KIC News
ကော့ကရိတ်မြို့မကျစေရေး စစ်တပ်က ကားလမ်းပိုင်းများပိတ်ထားပြီး တယ်လီဖုန်းလိုင်းများလည်း ဖြတ်တောက်ထား
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲပြင်းထန်သည့် ကော့ကရိတ်မြို့ အနီးဝန်းကျင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များလက်သို့ မကျရှုံးစေရေးအတွက် စစ်ကောင်စီတပ်က စစ်ကူအင်အား၊ လက်နက်ခဲ ယမ်းအင်အားဖြည့်တင်းနေပြီး လမ်းပိုင်းများဖြတ်သန်းသွာလာခွင့် ပိတ်ထားသည့်အပြင် တယ်လီဖုန်း လိုင်းများလည်း ဖြတ်တောက်ထားသည်မှာ ၄ ရက်ရှိပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ...
စစ်ကောင်စီ၏ ထုံခါရဲဘက်အကျဉ်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းညီနောင်တပ်ပေါင်းစု ထုတ်ပြန်
ဒီဇင်ဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေကြီး၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးရှိ စစ်ကောင်စီတပ်သားများ မကြာခဏ ကင်းပုန်းဝပ်လေ့ရှိသည့် ဆင်ဖြူရှင်(၄)ရဲဘက် အကျဉ်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းညီ နောင်တပ်ပေါင်းစု (SBA)စစ်ကြောင်းက ဒီဇင်ဘာလ(၄)ရက်၊ ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။
၎င်းအကျဉ်းစခန်းရှိ အကျဉ်းသားများ၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းမိသားစုများသည် ပြီးခဲ့ သည့်လ နောက်ဆုံးအပတ်ကတည်းက...
ဖားအံခရိုင်အတွင်း စစ်ဘေးရှောင်လာသော ကော့ကရိတ်ပြည်သူများ နေထိုင်ရေးအခက်အခဲဖြစ်နေ
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ၎င်း၏လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖားအံခရိုင်အတွင်းသို့ ထောင်နှင့်ချီ ဝင်ရောက်ခိုလှုံလာကြသည့် စစ်ဘေးရှောင်များမှာ နေထိုင်ရေးအခက်အခဲရှိနေသည်ဟု သိရသည်။
ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍...
စစ်တပ်၏ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံများ၏ ရိတ်သိမ်းပြီးစပါးများ သိုလှောင်ရန်ခက်ခဲ
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပုလောမြို့နယ် ကျေးရွာများတွင် စစ်ကောင်စီမှ မကြာခဏစစ်ကြောင်း ထိုးဝင်ရောက်မှုများကြောင့် ဒေသခံများအနေဖြင့် ရိတ်သိမ်းပြီးသားစပါးများကို သိုလှောင်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
ပုလောမြို့နယ်ရှိ ကျေးရွာများတွင် ယခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာရှိ...














