Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

ဒီးမော့ဆို စစ်ရှောင်စခန်းအနီး KTV နှင့် လောင်းကစားဝိုင်းများရှိနေသဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်နေ

အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင် စခန်းများအနီးတွင် KTV နှင့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားမှု ပိုမိုများပြား လာ သဖြင့် အလှူရှင်ထောက်ပံ့မှုမရှိတော့မည့်အရေး စစ်ရှောင်ပြည်သူများ စိုးရိမ်မှုရှိ နေကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်နီပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်...

မြဝတီ နှင့် ဖားအံတွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံ၍ စီးပွားရေးလုပ်သူများလာ

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏ စစ်ဆေးရေးတင်းကြပ်မှုများမှ ကင်းလွတ်ရန် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်း အတွင်း ဝင်ရောက်အမည်ခံ၍ စီးပွားရေးလုပ်ကိုင်ကြသူ များပြားလာကြောင်း မြဝတီနှင့် ဖားအံမြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။ ကရင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ...

ဆန်ဝယ်ယူမှု ကန့်သတ်ခြင်းကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ ကျေးရွာများတွင် ဆန်ဝယ်ယူမှုကို ကန့်သတ်လိုက်သောကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာလှူဒါန်းရန် အခက်အခဲ ဖြစ်လာပြီး ဆန်ရိက္ခာမလုံလောက်မှုဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။ စစ်အုပ်ချုပ်ရေးနယ်မြေကြေညာခံထားရသော တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ...

ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း မကြာခဏ ပြတ်တောက်၍ သံတောင်မြောက်ပိုင်း ဒေသခံများ ဆက်သွယ်ရေးခက်ခဲနေ

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်ခံရ၍ ဆက်သွယ်ရေးအတွက် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အပါအဝင် သံတောင်မြောက်ပိုင်း အထူးဒေသကာကွယ်ရေးတပ်ဖွဲ့-NTDF၊...

သပိတ်မျှောပွဲတော်နှင့် ပွဲလမ်းသဘင်များတွင် ပါဝင်ဆင်နွှဲခြင်း မပြုကြရန် ထားဝယ်-ပကဖထုတ်ပြန်

အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ထား ဝယ်ရိုးရာ သပိတ်မျှောပွဲတော်တွင် စစ်ကောင်စီမှ မိဘပြည်သူများကို အန္တရာယ်ပေးနိုင်သည့် အတွက် ပွဲလမ်းသဘင်များကို ရှောင်ရှားရန်အတွက် အောက်တိုဘာ ၂၆ ရက်နေ့ညက ထားဝယ်မြို့နယ် ပြည်သူ့...

ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲအတွင်း အရပ်သားအပါအဝင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနေ

အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ၃ ရက်တာ တိုက်ပွဲအတွင်း အရပ် သားပြည်သူများအပါအဝင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း နယ်မြေခံစစ်ရေး သတင်းအရင်း...

ကျိုက်ထိုမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ ရပ်ကွက်ရာအိမ်မှူးတစ်ဦး ပြီးခဲ့သည့် အောက်တိုဘာလ(၂၆)ရက်နေ့က အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့အပြန် အမည်မသိလက်နက်ကိုင်အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။ ကျိုက်ထိုမြို့အတွင်းရှိ စစ်တပ်ထောက်ခံပွဲအချို့တွင် ယခင်က ပါဝင်ခဲ့ဖူးသော အသက်(၅၉)နှစ်အရွယ်...
Donate