Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

ကော့ကရိတ်ဒေသတွင်း ကျေးရွာများသို့ နေ့ညမပြတ် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ် ဆက်လက်လုပ်ဆောင်နေ

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်များမှ ကော့ကရိတ်မြို့ထဲအပါအဝင် ကျုံဒိုး၊ တောင်ကြာအင်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဗုံးကြဲတိုက်ခိုက်ခြင်းများ နေ/ည မပြတ် တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။ ကော့ကရိတ်၊ တောင်ကြာအင်းနှင့် ကျုံဒိုးဒေသအခြေစိုက် စစ်ကောင်စီတပ်များသည် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA...

ဘီးလင်းမြို့နယ် ကျေးလက်ဒေသများတွင် နွားများ တောခွေး၏ ကိုက်သတ်ခံရမှု အဖြစ်များလာ

ဇန်နဝါရီလ ၁၀ ရက်။ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ (တပ်မဟာ-၁ နယ်မြေ) ဘီးလင်းမြို့နယ်ရှိ ကျေး ရွာအချို့ တောစပ်နေရာများတွင် ယခုတလော မွေးမြူထားသည့် နွားများကိုက်သတ်ခံရမှု အဖြစ်များလာသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ တောခွေးများသည် တစ်နှစ်ထက်တစ်နှစ်အကောင်ရေများပြားလာသလို မွေးမြူထားသည့် အိမ်မွေးနွားများလည်း...

မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာအချို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်အား အကျဥ်းရုံးသာ ကျင်းပနိုင်

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ကျုံပျော်မြို့နယ်ရှိ အချို့သောကျေးရွာများတွင် ယခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲများအား နယ်မြေဒေသ အခြေအနေ ကြောင့် အကျဥ်းရုံးသာ ပြုလုပ်ကျင်းပနိုင်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ၂၀၁၉ ခုနှစ် ကိုဗစ်ကာလနှင့်တစ်ဆက်တည်း စစ်အာဏာသိမ်းယူလိုက်သဖြင့်...

ယာဉ်တိမ်းမှောက်မှု မကြာခဏဖြစ်ပွားသည့် ထို့ကော်ကိုးလမ်း-နဘူးတောင်ပတ်လမ်း ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်နေ

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းကို သွားလာမှု ပြတ်တောက်သည့်အတွက် ယာဉ်တိမ်းမှောက်မှုမကြာခဏဖြစ်ပွားသည့် ကော်ကိုး -နဘူးလမ်းပိုင်း တောင်ပတ်လမ်းဘက်ကို သွားလာအသုံးပြုရာတွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။ အဆိုပါ ထို့ကော်ကိုး- နဘူးလမ်းပိုင်း တောင်ပတ်လမ်းသည် လမ်းကျဉ်းကာ ကြမ်းတမ်း‌ပြီး မော်တော်...

ကော့ကရိတ်မြို့အတွင်း အရပ်သားနေအိမ်အ‌ဆောက်အဦး နေ့စဉ်လိုလို ထိခိုက်ပျက်စီးနေ

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ဇန်နဝါရီလ ၁၀ ရက်အထိ ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော်(KNLA) မဟာမိတ် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အဦးလည်း နေ့စဉ်လိုလို ထိခိုက်ပျက်စီးလျက်ရှိကြောင်း မြို့ခံများက...

တောင်ထန်း အရောင်းအဝယ်မရှိတော့သဖြင့် ခြံပိုင်ရှင်များ အခက်ကြုံ

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် တောင်ထန်းကုန်သည်များက ၎င်းတို့ စုပုံရောင်းချသော တောင်ထန်းများ မီးရှို့ခံရမည့်အရေး စိုးရိမ်မှုကြောင့် ခြံပိုင်ရှင်များထံမှ တောင်ထန်းများ ဝယ်ယူရောင်းချခြင်းမရှိတော့သဖြင့် ခြံပိုင်ရှင်များ အခက်ကြုံနေရကြောင်း သိရသည်။ ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးတွင်တည်ရှိသော အလူးလေးကျေးရွာတွင် စစ်ကောင်စီ၏...

စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား နတ်သံကွင်းမြို့အတွင်း ဝင်ရောက်နေရာယူ

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီလ(၇)ရက်နေ့က အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့အတွင်းဝင်ရောက် စစ်ကူပေးလာကြောင်း မြေပြင်သတင်း အရင်း အမြစ်များမှ သိရသည်။ ဒီဇင်ဘာလ (၂၆)ရက်နေ့က နတ်သံကွင်းမြို့အတွင်းအပြင်ရှိ စစ်ကောင်စီ၏...

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်

ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အတွက် မြန်မာပြည်ထုတ်ကုန်၊ စားသောက်စရာများ ဈေးနှုန်းအဆမတန်မြင့် တက်လာကြောင်း မြဝတီ ဒေသခံများက ပြောသည်။ “စစ်တပ်...
Donate