KIC News
အာဏာသိမ်းကာလသုံးနှစ်အတွင်း ရှမ်းတောင်နှင့် ကရင်နီတွင် အရပ်သား (၄၅၇)ဦး သတ်ဖြတ်ခံရကြောင်း PKPF ထုတ်ပြန်
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်း အရပ်သားပြည်သူ စုစုပေါင်း (၄၅၇)ဦး သေဆုံးခဲ့ရကြောင်း တိုးတက် သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဖေဖော်ဝါရီလ (၁)ရက် ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ...
လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်အင်အားရာချီ တပ်ဖြန့်စစ်ဆေးမှုများ လုပ်ဆောင်နေ
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအား ဇန်န ဝါရီလ(၃၀)ရက်နေ့တွင် တိုက်ခိုက်ခံရပြီးနောက် အင်အားတစ်ရာခန့်ရှိသော စစ်ကောင်စီတပ်များက မြို့တွင်းမြို့ပြင် တပ်ဖြန့်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
မြို့ပေါ်မှ အဓိကကျသည့် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့...
စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လိပ်သိုဒေသခံ (၅)ဦး သေဆုံး
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂) တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ မိုင်းလွန်ကျေးရွာအနီး ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားရာတွင် စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးသုံး တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၄)ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ...
မြဝတီမြို့ သင်္ဃန်းညီနောင်နှင့် ရွာသစ်ကုန်းကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေ
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်းတွင် ဖေဖော်ဝါရီလ၂ ရက် ယနေ့ နေ့လည် ၁ နာရီခန့်အချိန်မှ စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာ မိတ် PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုစတင်ဖြစ်ပွားနေကြောင်း...
သံဖြူဇရပ်၊ အနင်းနှင့် ထင်းရှူးရွာရှိ စစ်ကောင်စီရဲစခန်း တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်၊ ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီ ရဲစခန်းကို ဇန်နဝါရီလ ၃၁ ရက် ယမန်နေ့ နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချိန် ၅...
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်း၊ ဝင်းတာပန်ရွာရှိ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးခဲ့
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်၊ နံနက်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံနေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင်က ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်...
မောင်းမကန် ရဲစခန်းကို ဗုံးသီးအလုံး ၄၀ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း LLPDF ထုတ်ပြန်
ဖေဖော်ဝါရီလ ၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဗုံးသီးအလုံး (၄၀)ကျော်ဖြင့်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး(LLPDF)က ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မောင်းမကန်ရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး...














