Home Authors Posts by KIC News

KIC News

14882 POSTS 0 COMMENTS

KNP ကို စစ်အစိုးရ အဖွဲ့တွင် တာဝန်‌ပေးရန် ကမ်းလှမ်းလာ‌သော်လည်း ငြင်းဆန်ထား

‌ဖေ‌ဖော်ဝါရီ ၅၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်အမျိုးသားပါတီကို စစ်အစိုးရအဖွဲ့တွင်ပါဝင်ရန် ကြားလူမှတဆင့် ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ့တွင် ကမ်းလှမ်းလာ‌သော်လည်း ငြင်းဆန်ထား‌ကြောင်း KNP တာဝန်ရှိသူ တဦးက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။ "မ‌နေ့က ‌ပြောလာတယ် အစိုးရအဖွဲ့ထဲ(နိုင်ငံ‌တော်စီမံခန့်ခွဲ‌ရေး ‌ကောင်စီ)မှာ ပါဖို့ကမ်းလှမ်းတာပါ။ ကျ‌နော့်အထင် တိုင်းအဆင့်ထင်ပါတယ်။ ...

အာဏာသိမ်းအစုအဖွဲ့တွင် ကရင်‌ခေါင်း‌ဆောင်အချို့ပါဝင်မှုအ‌ပေါ် အမျိုးသားသစ္စာ‌ဖောက်များအဖြစ် ကရင်လူ ငယ်များသတ်မှတ်ရှုတ်ချ

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူူး စစ်အာဏာသိမ်းပြီး‌နောက် အာဏာသိမ်း‌ခေါင်း‌ဆောင်များမှ ဖွဲ့စည်းလိုက်သည့် နိုင်ငံ‌တော် စီမံအုပ်ချုပ်‌ရေး ‌ကောင်စီအဖွဲ့ဝင်များတွင် ကရင်ပြည်သူ့ပါတီ(KPP) ‌ခေါင်း‌ဆောင်များပါဝင်လာသည့်အ‌ပေါ် ၎င်းပါတီကို ဝန်းရံခဲ့ သည့် ကရင်လူငယ်များက အပြန်းအထန်ကန့်ကွက်ရှုတ်ချ‌ကြောင်း ယ‌နေ့သ‌ဘောထားထုတ်ပြန်လိုက်သည်။ ကရင်ပြည်သူ့ပါတီ၏ နိုင်ငံ‌ရေးရည်မှန်းချက်များသည် ကရင်လူမျိုးများ၏ ‌မျှော်မှန်းချက်များကို အ‌ကောင်အ ထည်‌ဖော်နိုင်ရန်...

တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံကိုပါဖျက်သွားရန် ကရင်လူမှုအသိုင်းအဝိုင်းမှ တိုက်တွန်း

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး စစ်တပ်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက် ရှုတ်ချသည့်အပြင် တပ်မ‌တော်မှ ၎င်းတို့ကိုယ်တိုင်‌ရေးဆွဲ အတည်ပြုခဲ့‌သော ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ဖျက်သိမ်းမှုကိုပါ ဝိုင်းဝန်းကန့်ကွက်သွားကြရန် ပြည်တွင်း ပြည်ပ၊ နယ်စပ်နှင့် နိုင်ငံတကာ‌ရောက် ကရင်လူမှုအသိုင်းအဝိုင်းအသီးသီးမှ သ‌ဘောထားထုတ်ပြန် တိုက်တွန်းကြသည်။ လက်ရှိ အာဏာသိမ်းမှုကို...

‌ပေါ်တာဆွဲသည့်သတင်း ‌ကောလာဟလသာဖြစ်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

‌ဖေ‌ဖော်ဝါရီလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ ‌ညောင်‌လေးပင်ခရိုင်နှင့် ဘိတ်ထားဝယ်ခရိုင်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့တပ်မ‌တော်မှ ‌ပေါ် တာလိုက်ဆွဲသည်ဟု ထွက်‌ပေါ်လာသည့် သတင်းမှာ ‌ကောလာဟလသတင်းသာဖြစ်သည်ဟု ‌ကေအဲန်ယူက ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၃ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့က မြန်မာ့တပ်မ‌တော်မှ အာဏာသိမ်းမှုဖြစ်ပွားပြီး...

ကရင်ပြည်နယ် စီမံအုပ်ချုပ်‌ရေး‌ကောင်စီဥက္ကဋ္ဌအဖြစ် ဆည်‌မြောင်းဝန်ကြီး ဦး‌စောမြင့်ဦးအား ခန့်အပ်

‌ဖေ‌ဖေါ်ဝါရီ ၄ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်အား လက်ရှိရာထူးမှ ဖယ်ရှားပြီး အသစ်ဖွဲ့စည်းလိုက်သည့် စီမံအုပ်ချုပ်‌ရေး ‌ကောင်စီအဖွဲ့တွင် NLD အစိုးရလက်ထက် စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီး ဦး‌စောမြင့်ဦးအား ပြည်နယ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်‌ကြောင်း ‌ဖေ‌ဖေါ်ဝါရီ ၂ ရက်‌နေ့...

ပဒိုမန်းငြိမ်း‌မောင်၏ လုပ်‌ဆောင်မှု အားလုံး မိမိတို့နှင့် မပတ်သက်‌ကြောင်း ‌ကေအဲန်ယူ ထုတ်ပြန်

‌ဖေ‌ဖော်ဝါရီ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ပဒိုမန်းငြိမ်း‌မောင်သည် အဖွဲ့အစည်းမှ နုတ်ထွက်သွားပြီဖြစ်ပြီ သူ၏ လုပ်‌ဆောင်မှုများအားလုံးသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မည်သို့မျှပတ်သက်ခြင်းမရှိ‌ကြောင်း ယ‌နေ့ ‌ကေအဲန်ယူက သတင်းထုတ်ပြန်‌ကြေညာလိုက်သည်။ ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၂) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ အမိန့် အမှတ်...

ကေအိုင်စီရဲ့ သတင်းမီဒီယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ တိုးတက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိသတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေက အရေးပါပါတယ်။ Subscribe button ကိုနှိပ်ပြီး Membership Program မှာ ပါဝင်အားဖြည့်လို့ရပါတယ်။​

ကေအိုင်စီရဲ့ သတင်းမီဒီယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ တိုးတက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိသတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေက အရေးပါပါတယ်။ Subscribe button ကိုနှိပ်ပြီး Membership Program မှာ ပါဝင်အားဖြည့်လို့ရပါတယ်။​