KIC News
စစ်ကောင်စီတပ်နှင့် ထွေအုပ်တို့ ဖွင့်ထားသော ညလောင်းကစားဝိုင်းကြောင့် လှိုင်းဘွဲ တွင် ခိုးဆိုးလုယက်မှုများလာ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ ကျောက်စိမ်းအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းလုပ် ကိုင် သော အာဝါဒေးလောင်းကစားဝိုင်းများကြောင့် မြို့အတွင်း ခိုးဆိုးလုယက်မှု ပိုမိုများ ပြားလာကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ လောင်းကစားဝိုင်းများကို...
နေရပ်စွန့်ခွာသည့် ဖာပွန်မြို့ခံ နေအိမ်အတွင်းရှိ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်နေ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ဒေသတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုနှင့် စားဝတ်နေရေးခက်ခဲမှုကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံပြည်သူများ၏ နေအိမ်များရှိ ပစ္စည်းများကို စစ်ကောင်စီတပ်က ယူဆောင်မှုများပြုလုပ် နေ ကြောင်း ဖာပွန်မြို့ခံများက ပြောသည်။
ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရေးနှင့်အခြေခံစားသောက်ကုန်ခက်ခဲမှုများနှင့် မိမိတို့၏ စားဝတ်နေရေး...
တောင်ငူမြို့နယ်ရှိ နေအိမ်(၂၅)လုံး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်/တပ်မဟာ (၂)၊ တောင်ငူမြို့ နယ်၊ ကယားပြုံးချောင်းရွာအနီး ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်နေ့က စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့နောက် စစ်တပ်ဘက်က ရွာရှိ နေအိမ် (၂၅)လုံးအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေ...
KTLA နှင့် ဆက်ဆံမှုရှိသည့် ရွာသားများကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ကေအဲန်ယူပြော
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်/ တပ်မဟာ(၄)နယ်မြေ ကစယ်ဒိုမြို့နယ် အတွင်းရှိ ကော်လာဖိုး (အယ်ခွီး) ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA နှင့် သွားရောက်ပူးပေါင်းပြီး ပြန်လာသည့် ရွာသားအချို့ကို နယ်မြေတာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ဘိတ်ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။
KTLA နှင့် သွားရောက်ပူးပေါင်းမှုလုပ်ဆောင်သည့်...
ချောင်းနှစ်ခွတံတားတိုက်ပွဲအတွင်း တပ်မ (၂၂) စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချ၊ တံတားပြန်သိမ်းနိုင်ရေး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေလည်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ တော်လှန်ရေးပူးပေါင်းတပ်များနှင့်တိုက်ပွဲဖြစ်စဉ်အတွင်း ၁၄...














