Home Authors Posts by KIC News

KIC News

22513 POSTS 0 COMMENTS

KNU တပ်မဟာ ၅ တွင် တစ်ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊...

စက်တင်ဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်နှင့် လူသောမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့တွင် တစ်ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ...

ကော့ကရိတ်မြို့အမြှောက်တပ် နေ့စဉ်လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ အသက်အန္တရာယ်ကြားထဲနေထိုင်ရ

စက်တင်ဘာလ ၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကျေးရွာများသို့ မြို့တွင်းရှိ စစ်ကောင်စီ အမြှောက်ကုန်းမှ နေ့စဉ် လက်နက်ကြီးများ ပစ်‌ခတ်မှုလုပ်ဆောင်နေသောကြောင့် ဒေသခံအရပ်သား ပြည်သူများမှာ အသက်အန္တရာယ်ကြားထဲရှင်သန်နေထိုင်ကြရကြောင်း ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သည် နယ်မြေဒေသကို စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိ‌တော့သဖြင့် လက်နက်ကြီးများဖြင့် တော်လှန်ရေးအင်အားစုများ နေထိုင်နိုင်သည့် မြို့ပြင်ရှိ...

မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရသည့် သတင်းအချက်အလက်ပေါက်ကြားမှုကိစ္စ ရဲတပ်ဖွဲ့ဝင်များ စစ်ကြောခံနေရ

စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြဝတီခရိုင်ရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် ရဲကြေးနန်းပေါက်ကြားမှု၊ တယ်လီဖုန်းအသံဖိုင် ပေါက် ကြားမှု၊ ဓာတ်ပုံအချက်အလက် ပေါက်ကြားမှုများ ဖြစ်ခဲ့သည့်အတွက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်၊ ခရိုင်ရဲ စခန်းများမှ ရဲတပ်ဖွဲ့ဝင်များအား စစ်ကြောခံနေကြရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ် သည့်...

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွား

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ကားလမ်းမဘေးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘီးလင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ အင်အား ၁၀၀...

အတူတကွ ပူးပေါင်းပြီး ကော်သူးလေ(ကရင်နိုင်ငံ)တည်ထောင်ရန် KTLA ခေါင်းဆောင်တိုက်တွန်းပြော

စက်တင်ဘာ ၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်လက်နက်ကိုင်အဖွဲ့အသီးသီး ပြန်လည်ပူးပေါင်းပြီး ကော်သူးလေ(ကရင်နိုင်ငံ)အား တည်ထောင်သွားကြရန် ကော်သူးလေအာမီ-KTLA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြက စက်တင်ဘာ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ နားကော်ဖထိုမြို့နယ်ရှိ ဝဖိုဖစ်ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ၅ ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားတွင်...

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မုန်းမြို့ ဒေသခံ(၁)ဦးသေဆုံး၊ (၆)ဦး ဒဏ်ရာရ

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာ(၃)ခု ယမန်နေ့ စက်တင်ဘာလ(၃)ရက်နေ့က စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုခံရသဖြင့် ဒေသခံတစ်ဦး သေဆုံးပြီး (၆)‌ဦး ထိခိုက်ဒဏ်ရာရ ရရှိခဲ့ကြောင်း သိရသည်။ မုန်းမြို့နယ်၊ ငထွေစုတ်ရွာ၊ မျက်ရဲ(ကရင်)နှင့်(ဗမာ)ရွာတို့တွင်...

မြ၀တီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှုအပြီး လက်ခတ်တောင်ကြောကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၃ကြိမ်ဗုံးကြဲ

စက်တင်ဘာ ၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ မြ၀တီခရိုင်ရဲရုံးကို စက်တင်ဘာလ ၃ရက်နေ့ ညဦးပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအပြီး အုပ်ချုပ်ရေးဖက်၊ တပ်ဖက် အရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ဝင် အတော်များများ ထိခိုက်၊ သေဆုံးမှုရှိခဲ့ပြီးနောက် စက်တင်ဘာ ၄ရက်၊ ယနေ့တွင် စစ်ကောင်စီက လက်ခတ်တောင်ကြောဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ၃ကြိမ်...

လုံနယ်ဝန်ကြီးအပြောင်းအလဲကြောင့်နယ်မြေအတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ကြောင်း KNU သုံးသပ်

စက်တင်ဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းလေးခုရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများအား စစ်ကောင်စီက အစားထိုးခန့်အပ်မှုလုပ်ဆောင်ခဲ့ခြင်းအပေါ် ကရင် အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော်သူးလေဒေသများအတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ကြောင်း အစည်းအရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက သုံးသပ်ပြောဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီဘက်မှ...
Donate