KIC News
လှိုင်းဘွဲ၊ ကျုံပကိုရွာတွင် ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းကို ကရင့်လက်နက်ကိုင်များရှင်းလင်း
စက်တင်ဘာ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုကျေးရွာတွင် ကျေးရွာရန်ပုံငွေအတွက်ဟုဆိုကာ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းကို ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် နယ်မြေခံကရင်လက်နက်ကိုင်များမှ သွားရောက်ရှင်းလင်းလိုက်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဆောက်လုပ်ထားသော လောင်းကစားရုံများကို ဩဂုတ်လ(၃၀)ရက်နေ့က ကရင့် လက်နက်ကိုင်စည်းလုံးညီညွတ်ရေးလုပ်ငန်းကောင်မတီတွင် ပါဝင်သော ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်...
လူငယ်အစုအဖွဲ့များချိတ်ဆက်မှုအားကောင်းရန် KYO ဦးဆောင်၍ တိုင်းရင်းသားမဟာမိတ်များ ပါဝင်သည့် လူငယ်တွေ့ဆုံမှုပြုလုပ်
စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အစုအဖွဲ့အသီးသီးမှ လူငယ်များချိတ်ဆက်လုပ်ဆောင်မှု အားကောင်းစေရန် ရည်ရွယ်ပြီး ကရင်လူငယ် အစည်းအရုံး (KYO)ဗဟိုက ဦးဆောင်ကာ တိုင်းရင်းသားမဟာမိတ်လူငယ်များပါဝင်သည့် လူငယ်တွေ့ ဆုံမှုတစ်ခုကို KNU ထိန်းချုပ်နယ်မြေတစ်နေရာတွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်မှ ယနေ့ ၅...
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ
စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် ယခုလဆန်းပိုင်းအတွင်း စစ်ကောင်စီ၏လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ရက်ဆက် ဆိုသလို ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့က နယ်မြေခံတော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီ၏ သစ်ချ ဆိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့်...
သံတောင်-ပျားစခန်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သားအဖနှစ်ဦးသေဆုံး
စက်တင်ဘာလ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေ၊ သံတောင်ကြီးမြို့နယ် ရှိ ပျားစခန်းတွင် ယနေ့စက်တင်ဘာလ ၅ ရက်နေ့၊ နံနက်အချိန်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် မိသားစုဝင်(၂)ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါသေဆုံးသွားသူ...
ဆန်များပြတ်လပ်လာ၍ အရှေ့တောနယ် ဒေသခံများ ငှက်ပျောသီးကိုသာ အစားထိုးစားသုံးနေရ
စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ကျေးရွာများတွင် ဆန်များပြတ်လပ်လာ သည့်အတွက် ဒေသခံများအနေဖြင့် ငှက်ပျောသီးများကိုသာ စားသောက်နေရကြောင်း ကျေးရွာနေ ဒေသခံ များက ပြောသည်။
အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်ကာ ဆန်သယ်ဆောင်ခွင့်ကို စစ်ကောင်စီ ဘက်က...














