KIC News
BGF ၏ တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုကြောင့် ရွှေကုက္ကိုလ်ဒေသတွင်း နေထိုင်သူများအခက်ကြုံ
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်ရေးအရ နယ်မြေလုံခြုံရေး တိုးမြှင့်ချထားရန်အတွက် ဒေသပတ်ဝန်းကျင်ကျေးရွာ/ရပ်ကွက်များမှ လူငယ်များအား နယ်ခြား စောင့်တပ်(BGF)က တပ်သားသစ်စုဆောင်းမှုများလုပ်ဆောင်နေမှုကြောင့် ဒေသအတွင်း နေထိုင်သူများ အခက်တွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
ယခင် အာဏာသိမ်းမှုမတိုင်ခင်က BGF ၏...
ကော့ကရိတ်-နဘူးလမ်း စစ်တပ်က ပိတ်ထားသဖြင့် ဒေသခံများသွားလာရခက်ခဲနေ
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကော့ကရိတ်-နဘူးသွားသည့်လမ်းကို ပြီးခဲ့သည့်အပတ်မှစတင်ကာ စစ်ကောင်စီတပ်က အသွားအလာပိတ်ထားသဖြင့် ဒေသခံများသွားလာရခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ကော့ကရိတ်-နဘူးလမ်းကို ပုံမှန်သွားနေသည့် ထီးဖိုးစံရွာသားတစ်ဦးက " တံတားကျိုးဂိတ်အရှေ့က နဘူးသွားတဲ့လမ်း ကုက္ကိုလ်ပင်ကြီးအောက်မှာ ပိတ်ထားလိုက်တယ်။ သွားလာလို့ လုံးဝမရတော့ဘူး။...
နဘူး-ထီလုံကားလမ်း တိုးချဲ့မှုကြောင့် လမ်းမကြီးဘေးရှိ ဆိုင်ခန်းပေါင်း ၃၀ ကျော်ဖယ်ရှားခံရ
နိုဝင်ဘာ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ၊ နဘူး-ထီလုံ လမ်းမကြီးတိုးချဲ့ ဆောင်ရွက်မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်ကစပြီး ၂၇ ရက်နေ့အထိ ၎င်းလမ်းမနံဘေးရှိ ဆိုင်ခန်း၊ စျေးဆိုင်ပေါင်း ၃၀ ကျော်ဖယ်ရှားခံခဲ့ရကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ...
ကျိုက်မရောတွင် ၁၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် စစ်ကူတက်လာသည့် စစ်ကောင်စီတပ်များကို နိုဝင်ဘာလ ၁၂ ရက်မှ ၂၈ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ၂၂ ဦးသေဆုံးပြီး ၆...














