KIC News
ကော့ကရိတ်စစ်ဘေးရှောင်များ ခိုလှုံရာ တောင်ပေါ်ကျောင်းတွင် စစ်တပ်နှင့် BGF တို့ တပ်စွဲပြီး အကာအကွယ်ယူထား
အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်စဉ်ကြောင့် တောင်ပေါ်ကျောင်းတိုက်အတွင်း ယာယီစစ်ဘေးရှောင် နေသူ ၂၀၀ ဝန်းကျင်သွားရောက်ခိုလှုံနေသည့်နေရာအား စစ်ကောင်စီတပ်နှင့် BGF တပ်များတပ်စွဲ နေရာယူထားသည့်အတွက် စစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ခွင့်မရဘဲ ဓါးစာခံအဖြစ် အကာကွယ် ယူထားသည့် အခြေအနေဖြစ်နေကြောင်း ဒေသခံစစ်ဘေးရှောင်နေရသူတစ်ဦးက ပြောသည်။
ယနေ့...
ကျောက်တံခါးတွင် စစ်ရှောင်များ၏ လယ်များကိုရိတ်သိမ်းရန် စစ်ကောင်စီက ရိတ်ချွေစက်များလာချထား
အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စုနှင့် တလိုင်းခင်ကျေးရွာရှိ စစ်ရှောင်တောင်သူများပိုင်ဆိုင်သော လယ်များတွင် စစ်ကောင်စီက ရိတ်ချွေစက်များချထားကာ စပါးများ ရိတ်သိမ်းယူဆောင်ရန် စီစဥ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လက နံဇကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...
တိုက်ပွဲကြောင့် မြဝတီ-မော်လမြိုင်-ဖားအံလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထား
အောက်တိုဘာလ ၂၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျုံဒိုးကျေးနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြဝတီ အာရှလမ်းသစ်၊ ကျုံဒိုး၊ ငါးတိုင်၊ ကျားကလေး၊ မော်လမြိုင်၊ ဖားအံလမ်းပိုင်းတစ်လျှောက် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း လမ်းပိတ်မိနေသည့် ဒေသခံများက ပြောသည်။
“အခုကတောင်ပေါ်...
မြန်မာပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသနှစ်ခုလုံးတွင် တိုက်ပွဲများ ပြင်းထန်နေ
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ပြင်းထန်လာသလို မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်ဘက်တွင်လည်း တော်လှန်ရေးအင်အားစုဘက်မှ မြို့ပေါ်တိုက်ပွဲဖော်ဆောင်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး...
ဖားအံတွင် သီတင်းကျွတ်ကာလအတွင်း မီးရှူးမီးပန်းမဖောက်ရန် လိုက်လံဆော်ဩ
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရှိ ရပ်ကွက်များနှင့် လမ်းမပေါ်များတွင် သီတင်းကျွတ်ကာလအတွင်း မီးရှူး၊ မီးပန်းများမဖောက်ကြရန်နှင့် ဈေးဆိုင်များတွင် တင်မရောင်းကြရန် အာဏာသိမ်းစစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက ကားများဖြင့် လိုက်လံဆော်ဩမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။
သီတင်းကျွတ်ကာလ ရာသီပွဲတော် ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက်...
ကော့ကရိတ်မြို့ နေရာအနှံ့အပြားတွင် တိုက်ပွဲဖြစ်ပွားနေ
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးကျေးရွာရှိ နေရာအနှံ့အပြားတွင် ယနေ့ အောက်တိုဘာလ ၂၇ရက် နံနက်၅နာရီဝန်းကျင်မှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ယခု...














