KIC News
စစ်တပ်မြေမြှုပ်မိုင်းထောင်ထားမှုအခြေအနေနှင့် ပတ်သက်ပြီး KNLA တပ်မဟာ(၃)၏ ဗျူဟာမှူးနှင့် မေးမြန်းချက်
စစ်တပ်မြေမြှုပ်မိုင်းထောင်ထားမှုအခြေအနေနှင့် ပတ်သက်ပြီး KNLA တပ်မဟာ(၃)၏ ဗျူဟာမှူးနှင့် မေးမြန်းချက်
“ယခုချိန်မှာ တိုက်ပွဲပြင်းထန်တဲ့ကာလမို့ လုံခြုံရေးကိုသာ ပထမနေရာမှာ ထားပါ။ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားကြပါလို့တော့ မှာချင်ပါတယ်။ စစ်ကောင်စီ တပ်ဟာ ရွာထဲလက်နက်ကြီး နေ့စဥ်လိုလို ပစ်ခတ်နေတဲ့အတွက် အမြဲဂရုစိုက်ကြပါ။ သတိရှိကြပါ။ အချင်းချင်း ဖေးမကူညီကြပါ” ဗျူဟာမှူး...
မြဝတီရှိ စစ်ကောင်စီဝန်ထမ်းများ အရပ်ထဲအိမ်ငှားပြီး ရုံးလုပ်ငန်းဆက်လုပ်ရန် လုပ်ဆောင်နေ
နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများသည် ယခု ရက်ပိုင်းအတွင်း လူနေရပ်ကွက်ထဲက အိမ်ခန်းများငှားရမ်းပြီး ရုံးလုပ်ငန်းဆက်လုပ်ကြရန် လုပ်ဆောင် နေမှုများရှိနေသည်ဟု စစ်ကောင်စီဌာနဆိုင်ရာနှင့် နီးစပ်သူသတင်းအရင်း အမြစ်များက ပြောသည်။
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ ထွက်ခွာသွားရန်...
ထားဝယ်မြို့နယ်တွင် ရဲစခန်းနှင့် ရပ်ကွက် ထောက်ခံစာ သွားယူပါက ငွေကြေးများပေးဆောင်ရ
နိုဝင်ဘာလ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရဲစခန်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ခံစာ များသွားရောက်ယူဆောင်ပါက မဖြစ်မနေ ငွေကြေးပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။
ထောင်ဝင်စာတွေ့ဆုံနိုင်ရန်အတွက် မြို့နယ်ရဲစခန်း ထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာများ သွားရောက် လုပ်ဆောင်ရာတွင် ရပ်ကွက်နေဒေသခံများအနေဖြင့် (၅,၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ်ထိ မဖြစ်မနေ ပေးဆောင်နေရကြောင်း...
စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရမည့်အချိန်မဟုတ်ကြောင်း NUG ပြော
နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရမည့် အချိန် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုဝင်ဘာလ(၂၅)ရက်၊ ယမန်နေ့တွင် ကြေညာထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၂...














