စခန်းပြင်ပထွက်လုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့်သာ အလုပ်လုပ်ခွင့်ရှိကြောင်း ထိုင်းအစိုးရ ရှင်းလင်း
ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအနေဖြင့် စခန်းပြင်ပသို့ တရားဝင် အလုပ်ထွက်လုပ်ရာတွင် မိမိတို့အမည်ဖြင့် မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့်သာ လုပ်ကိုင်ခွင့်ရှိ ကြောင်း ထိုင်းပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) က အများပြည်သူ သိရှိစေရန်အတွက် ရှင်းလင်းထုတ်ပြန်ထားသည်။
ဒုက္ခသည်များအား စခန်းပြင်ပ၌ အလုပ်လုပ်ခွင့်ပြုသည့်...
စစ်အုပ်စု ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အသုံးမပြုကြရန် Burma Campaign UK စာရင်းထုတ်ပြန်
ဇွန် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုပိုင် ကုမ္ပဏီများမှထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးမပြုကြရန် သပိတ်မှောက်ရမည့် ထုတ်ကုန်၊ အမှတ်တံဆိပ်စာရင်းနှင့်တကွ Burma Campaign UK က ယမန်နေ့ ဇွန်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်အုပ်စုပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုအောက်တွင်ရှိသော ကုမ္ပဏီများသည် ၎င်းတို့အတွက် အရေးကြီးသည့်...
လေးကေကော်နှင့် လယ့်ခေါ်ဒေသမှ စစ်ရှောင်ကလေးများ ကျောင်းသုံးပစ္စည်း အကူအညီလိုအပ်
ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့် လေးကေကော်နှင့် လယ့်ခေါ် စစ်ဘေးရှောင်စခန်းများမှ ကလေးငယ် ၁၀၀ ကျော်မှာ ယခုနှစ် ကျောင်း ဖွင့်ရာသီတွင် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံကျောင်းသုံးပစ္စည်းများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး...
KNU တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေးနှင့် ဆက်သွယ်မေးမြန်းချက်
“လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေး
KNU တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေးနှင့် ဆက်သွယ်မေးမြန်းချက်
(ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ)
ကော်သူးလေနယ်မြေအတွင်း ပြည်သူလူထု ယုံကြည်ကိုးစားနိုင်သည့် တရားရေးစနစ်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက်...
စစ်တောင်းအရှေ့ဘက်က စစ်ရှောင်အိမ်(၁၀)လုံးထက်မနည်း စစ်အုပ်စုမီးရှို့ဖျက်ဆီးပြီး ပစ္စည်းများခိုးယူ
ဇွန် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ဒေသတွင် လတ်တလောစစ်ကြောင်းထိုးတပ်စွဲထားသည့် စစ်အုပ်စုက စစ်ဘေးရှောင်ကျေးရွာ(၃)ရွာမှ နေအိမ်(၁၀)လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းခိုးယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
ဇွန်လပထမအပတ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များသိမ်းယူခဲ့သည့် ဆွာမကြီးစခန်းကို စစ်အုပ်စုက လက်ရှိတွင်ပြန်လည်တပ်စွဲထားသလို အနီးနားကျေးရွာများသို့ စစ်ကြောင်းလှည့်လည်သွားလာနေခြင်း ဖြစ်သည်။
ထိုစစ်ကြောင်းဝင်ရောက်စဥ်...
အမျိုးသမီးပွဲစားတစ်ဦးကို သတ်ဖြတ်ပြီး ထွက်ပြေးနေသူ မြန်မာလုပ်သားအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ
ဇွန် ၁၀ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုန်ဌာနီခရိုင်တွင် မြန်မာအမျိုးသမီး အလုပ်သမားပွဲစားတစ်ဦးကို သတ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာလုပ်သား နိုင်လင်းဆိုသူကို ဆူဖန်ဘူရီခရိုင်၌ ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သေဆုံးသူမှာ...
လယ်ဒို၊ ရေတွင်းကုန်းရွာက လူအစုလိုက်အပြုံလိုက်သေဆုံးမှု Fortify Rights စုံစမ်းအတည်ပြု၊ ကျူးလွန်သူ စစ်အုပ်စုကို အရေးယူရန် တိုက်တွန်း
ဇွန် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ဒူးသထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လက လေကြောင်းတိုက်ခိုက်မှုနှင့်ပစ်ခတ်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့သည့်အပေါ် Fortify Rights အဖွဲ့က စုံစမ်းအတည်ပြုခဲ့ပြီး ကျူးလွန်သူစစ်အုပ်စုကို အရေးယူရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ ယမန်နေ့ ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။
မတ်လ(၅)ရက်နေ့က ရေတွင်းကုန်းကျေးရွာဘုန်းကြီးကျောင်းသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့်...
ထိုင်းနိုင်ငံရှိ ဒုက္ခသည်များကို တရားဝင်နေထိုင်ခွင့်ကတ်ပြားများ စတင်ထုတ်ပေး
ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း ခိုလှုံနေထိုင်ကြသည့် မြန်မာဒုက္ခသည်များအား လူ့ဂုဏ်သိက္ခာနှင့်အညီ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုမည့် "ထိုင်းနိုင်ငံသားမဟုတ်သူများဆိုင်ရာ မှတ်ပုံတင်ကတ်" (ဘတ်ပန်းရောင်) ကို ဇွန်လ ၈ ရက်နေ့မှစတင်ကာ ထိုင်းအာဏာပိုင်များက အစမ်းထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များအား သက်သေခံကတ်ပြားထုတ်ပေးသည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ...
ဆွာမကြီးတပ်စခန်းသိမ်းအပြီး စစ်တောင်းမြစ်အရှေ့ဘက်တွင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွား၊ ရွာ(၈)ရွာထက်မနည်း စစ်ရှောင်နေရ
ဇွန် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်အုပ်စု တပ်စခန်းနှစ်ခုကို ပြီးခဲ့သည့်ဇွန်လပထမအပတ်က တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် နယ်မြေတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ရွာ(၈)ရွာထက်မနည်း စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အုပ်စု အင်အား(၆၀)ဝန်းကျင်အထိုင်ချထားသော ဆွာမကြီးတပ်စခန်းနှင့် ရွာသစ် ကင်းထောက်စခန်းတို့ကို...
NCA အပစ်ရပ်(၇)ဖွဲ့နှင့် အာဏာသိမ်းသမ္မတတို့ ငြိမ်းချမ်းရေးဆွေးနွေး
ဇွန် (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အတုအယောင်ရွေးကောက်ပွဲမှ တက်လာသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဦးဆောင် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်-NCA တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့တို့ ယနေ့ ဇွန်လ(၉)ရက်နေ့တွင် အလွတ်သဘော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
7 EAO Alliance ၏ ယနေ့ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်...















