KIC News
လောင်းလုံးတွင် အမျိုးသမီးများဦးဆောင်ပြီး “ငါတို့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်ဖြင့် သပိတ်လှုပ်ရှားမှု ပြုလုပ်
ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ အမျိုးသမီးကော်မတီဝင်များ ဦးဆောင်ပါဝင်သော “ငါတို့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်ဖြင့် လူထုသပိတ်လှုပ်ရှားမှုတစ်ခုအား ယမန်နေ့ ဇန်နဝါရီလ(၁၄)ရက်နေ့က ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ ယခုဇန်နဝါရီလ(၁၃)ရက်နေ့အထိ...














