KIC News
တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများအတွက် စာပေအနုပညာ ယဉ်ကျေးမှုပြိုင်ပွဲပြုလုပ်
စက်တင်ဘာလ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုမှ မြန်မာရွှေ့ပြောင်းကျောင်းသားများအတွက် စာပေအနုပညာ ယဉ်ကျေးမှုပြိုင်ပွဲကို ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် မဲဆောက်မြို့ရှိ ဆာသူးလေမြန်မာ ရွှေ့ပြောင်းအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
COTTON:ON Foundationနှင့် MIGRANT EDUCATIONAL COORDINATION...
ထိုင်းဘက်ခြမ်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ခန့် ဝင်ရောက်တပ်စွဲနေ
စက်တင်ဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက် ခြမ်းရှိ လေးတော်ခို့ ကျေးရွာအနီးဝန်းကျင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်အင် အား ၈၀ ခန့် ဝင်ရောက်တပ်စွဲနေထိုင်ပြီး ယနေ့အချိန်ထိ ပြန်လည်ထွက်ခွာခြင်း...
သင်္ဃန်းညီနောင် ရွာအဝင် တံတားလုံခြုံရေးကင်းနေရာ တိုက်ခိုက်ခံရ၍ ပြည်သူ့စစ် ၃ ဦးသေ၊ သံဃာ ၁ ပါးထိခိုက်
စက်တင်ဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ရွာအဝင် တံတားလုံခြုံရေးကင်းချထားသည့် ကျေးရွာပြည် သူ့စစ်များစုဖွဲ့နေသည့်နေရာအား ယနေ့စက်တင်ဘာလ ၈ ရက်နံနက် ၉ နာရီခန့်အချိန်တွင် တော်လှန် ရေးပူးပေါင်းတပ်များက လာရောက်ပစ်ခတ်သည့်အတွက် ပြည်သူ့စစ် ၃ ဦးသေဆုံးပြီး သံဃာ ၁...
နယ်စပ်ဘေးကင်းဇုန်နှင့် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ထိုင်းပါတီနှစ်ခု ဝန်ကြီးချုပ်ထံ တောင်းဆို
စက်တင်ဘာ ၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဘေးကင်းဇုန်နှင့် လူသားချင်းစာနာမှုစင်္ကြံတစ်ခု တည်ဆောက်နိုင်ရန် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနှင့် Fair ပါတီတို့က စက်တင်ဘာလ (၇)ရက်၊ ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်အား တောင်းဆိုလိုက်သည်။
၎င်းထိုင်းနိုင်ငံရေးပါတီနှစ်ခုက နယ်စပ်ရှိ စစ်ဘေးရှောင်ခိုလှုံသူများသို့...
ကျေးရွာအနီးထောင်ထားသော မိုင်းနင်းမိ၍ အရပ်သားတစ်ဦးခြေနှစ်ဖက်ဆုံးရှုံး
စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ တပ်မဟာ(၁) နယ်မြေရှိ ငှက်ပျောတောကျေး နယ်၊ ချမ်းမြေ့ရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်၏ ထောင်ထားသည့် မြေမြှုပ် မိုင်းနင်းမိ၍ အရပ်သားတစ်ဦး ခြေနှစ်ဖက်လုံး ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း...
ဖားအံတောင်ကလေးမြို့ပြစီမံကိန်းကြောင့် မြေသိမ်းခံရသူဒေသခံ ၂ဝဝ နီးပါးရှိပြီး နစ်နာသူအချို့ဖမ်းဆီးချုပ်နှောင်ခံရ
စက်တင်ဘာ ၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံလူထု၏ လယ်၊ ခြံမြေနှင့် ကျေးရွာမြေများသိမ်းဆည်း ခံရသည့်အပြင် နစ်နာသူရွာသားအချို့ပါ စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
မြို့ပြစီမံကိန်းဧရိယာတွင် လယ်ယာမြေနှင့် ခြံမြေများပါသွားသည့် ဒေသခံလူထု ၁၇၇ ဦးရှိပြီး...
မူတြော်တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ
စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ် ဒွယ်လိုးမြို့နယ် နားကို့ခီးကျေးရွာ အုပ်စု၊ ထီးဝေါ်ထကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် (၆)နာရီဝန်းကျင်က စစ်ကောင်စီ၏ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသား (၄)ဦးသေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ...














