Home Authors Posts by KIC News

KIC News

22510 POSTS 0 COMMENTS

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားနိုင်ပြီးဟု KNU တာဝန်ရှိသူပြော

စက်တင်ဘာ ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီအုပ်ချုပ်ခဲ့သောဘုရားသုံးဆူ မြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ ၆ မှ ထိန်းချုပ်ထားနိုင်ပြီးအုပ်ချုပ်ရေးလုပ်ငန်းများလည်း စတင်ဆောင်ရွက်နေပြီးဖြစ်သည်ဟု နယ်မြေခံ KNU တာဝန်ရှိသူများက ပြောသည်။ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စည်ပင်သာယာရေးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၊...

KNU ကရင်အမျိုးသားအစည်းအရုံးဟာ ဘယ်အရွေ့ဆီကိုမှ ရွေ့မသွားသေးပါကြောင်း

KNU ကရင်အမျိုးသားအစည်းအရုံးဟာ ဘယ်အရွေ့ဆီကိုမှ ရွေ့မသွားသေးပါကြောင်း မောင်ကျော်စွာ (၂၀-၉-၂၀၂၃) (၁၄-၉-၂၀၂၃)ရက်စွဲနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင် မော်ဧ လက်မှတ်ရေးထိုးထားတဲ့ “သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး” သို့ လိပ်မူထားတဲ့စာ ဆိုရှယ်မီဒီယာ၌ ထွက် ပေါ်ပြန့်နှံ့လာပါတယ်။ ဒီစာရဲ့ အဓိကအသိပေး ပြောကြားလိုတဲ့အချက်ကို စာရဲ့နောက်ဆုံးအချက် အမှတ်(၅)မှာ တွေ့နိုင်ပါတယ်။ လိုအပ်သလောက်ကို(စာပါအတိုင်း) ကောက်နုတ်ဖော်ပြရသော်...

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်က ညကင်းလှည့်ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဖြစ်

စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့တွင် ညကင်းပတ်နေသော စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ရက်နေ့ ညအချိန်တွင် အလုပ်မှ နေအိမ်ပြန်လာသော ကြက်ခြံလုပ်သားနှစ်ဦးကို အမှတ် ၇ ရပ်ကွက်တွင် ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်းကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။ ကော့ကရိတ်မြို့ထဲတွင် စစ်ကောင်စီတပ်က ညမထွက်ရအမိန့်...

မုန်းဒေသတွင် စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ရေ ၅၀၀ကျော်ရှိခဲ့

စက်တင်ဘာလ(၁၉)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းမှ ယခု စက်တင်ဘာလ(၁၆)ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်မှု အကြိမ်ရေ (၅၀၀) ကျော်လုပ်ဆောင်ခဲ့ကြောင်း မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ၏ ယနေ့ထုတ်ပြန်ထားချက်အရ သိရသည်။ စစ်ကောင်စီက...

စစ်ကောင်စီတပ်က မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြန်လည်ထွက်ခွာစဉ် နင်းမိုင်းများထောင်ထားခဲ့

စက်တင်ဘာလ ၁၉ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာ အတွင်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်စစ်ကောင်စီ စစ်ကြောင်းက ကျေးရွာအတွင်း ပြန်လည်ထွက်ခွာသွားစဉ် နင်းမိုင်းများ ထောင်သွားခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဘက်က...

KNLA စစ်ဆေးရေးဂိတ်တစ်ခုကို KTLA သွားရောက်တိုက်ခိုက်ဟု KNU ဘိတ်-ထားဝယ်ခရိုင် ပြောဆို

စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထိန်းချုပ်နယ်မြေ လယ်ဒိုစိုးမြို့နယ် တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၀)နယ်မြေထဲရှိ ကရင်အခေါ် (ဖွေးဖိုး ကလား) နေရာရှိ KNLA စစ်ဆေးရေးဂိတ်တစ်ခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ရက်နေ့က ကော်သူးလေအာမီ (KTLA)တပ်ဖွဲ့ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်သည်ဟု...

ရိက္ခာလှူဒါန်းမှုမရရှိသည်မှာ နှစ်ဝက်နီးပါးရှိလာ၍ ဖယ်ခုံစစ်ရှောင်များ ဆန်ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရ

စက်တင်ဘာလ(၁၉)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့စွန် ကျေးရွာများရှိ စစ်ဘေးရှောင်များ လမ်းပန်းဆက်သွယ်ရေးခက် ခဲမှုကြောင့် အလှူရှင်မရောက်လာနိုင်သည့်အတွက် ရိက္ခာလှူဒါန်းမှု မရရှိသည်မှာ နှစ်ဝက်နီးပါးရှိလာ၍ ဆန်ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ နယ်ခံလက်နက်ကိုင်အဖွဲ့အစည်းများ၏ အစစ်အဆေးများပြားခြင်းအပြင် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ ထားမှုများကြောင့် အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များအနေဖြင့် အဆိုပါမြို့စွန်ရှိ...

တိုက်ခိုက်သိမ်းပိုက်ခံရသည့် ရေတလျောက်ဂိတ်စခန်းအနီး စစ်ကောင်စီ ပြန်လည်ဝင်ရောက်

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ စက်တင်ဘာလ ၁၄ရက်နေ့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ သော ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ် ပိုင်ကလန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ရေတလျောက် ဂိတ်စခန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာကြောင်း KNLA သတင်း အရင်း အမြစ်...
Donate