KIC News
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြို့ပြနေလူငယ်အများအပြား ကျေးလက်ဒေသဘက် တိမ်းရှောင်လာ
ဖေဖော်ဝါရီလ ၂၈ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ကရင်ပြည်နယ်ရှိ မြို့ပြတွင် နေထိုင်သည့် လူငယ်အများအပြားသည် ကျေးလက်ဒေသများသို့ တိမ်းရှောင်လာနေကြကြောင်း ဒေသခံပြည်သူများက ပြောသည်။
ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့များတွင် နေထိုင်သည့်လူငယ်လူရွယ်များသည် စစ်ကောင်စီ အသက်သွင်း လိုက်သော စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်မှုမြင့်တက်နေသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် မရှိသည့် ကျေးရွာများနှင့် ကေအဲန်ယူ-ကရင်အမျိူးသားအစည်းအရုံး...
ထန်းတပင်၊ ဇရပ်ကြီးဒေသတွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း စစ်ရေး စိုးရိမ်ချက်နှင့် သူခိုးရန်ရှိနေဆဲ
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် လက်ရှိတွင် တိုက်ပွဲအခြေအနေ ငြိမ်သက် သွားသော်လည်း စစ်ထပ်မံဖြစ်မည့်အရေး စိုးရိမ်ချက်နှင့် သူခိုးရန်ကြောင့် လုံခြုံမှုမရှိကြောင်း နေရပ်ပြန်နေထိုင်သူ နယ်ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇)ရက်နေ့က တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတို့ နှစ်ဖက်ဖြစ်ပွား သည့်တိုက်ပွဲ...
ရန်ကုန်−မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက္ကော်-မိုးကောင်းတံတား မိုင်းခွဲတိုက်ခိုက်ခံရ
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ် ရန်ကုန်−မော်လမြိုင် အဝေးပြေးလမ်းမကြီပေါ်ရှိ ကျိုက္ကော်-မိုးကောင်းတံတားသည် ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မိုင်းခွဲဖြိုချခံလိုက်ရကြောင်း နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
အဆိုပါ တံတားသည် ဖားအံ−မော်လမြိုင်−မြဝတီ−ရန်ကုန် စသည့်မြို့များသို့သွားရာတွင် အသုံးပြုနေ သည့် လမ်းတစ်လမ်းဖြစ်ပြီး တံတားဖောက်ခွဲမှုကို...
ထိုင်းကို သွားမည့်သူအများအပြား ဘုရားသုံးဆူမြို့တွင် သောင်တင်နေ
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအစိုးရ အာဏာပိုင်ဘက်မှ နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်သောကြောင့် တရားမဝင်လမ်း ကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူအများအပြားသည် လက်ရှိ နယ်စပ်ဘုရားသုံးဆူမြို့တွင် သောင်တင်နေလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် အနယ်နယ် အရပ်ရပ်မှ လူငယ်လူရွယ်အများအပြားသည်...
ဖားအံမြို့တွင်း ရပ်ကွက်ကျော်နေထိုင်သူများ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ရ
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် ရပ်ကွက်ကျော် နေထိုင်သည့် မြို့ခံများ တစ်လတစ်ခါ ဧည့်စာရင်း ပုံမှန် တိုင်ကြားနေကြရသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။
ဖားအံမြို့ထဲတွင် ပြီးခဲ့သည့် လအနည်းငယ်ကတည်းကစတင်၍ အခြားဒေသမှ လာရောက်နေ သူများမကဘဲ မြို့မှတ်ပုံတင်ရှိသူများကိုပါ ရပ်ကွက်ကျော်...













