှု
တားဆီးပြု သူချုပ်ချယ်
ကန့်သတ်နယ် အဝန်းဝိုင်းလမ်း
ကျဉ်းချဖမ်းဆီးခံ‌နေရ‌ပေါ့။

ညီ‌နောင်တို့‌ရေ…
ငါ့နယ်‌မြေ‌တွေယူ
ငါ့ပြည်သူ‌တွေကိုစ‌တေး
ငါ့က‌လေး‌တွေကိုစ‌တေး
ငါ့‌သွေး‌ချွေး‌တွေကို‌ခြေ‌ဆေး‌နေ
ငါ့စာ‌ပေကိုဖျက်ဆီး
ငါ့အသီးအပွင့်‌တွေကို ဝါးမြို
ဒီလို ဝိသမ‌လောဘမဟာ
စစ်အာဏာရှင် ရှင်းတဲ့ပွဲ
မင်းလည်းနွဲဖို့လိုမယ်သူငယ်ချင်း။

ပြည်သူအချစ်ကိုရယူ
ပြည်သူ‌တွေ‌တောင်းတတဲ့
‌ကောင်းလှတဲ့‌ရွှေပြည်‌တော်ဆီ
ငါရည်ရွယ်လမ်းစရှာလျက်
အချစ်အတွက်‌တွေးကာ
စစ်မက်‌ရေးရာကို ငါခုံမင်ခဲ့တယ်။

ငါတို့မှာ
အဖိုး‌ထော့မဲပါရဲ့သဏ္ဍာန်
မာန်စွမ်းအား‌တွေ ရှိတယ်။
‌သေကွဲရှင်ကွဲ ‌ပျောက်ဆုံးလည်းပဲ
အသဲမာ “မိုနာလီဇာ” နှလုံးနဲ့
အလှဆုံးပြုံး‌နေနိုင်တဲ့
မာ‌ကျောတဲ့ သံမဏိ‌မေ‌တွေလည်းရှိတယ်။

ညီ‌နောင်တို့‌ရေ…..
ဘယ်‌တော့မှလည်း မ‌ဟောင်းနွမ်း
အမြဲတမ်း သစ်ဆန်းကာထူး
‌စောဘဦးကြီးမူ‌လေးချက်နဲ့
‌ရှေ့ဆက်ခဲ့ ခရီးကြမ်း‌လောကဓံ
‌တော်လှန်သမိုင်း
‌လျော်ကန်မရိုင်းပါဘူး
‌ပျော်စံတံတိုင်းကို ဦးတည်ရင်း
မြင့်မြတ်ခြင်းပြုမဲ့ မင်းအလာကို ငါ‌မျှော်‌နေမယ်။ ။

ဇန်နဝါရီ ၁၄၊ ၂၀၁၁။